Vivo မှနောက်ဆုံးထုတ်လုပ်လိုက်တဲ့ Vivo X5 Pro တွင်ပါဝင်သည့်အချက်အလက်နှင့် သူ့၏အကြောင်း

Vivo ကုမ္မဏီမှ နောက်ဆုံးထုတ်လုပ်ထားတဲ့ Vivo X5 Pro စမတ်ဖုန်းဟာ မျက်နှာပြင်အကျယ် 5.20 လက်မရှိလို့ Game ကစားလိုသူတွေတွက်လည်းအဆင်ပြေစေမယ့် စမတ်ဖုန်းတစ်လုံးလည်းဖြစ်ပါတယ်။
Vivo X5 ကို နေရောင်ခြည်အောက်တွင်အသုံးပြုတာတောင် မျက်နှာပြင်အရောင်မှိန်မသွားပဲ ကြည်လင်မူအပြည့်နဲအသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။  ကင်မရာအရည်အသွေးပိုင်းမှာလည်း အခြားသော စမတ်ဖုန်းများနှင့်မတူဘဲ ကြည်လင်ပြတ်သားသော ရုပ်ပုံများကို ရုပ်ထွက်ကောင်းမွန်စွာရိုတ်ကူးနိုင်ပြီး မြင်ကွင်းကျယ်ရိုတ်ကူးနိုင်သည့် နည်းပညာလည်းပါဝင်မှာဖြစ်ပါတယ်။
 မျက်နှာပြင်ရဲ့ချောမွေ့မှုနူးညံ့မှုတွေကိုခံစားနိုင်ပြီး ဖုန်း၏ ကိုယ်ထည်ပေါ်ကို ရေမတင်စေနိုင်တဲ့နည်းပညာကိုလည်းအသုံးထားပါတယ်။  Vivo X5 Pro ၏အစွန်းဘက်ထောင့်တွေ ကွေးညွှတ်နေခြင်းက ဖုန်ကိုပိုမိုလှပစေကျော့ရှင်းစေပါတယ်။
Vivo X5 Pro တွင် Bluetooth နှင့် Wifi အသုံးပြုရတာမြန်ဆန်ပြီး ကင်မရာ တွက် 8megapixel ထိရိုတ်ကူးနိုင်ပါယ်။ အရောင်အနေနဲ အဖြူ , အမဲ နှစ်မျိုးထုတ်လုပ်ထားတာဖြစ်ပါတယ်။
RAM အနေနဲကတော့ 2GB နှင့်  Internal Storage က 16 GBပါဝင်မှာဖြစ်ပြီး လိုမအပ်ပါက 128GB ထိထပ်မံတိုးချဲနိုင်မှာလည်းဖြစ်ပါတယ်။GPS စနစ်ပါဝင်ပြီး ဖုန်း၏ဘတ်ထရီးမှာလည်း 2300mAh ပါဝင်မှာဖြစ်ပါတယ်။  GSM/ CDMA နှစ်ခုလုံးအသုံးပြုနိုင်ပြီး SIM Card နှစ်ကဒ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ဖုန်း၏ Resolution ကတော့1080x1920 pixels ဖြစ်ပြီး 3G 4G အသုံးပြုနိုင်ကာ သူ့ ရဲ့ Operating System ကတော့ Android Version 5.0 အသုံးပြုထားလို့ အလွန်မြန်ဆန်သည့် စမတ်ဖုန်းအမျိုးစားလည်းဖြစ်ပါတယ်။ Vivo X5 Pro ၏ဈေးနှုန်ကတော့ ထိုင်းဘတ်ငွေ တစ်သောင်းသုံးထောင် (၁၃၀၀၀) ၀န်းကျင် ဖြစ်ပြီး ပြည်တွင်မိုဘိုင်းဖုန်းဆိုင်များနှင့် ပြည်ပမိုဘိုင်းဖုန်းဆိုင်များတွင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

      အာကာ
Software Guide
www.swln.info