Google Duo အား Android ဖုန်းတွင်အသုံးပြုနိုင်ပြီ


Google ကနေ ဖြန်ချီလိုက်တဲ့ Google Duo ကို Android ဖုန်းတွေမှာ အသုံးပြုနိုင်ပါပြီ။
ဒီကောင်လေးက ဖုန်းပြောရာမှာ ရုပ်ကြည့်ပြီးပြောဆိုနိုင်ရန် သီးသန့် ဖြန်ချီထားတဲ့ App ဖြစ်ပါတယ်။

၁။ အသုံးပြုရန် Google Duo လို့အမည်ရတဲ့ App လေးကို Google Play ကနေဒေါင်းယူလိုက်ပါ။
 Welcome to Duo
 App လေးကိုသွင်းပြီးပါက ဖွင့်ပါ။

၁။ မိမိရောက်ရှိနေတဲ့ နိုင်ငံ Code ကိုအော်တိုတွေ့ ရမှာပါ အမှန်လျှင်ပြင်ပေးလိုက်ပါ။ ထိုနောက် မိမိဖုန်းနံပါတ်အားထည့်ပြီး Next ခလုတ်လေးကိုနှိပ်ပါ Next ခလုတ်လေးကို တစ်ချို့ ဖုန်းတွေမှာ နှိပ်မရတဲ့အတွက် Keyboard မှာရှိတဲ့ Go ခလုတ်လေးနဲ့ ရှေ့ ဆက်သွားပါ။
၂။ ပြီးနောက် ၁မိနစ်စောင့်ပြီး Verfication Code အားဖုန်းခေါ်ဆိုပြီး လည်းကောင်း၊ SMS ဖြင့်လည်းကောင်း ပေးပို့ လာပါမယ်။ ထိုပေးပို့ လာသော နံပါတ် ၆လုံးအား ထည့်ပေးလိုက်ပါ။
၃။ ပြီးနောက် အောက်ပါပြထားသည့် နောက်ဆုံးပုံအတိုင်း ပေါ်လာမှာဖြစ်ပါတယ်။ Video Call သင်္ကေတလေးကို နှိပ်လိုက်ရင် မိမိဖုန်းထဲမှာ ရှိနေတဲ့ ဖုန်းနံပါတ်အားလုံးပေါ်လာမှာဖြစ်ပြီး Google Duo အသုံးပြုထားသူအား Video Call ဖြင့် ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။
Verified and approved!
Video Call ခေါ်ဆိုနေစဉ်တွေ့ ရမည့်ပုံစံဖြစ်ပါတယ်။

Swipe up to accept, swipe down to decline

တစ်ဖက်မှာ ဖုန်းခေါ်ဆိုမူအား လက်ခံရရှိသည့်ပုံစံဖြစ်ပါတယ်။
The controls are on the left edge after you tap the screen


အောက်ပါပုံလေးကတော့ Google Duo ရဲ့ Setting ပုံစံလေးဘဲဖြစ်ပါတယ်။ လိုအပ်သလိုပြင်ဆင်နိုင်ပြီး မပြောလိုသော ဖုန်းနံပါတ်များကိုလည်း Blocked Number ကနေ block ထားနိုင်ပါတယ်။
Google Duo လေးကို စမ်းသုံးရင် ချစ်ရသူ ခင်ရသူတိုင်းကို ဗီဒီယို Call လေးနဲ့ ဖုန်းခေါ်ကြည့်ရအောင်
Duo settings
Ref: Androidcentral