Samsung Galaxy S7 edge အကြောင်းနှင့်ပါဝင်သောအချက်အလက်များ


Samsung ကုမ္မဏီကထုတ်လုပ်လိုက်တဲ့ နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာတွေနဲ့  ပေါင်းစပ်ပါဝင်တည်ဆောက်ထားတဲ့ Samsung Galaxy S7 edge အကြောင်းလေးကိုမိတ်ဆက်တင်ပြပေးလိုက်ပါတယ်။
Samsung Galaxy S7 edge မှာ မျက်နှာပြင်ကျယ်ကျယ်ရှိပေမယ့်လည်း
 လက်တစ်ဖက်တည်းနဲ့ ကျစ်ကျစ်လျစ်လျစ်အသုံးပြုနိုင်အောင်
 လှပကွေးညွတ်တဲ့ ဒီဇိုင်းသစ်နဲ့ ဖန်တီး ထုတ်လုပ်ထားကိုမြင်တွေ့ ရမှာပါ။
သတ္တုနဲ့ Gorilla Glass 4 တို့ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ Galaxy S7 edge ဟာ
 တကယ့်ကို နှစ်လိုဖွယ်ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်တဲ့အပြင် အသုံးပြုတဲ့အချိန်
 လက်ထဲမှာကိုင်ထားရတာ ကျစ်ကျစ်လျစ်လျစ်၊ သက်တောင့်သက်သာနဲ့ မြဲမြံတဲ့အတွက်
 လက်ထဲကနေတောင် ပြန်ချချင်စိတ်ပေါ်မှာ မဟုတ်ပါဘူး။  ရေစိုဒါဏ်ခံနိုင်တဲ့ အရည်အသွေးစံသတ်မှတ်ချက်နဲ့ ပြည့်စုံတဲ့ Samsung Galaxy S7 | S7 edge စမတ်ဖုန်းအမျိုးအစားဖြစ်ပါတယ်။
S7 edgeဟာ ဖုန်းလိုင်း လုံးဝ မရှိတဲ့နေရာတွေမှာတောင် သူများထက်
 ပိုပြီးဖုန်းလိုင်းမိလို့ ကောင်းစွာဖုန်းပြောနိုင်စေပါတယ်။
Samsung ဟာ လူတန်းစားမျိုးစုံအတွက် ရည်ရွယ်ပြီး ဖုန်း Model မျိုးစုံကို ၊ သူ့အရပ်နဲ့ သူ့ဇာတ်လိုက်ဖက်ညီအောင် ချိန်ညှိထုတ်လုပ်ထားခြင်းကြောင့် မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာမှာယခုချိန်ထိ အောင်မြင်ဆဲပင်ဖြစ်ပါတယ်။
ဖုန်း၏ မျက်နှာပြင်အကျယ်မှာ 5.50" လက်မဖြစ်ပါတယ်။  သိုလှောင်သိမ်းဆည်းနိုင်မူမှာ RAM 4GB ပါဝင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ Processor 1.6GHz ဖြစါပြီး Resolution  အနေနဲ့ 1440x2560 pixels ဖြစ်ကာ အနောက်ဘက်ကင်မရာတွက် 12-megapixel ရှိတဲ့ ပုံရိပ်တွေကို ရိုတ်ကူးနိုင်ပြီး အရှေ့ ကင်မရာတွက် 5-megapixel ပုံရိပ်တွေကိုရိုတ်ကူးနိုင်တာကြောင့် Selfie ရိုတ်ကူးလိုသူတွေတွက်အဆင်ပြေစေမှာဖြစ်ပါတယ်။
အရောင်အနေနဲ့ ရွှေရောင် နဲ့ အမဲရောင် မီးခိုးရောင် ဆိုပြီးတော့ အရောင် (၃) မျိုးထုတ်လုပ်ထားပြီး ဘတ်ထရီ အရည်းသွေးက 3600mAh တောင်ပါဝင်တာကြောင့် ဖုန်းကိုအချိန်ကြာကြာအသုံးပြုလိုသူတွေနဲ့ ဂိမ်းကစားသူတွေတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်။
Internal storage 32GB ထိပါဝင်မှာဖြစ်ပြီး လိုအပ်ပါက microSD ကဒ်အသုံးပြီး 200 GB ထိတိုချဲနိုင်မှာဖြစ်ပါတယ်။
3G ,4G အသုံးပြုနိုင်ကာ GPS စနစ်ပါဝင်ပြီး 802.11 a/ b/ g/ n နှင့် Bluetooth v4.20, microUSB v2.0 တို့ ကလည်းဖုန်းအတွက် အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
GSM SIM Card အသုံးပြုနိုင်ပြီး SIM Card တစ်ကဒ်သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဖုန်းရဲ့ Operating System ကတော့ Android OS v6.0 ကိုထည့်သွင်းအသုံးပြုထားတာကြောင့် အလွန်မြန်ဆန်တဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။
Samsung Galaxy S7 edge မတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ရှိ Myanmar Plaza တွင်လည်းကောင်း၊
မန္တလေးမြို့ရှိ Sedona Hotel
 တွင်လည်းကောင်း အထူးဈေးနှုန်းအနေဖြင့် ကျပ် ၉၀၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရှိရသည်။

   အာကာ
Software Guide