Samsung Galaxy Note5 ၏ အကြောင်းနှင့် ပါဝင်တဲ့အချက်အလက်များ

Samsung ကုမ္မဏီ က နောက်ထပ် Galaxy Note5 ကိုမိတ်ဆက်ခဲ့ပါတယ်။
သြဂုတ်လ ၁၇ ရက်နေ့ ကလည်း Sansung Galaxy Note5 ကို မြန်မာနိုင်ငံမှာစတင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။
Note 5 ရဲ့ ဒီဇိုင်းပိုင်းတွင် ကွေးညွှတ်ထားသော ကျောဘက်အသွင်အပြင်နှင့် ဆန်သစ်စွာပြုလုပ်ထားတာကိုလည်းတွေ့ ရပါတယ်။
ကင်မရာအရေည်းအသွေးပိုင်မှာဆိုရင်လည်း လှုပ်ရှားနေသည့် ပုံရိပ်တွေကိုကြည်လင်ပြတ်သားစွာရိုတ်ကူးပေးနိုင်တာလည်းဆွဲဆောင်ချက်တစ်ခုလို့ ဆိုရပါမယ်။
မျက်နှပြင်အကျယ် 5.70" လက်မဖြစ်ပြီး Display 5.70-inchနှင့် အတူ ကင်မရာ ကလည်း 16-megapixel ထိရိုတ်ကူးနိုင်မှာဖြစ်ပြီး မြင်ကွင်ကျယ်ရိုတ်ကူးနိုင်တဲ့ နည်းပညာလည်းပါဝင်တာဖြစ်ပါတယ်။
Resolution 1440x2560 pixels နှင့် Processor ကတော့ 1.5GHz ဖြစ်ပါတယ်။ RAM 4GB ပါဝင်ပြီး GPS စနစ်ပါဝင်ကာ Wifi အသုံးပြုရမြန်ဆန်မှာလည်းဖြစ်ပါတယ်။ Bluetooth v4.20 ပါဝင်ပြီး ဘတ်ထရီပိုင်းမှာလည်း 3000mAh ပါဝင်တာကြောင့် ဂိမ်းကစားသူတွေနဲ ဖုန်းကိုအချိန်ကြာကြာအသုံးပြုလိုသူတွေအဆင်ပြေစေမှာဖြစ်ပါတယ်။
Internal Storage ကတော့ 32GB ပါဝင်ပြီး 3G 4G အသုံးပြုနိုင်ကာ GSM/CDMA နှစ်မျိုးလုံးအသုံးပြုနိုင်ပြီး SIM Card နှစ်ကဒ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Galaxy Note5 ရဲ့ Operation System ကတော့ Android OS v5.1 ဖြစ်လို့ အလွန်မြန်ဆန်တဲ့ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
အရောင်နေနဲ ရွှေရောင်၊အနက်ရောင်၊ငွရောင် အဖြူရောင် ဆိုပြီး အရောင်လေးရောင်နဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။
Samsung Galaxy Note5 ကိုပြည်တွင်မိုင်ဘိုင်းဖုန်း အရောင်းဆိုင်များနှင့် ပြည်ပဖုန်းအရောင်ဆိုင်တွေမှာဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် မြန်မာကျပ်ငွေ ရှစ်သိန်းခွဲ ၀န်းကျင်ရှိလောက်ရှိပါတယ်။

    အာကာ
Softawre Guide
www.swln.info




Posted via Blogaway


Posted via Blogaway