Oppo မှထပ်မံထုတ်လုပ်လိုက်တဲ့ စိန်ပုံသဏ္ဍာန်နဲ့ ‪ Oppo Mirror 5 ၏အချက်အလက်များ


Oppo ကုမ္မဏီ မှအသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ ဆန်းသစ်သည့် ဒီဇိုင်းဖြင့် စိန်ပုံသဏ္ဍာန်နဲ့ Oppo Mirror 5 ၏ပါတဲ့အချက်အလက်များကိုဖော်ပြပေးလိုက်ပါတယ်။
Oppo Mirror 5 ဟာအလွန်ပါးလွှာပြီး စမတ်ကျသည့် ဖုန်းအမျိုးစားလည်းဖြစ်ပါတယ်။
Mirror 5 တွင် ဖုန်း၏မျက်နှာပြင် အကျယ် 5.00 လက်မရှိပြီး ကင်မရာအနေနဲ 8 Megapixel ထိ ရိုတ်ကူးနိုင်ပြီး  ကြည့်လင်ပြတ်သားသည့်ပုံရိပ်များကို ရိုတ်ကူးနိုင်ကာ မြင်ကွင်းကျယ်ရိုတ်ကူနိုင်သည့် နည်းပညာလည်းပါဝင်မှာဖြစ်ပါတယ်။
Resolution 540x960 pixels ဖြစ်ပြီး Processor ကတော့ 1.2GHz ဖြစ်ပါတယ်။
RAM 2GB ရှိပြီး ဖုန်း၏ Internal Storage 16GB ထိပါဝင်ပြီး လိုအပ်ပါက MicroSD ဖြင့် 128 GB ထိထပ်မံတိုးချဲနိုင်မှာဖြစ်ပါတယ်။ Oppo Mirror 5 ကို အဖြူရောင် နှင့် အပြာရောင် ဟူပြီး အရောင်နှစ်မျိုးဖြင့်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
GPS စနစ်ပါဝင်ပြီး Wifi နှင့် Bluetooth အသုံးပြုရတာမြန်ဆန်လို့ 3G 4G အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
GSM/CDMA နှစ်မျိုးလုံးအသုံးပြုနိုင်ပြီး SIM Card နှစ်ကဒ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဘတ်ထရီ၏ အရည်သွေးကတော့ 2420mAh ပါဝင်တာဖြစ်လို့ ဂိမ်းကစားသူတွေနဲ ဖုန်းကိုအချိန်ကြားကြားအသုံးပြုလိုသူတွေတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်း၏ Operation System ကတော့ Android Version 5.1 ဖြစ်လို့ မြန်ဆန်သည့် ဖုန်းအမျိုးစားလည်းဖြစ်ပါတယ်။
Oppo Mirror 5 ကို ပြည်တွင်ဖုန်းအရောင်းဆိုင်များနှင့် ပြည်ပဖုန်းအရောင်းဆိုင်များမှာ မကြာမိဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။

    အာကာ
Software Guide
www.swln.info