ကမ္ဘာပေါ်မှာ ပထမဦးဆုံး ပိုကီမွန်အကောင်တွေ အကုန်ဖမ်းမိခဲ့သူ

ကမ္ဘာတစ်လွှားမှာသာမက မြန်မာမှာပါ စိတ်ဝင်တစား ကစားနေကြတဲ့ Pokemon Go ဂိမ်းထဲက ပိုကီမွန် ၁၄၅ ကောင်လုံးဦး ပထမဦးဆုံး ရှာဖွေဖမ်းဆီးနိုင်သူတစ်ဦး ပေါ်ပေါက်လာခဲ့ပါပြီ။

သူကတော့ နယူးယောခ့်မြို. က အသက် ၂၈ နှစ်အရွယ် နည်းပညာဝန်ထမ်းတစ်ဦးဖြစ်တဲ့ နစ်ဂျွန်ဆင်ပါ ။ သူက ပိုကီမွန်ဂိမ်းထဲက အကောင် ၁၄၅ ကောင်စလုံးကို ဖမ်းမိခဲ့ပြီး ဖြစ်ကာ သူ့ကိုယ်သူလည်း ကမ္ဘာ့ပထမဦးဆုံးသော ပိုကီမွန် မာစတာအဖြစ် တွစ်တာကနေ ကြေငြာခဲ့ပါတယ်။



ပိုကီမွန်ဂိမ်းမှာက ဒေသအလိုက်သာ ဖမ်းမိနိုင်မယ့် ပိုကီမွန်ကောင်တွေလည်း ရှိတာမို့ သူက ခရီးသွားပြီးတော့လည်း ဖမ်းခဲ့ရပါတယ်။ ပိုကီမွန်ဂိမ်းမှာ မကြေငြာရသေးတဲ့ အကောင်တွေ ရှိနေသေးတာမို့ အဲ့ဒီအကောင်တွေ ထွက်လာရင်လည်း လိုက်ဖမ်းချင်သေးကြောင်းနဲ့ အခြားသော လုပ်ဆောင်ချက်တွေကိုလည်း မျှော်လင့်နေကြောင်း သူကဆိုပါတယ်။
Source : Reuters
Ref:MyanmarPortal