Online ပေါ်ကနေ Mp3 နဲ့  Mp4 တွေကို Format မျိုးစုံဖြင့် Convert လုပ်နည်း

Online ပေါ်ကနေ Video နဲ့  Audio ကြိုက်တဲ့ Format တွေကိုထည့်ပြီး ကြိုက်တဲ့ Format ပြန်ပြီးတော့ Convert လုပ်နိုင်တဲ့ နည်းလမ်းလေးကိုတင်ပေးလိုက်ပါတယ်။
ဖုန်းမှာဆိုရင် ဆော့ဖ်ဝဲလ်မထည့်ဘဲ Mp3 Mp4 အလွယ်တကူ Convert လုပ်နိုင်တဲ့နည်းဖြစ်လို့ အဆင်ပြေကြမှာပါ။
ကွန်ပျူတာကနေ ဆိုရင်လည်း ဒီနည်းလမ်းလေးနဲ့ ပိုလိုတောင်အဆင်ပြေကြမှာဖြစ်ပါတယ်။
ဒါဆိုရင် ပုံလေးတွေနဲ့  အောက်မှာဆက်ပြီးလေ့လာကြည့်ရအောင်...

အရင်ဆုံး အောက်က Web Link ထဲကိုသွားလိုက်ပါ။

1 .Link ထဲရောက်သွားပါက အောက်ကပုံအတိုင်း Open File ကိုနှိပ်လိုက်ပါ။

2 .Video ကို Convert လုပ်မယ်ဆိုရင် လုပ်မယ့် Video File ကိုနှိပ်ပြီးထည့်လိုက်ပါ။

3 .Video ကို Video Format မျိုးစုံနဲ့  Convert လုပ်နိုင်သလို  Audio Format တွေအဖြင့်လည်း Convert လုပ်နိုင်ပါတယ်။
သင်ကြိုက်တဲ့ Format ကိုရွေးချယ်ပြီး အောက်ပုံက အပြာရောင်ခလုတ်လေးနဲ့  Convert ကိုနှိပ်ပေးလိုက်ပါ။

                     

4 . နောက်ဆုံးမှာတော့ သင်ရွေးချယ်လိုက်တဲ့ Format ကို Convert လုပ်ပြီးရင် Download ဆိုတာပေါ်လာရင် Download ဆွဲလို့ ရပါပြီ။
ဒီနည်းက Online ကနေ Format မျိုးစုံနဲ့  Convert လုပ်တဲ့ လွယ်ကူတဲ့နည်းလမ်းလေးပါဘဲ။

Sponsored By MysaveFile