Huawei မှထုတ်လုပ်လိုက်တဲ့ Huawei P8 အကြောင်းနှင့် ပါဝင်တဲ့အချက်အလက်များ


Huawei ကုမ္မဏီမှ ထုတ်လုပ်ထားသော Huawei P8 ကို 2015 မေလတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ တွင်စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာလည်း Huawei စမတ်ဖုန်းများကို အသုံးပြုသူများပြားလျှက်ရှိတာကိုလည်းတွေ့ ရပါတယ်။
Huawei P8 ဟာပါးလွှာသည့် ဒီဇိုင်းဖြင့်ပြုလုပ်ထားဖြစ်ပြီး ဖုန်း၏အနားဘေးဘောင်ပတ်လည်း ကိုလည်းသေသပ်မူရှိအောင်ပြုလုပ်ထားတာလည်းဖြစ်ပါတယ်။ ကင်မရာရိုတ်ကူးရာတွင် ကြည်လင်ပြတ်သားသည့်ပုံရိပ်တွေ ကိုရိုတ်ကူးနိုင်ပြီး မြင့်ကွယ်ကျယ်ရိုတ်ကူးနိုင်သည့် နည်းပညာလည်းထည့်သွင်းထားတာကိုတွေ့ ရမှာဖြစ်ပါတယ်။
မျက်နှာပြင်အကျယ် 5.20" လက်မရှိပြီး Display 5.20-inch နှင့် Prosessor ကတော့ 2GHz ဖြစ်ကာ Resolution အနေနဲ 1080x1920 pixels ဖြစ်ပါတယ်။ Front ကင်မရာ 8-Megapixel ဖြစ်ပြီး Rear ကင်မရာတွက် 16-Megapixel ထိရိုတ်ကူးနိုင်မှာဖြစ်ပါတယ်။
RAM 2GB ဖြစ်ကာ Internal Storage 16GB ပါဝင်မှာဖြစ်ပြီး လိုအပ်ပါက 128 GB ထိတိုးချဲနိုင်မှာဖြစ်ပါတတယ်။
GPS စနစ်ပါဝင်ပြီး Bluetooth v4.10 နှင့် Wifi အသုံးပြုရမြန်ဆန်ကာ 3G , 4G အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အဖြူ , အမဲ အရောင်နှစ်မျိုးထုတ်လုပ်ထားကာ GSM ,CDMA နှစ်မျိုးလုံးအသုံးပြုနိုင်ပြီး SIM Card နှစ်ကဒ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းအတွက် Battery 2680mAh ပါဝင်မှာဖြစ်လို့ ဂိမ်းကစားလိုသူတွေနဲ ဖုန်းကိုအချိန်ကြာကြာအသုံးပြုလိုသူတွေတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။
Huawei P8 ၏ Operation System ကတော့ Android OS 5.0 ဖြစ်လို့ အလွန်မြန်ဆန်တဲ့ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
Huawei P8 အားပြည်တွင်း မိုဘိုင်းဖုန်းအရောင်းဆိုင်များနှင့် ပြည်ပမိုဘိုင်းဖုန်းအရောင်းဆိုင်များမှာဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။
ဈေးနှုန်အားဖြင့် 16GB တွက် အမေရိကန်ဒေါ်လာ (၅၀၀) ၀န်းကျင်ပေးဝယ်ရမှာဖြစ်ပါတယ်။
အာကာ
Software Guide