Samsung Galaxy Y (GT-S5360) Root လုပ်နည်းနှင့် CWM တင်နည်း


Computer မလိုဘဲဖုန်းထဲကနေလုပ်သွားမှာဖြစ်ပါတယ်။ လွယ်ကူလို့ လိုမအပ်မည်ဆိုလျှင်တော့ လေ့လာပြီးလုပ်ကြည့်ပါ။



Root လုပ်နည်း
အဆင့်(၁)။   ။ဒေါင်းလုပ် လုပ်ထားတဲ့ Root Zip File ကို မာမိုရီ SD Card ထဲ ထည့်ထားပေးပါ။

အဆင့်(၂)။   ။ ဖုန်းကိုပါဝါပိတ်​ပြီး Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပေးပြီး Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။

အဆင့်(၃)။   ။Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "Update.zip" မှတဆင့် "Samsung-root-and-busybox.zip ကို​ရွေး​ပြီး Install လုပ်​ပေးပြီး Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်aပးပါ။
ဖုန်းကမူလနေရာသို့  ပြန်ရောက်ရင် Root လုပ်တာ အောင်မြင်သွားပါပြီ။

CWM တင်​နည်း ဆက်လေ့လာကြည့်ရအောင်
အဆင့်(၁)။   ။ဒေါင်းလုပ် လုပ်ထားတဲ့ CWM Zip File ကို SD Card ထဲထည့်​ထားပေးပါ။

အဆင့်(၂)။   ။ Volume Up + Home + Power ခလုတ်​သုံးခုကို တစ်ပြိုင်​တည်းဖိထားပေးပြီး Samsung Logo ​တက်လာရင်​ လွှတ်​​ပေးလိုက်​ပါ။

အဆင့်(၃)။   ။Recovery Mode ထဲ​ရောက်​သွားပါလိမ့်မယ်​။ "Install zip from sd card" မှတဆင့် "GT-S5360_CWM.zip" ကို​ရွေး​ပြီး Install လုပ်​ပြီး Complete ဖြစ်​ရင်​ "reboot system now" ကို နှိပ်ပါ။

ဖုန်းက မူလနေရာသို့  ပြန်ရောက်လာရင် Samsung Galaxy Y GT-S5360 ကို CWM တင်​ခြင်းအောင်မြင်ပါပြီ။

   အာကာ
Software Guide