Developer Options ဆိုတာဘာလဲ?

Developer Options ဆိုတာဘာလဲ?

Android Device ကိုင်ဆောင်ထားတဲ့သူတွေတွက် Developer Options ဆိုတာအရေးပါသလို Software Developer တွေတွက်လည်းအလွန်ပင်  အရေးကြီးပါတယ်။Developer Options ဟာ Android ရဲ့ Setting> About Device ရဲ့ အပေါ်မှာရှိပါတယ်။ အခြားသော Android Device တွေမှာ Developer Options ကိုဖြောက်ထားတာကိုတွေ့ ရမှာဖြစ်ပြီး  About Device ထဲက Build number ကို လက်နဲ ၅ ချက်ခန့် ဆက်တိုက်ခေါက်ပေးလိုက် ရင်တော့  Developer Options ကိုတွေ့ နိုင်မှာလည်းဖြစ်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ Software Developer တွေဟာ သူတို့ ရဲ့ Software တွေကို ဖန်တီးပီသွားရင် Android Device တွေမှာ စမ်းသုံးဖို့ အတွက် Run ကြည့်ကြပါတယ်။ အဲ့ဒီလို Android device တွေမှာ Run ဖို့ တွက် Developer Options ထဲက USB debugging ကို အမှန်ခြစ်လေးဖြစ်အောင်လုပ်ထားမှသာ Run နိုင်မှာလည်းဖြစ်ပါတယ်။
Android ကိုင်ဆောင်သူတွေတွက်ကလည်း အဲ့ဒီ USB debugging ကိုအမြဲအမှန်ခြစ်ဖြစ်နေအောင်ထားပေးပါ။ ဘာကြောင့်လည်းဆိုတော့ ဒီလို USB ကိုဖွင့်ထားမှသာ မိမိဖုန်းဟာ Pin Lock Pattern Lock ခတ်ပြီး Password မေ့နေခဲ့လျှင် ဖုန်းထဲမှာရှိနေတဲ့ Data တွေကို ကွန်ပျူတာကနေ ဖုန်းကို USB ကြိုးနဲချိတ်ပြီး ပြန်ယူနိုင်မှာဖြစ်ပါတယ်။ USB debugging ကိုသာမဖွင့်ထားဘူးဆိုရင်တော့ Pin Lock Pattern Lock ခတ်ပြီး Password မေ့နေခဲ့လျှင်ဖုန်းအတွင်ရှိတဲ့ Data တွေကိုပြန်မရနိုင်တော့ပါဘူး။
Android ဖုန်းရဲ့ Setting > About Device ရဲ့ Developer Options ထဲက  USB debugging ကိုအမြဲတမ်း ဖွင့်ထားခြင်းဟာ မိမိ Android Device တွက်ကောင်းတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။

အာကာ
Software Guide
www.swln.info