ဖုန်းနဲ့ ဆော့ကစားနိုင်မယ့် ဆိုင်ကယ်မောင်ပြိုင်ရမယ့်ဂိမ်း Trial Xtreme 4 v1.7.1 Apk

ဖုန်းထဲကနေ အကောင်းဆုံးဆော့ကစားနိုင်တဲ့ 3D ဆိုင်ကယ်ပြိုင်ဂိမ်းလေးကို ဂိမ်းကြိုက်နှစ်သက်သူတိုင်းတွက်တင်ပေးလိုက်ပါပြီ။
ဆော့လို့ အရမ်းကောင်းမွန်ပြီး 3D ရုပ်ထွက်နဲ့ ပြိုင်ကွင်းတွေကလည်းရှယ်တွေကြီးပါဘဲ..။အများနဲ့ ပြိုင်ရတဲ့ဂိမ်းဖြစ်လို့ မြေပုံမှာပြထားတဲ့ ပန်းတိုင်ကိုပေးထားတဲ့အချိန်အတွင်းမှာရောက်အောင် ပြိုင်မောင်းရမှာဖြစ်ပါတယ်။ လမ်းခရီးတစ်လျှောက်မှာလည်း ကုန်တတ် ကုန်ဆင်းရောက်တဲ့အခါတိုင်း အလှကွက်တွေပြသွားလို့ ရပါတယ်။ တစ်ခန်းအောင်တာနဲ့ နောက်တစ်ခန်းကိုဆက်ရမှာဖြစ်ပြီး အခန်းပေါင်း (၇၀) ကျော်ပါဝင်မှာဖြစ်ပါတယ်။ ပြိုင်ပွဲတစ်ပွဲနိုင်တိုင်း ပိုက်ဆံတွေတိုးလာမှာဖြစ်ပြီး ထိုပိုက်ဆံများဖြင့် ကိုယ့်ရဲ့ဆိုင်ကယ်ကို အလှဆုံးဖြစ်အောင် စိတ်တိုင်းကျပြင်ဆင်နိုင်မှာဖြစ်ပြီး ဆိုင်ကယ်မောင်းသူအတွက်ကတော့ ဆိုင်ကယ်ဦးထုပ် , ဖိနပ် , အကျီ င်္, ဘောင်းဘီး အစရှိတာတွေကို သူ့ ဈေးနှုန်းအတိုင်းဝယ်ယူလို့ ရမှာဖြစ်ပါတယ်။ အရမ်းကိုဆော့ကစားလို့ ကောင်းမွန်တဲ့ ဆိုင်ကယ်ပြိုင်ဂိမ်း လေးတစ်ခုဖြစ်ပါတယ်။ ဂိမ်းကြိုက်နှစ်သက်သူများအတွက် သဘောကျလိမ့်မယ်လို့ မျော်လင့်မိပါတယ်။ File Size မှာ 214 MB မျှရှိပြီး Android OS Version 4.0 နှင့်အထက်ဖုန်းများမှာ ထည့်သွင်းဆော့ကစားနိုင်ပါသည်။ ဒီဂိမ်းလေးကိုဒေါင်းပြီးတာနဲ့ တန်းဆော့လို့ ရပါပြီ။

ဖုန်းထဲကနေ ဆိုင်ကယ်မောင်ပြိုင်ဂိမ်းလေးဆော့ချင်ရင် အောက်မှာဒေါင်းယူနိုင်ပါပြီ။