Pokémon Go စတင် ကစားသူများအတွက် သိထားသင့်တာလေးတွေ

Pokémon Go စတင် ကစားသူများအတွက် သိထားသင့်တာလေးတွေ

မြန်မာနိုင်ငံမှာ Pokémon Go ကို ၆.၈.၂၀၁၆ (စနေ) ကမှ စတင်ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီတော့ ပြည်တွင်းမှာကစားတဲ့အချိန် သိပ်မရှိကြသေးပါဘူး။ ဒီတော့ Pokémon Go ကစားမယ်ဆိုရင် ဘာတွေသိသင့်တယ်၊ ဘာတွေလိုအပ်မယ်ဆိုတာနဲ့ ဘယ်လိုကစားရမယ်ဆိုတာကို Pokémon Go ကစားချင်သူတွေအနေနဲ့ အနည်းငယ်သိထားဖို့လိုအပ်ပါမယ်။

မသိဘဲလည်းကစားလို့ရပေမဲ့ သိတော့ပိုကောင်းပါတယ်။ ဒီလမ်းညွှန်မှာပါတာထက် ပိုမိုသိထားသူတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ စတင်ကစားသူတွေအတွက် ဒီလမ်းညွှန်က Pokémon Go ကစားသူတွေကို တစ်စုံတစ်ရာ အထောက်အကူပြုမယ်လို့ ထင်ပါတယ်။
Pokémon က Nintendo ရဲ့ နာမည်ကြီးတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ယခင်ကရှိခဲ့တဲ့ Pokémon ဂိမ်းကို GPS, augmented reality နဲ့ dorky-cute graphics တွေပေါင်းလိုက်တဲ့အခါမှာတော့ Consloe နဲ့ ထိုင်ပြီး ဒါမှမဟုတ် အခန်းတစ်ခုအတွင်း ကစားရတဲ့ပုံစံကနေခွဲထွက်ပြီး အပြင်လောကထဲကို ဂိမ်းကရောက်လာပါတော့တယ်။ ဒီရက်တွေကစလို့ ဖုန်းလေးတကိုင်ကိုင်နဲ့လျှောက်သွားနေတဲ့ လူတွေကိုတွေ့ရင် Pokémon Go ဂိမ်းကစားနေကြတဲ့ သူတွေ ဖြစ်ကောင်းဖြစ်နိုင်မယ်လို့ ခန့်မှန်းနိုင်ပါပြီ။

Pokémon Go ဟာ အခမဲ့ရယူနိုင်တဲ့ မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပြီးတော့ iOS နဲ့ Android စနစ်သုံး device တွေမှာ ကစားနိုင်မှာ ဖြစ်ပါတယ်။ Android version 4.4 နဲ့အထက်ရှိတဲ့ ဖုန်းတွေမှာသာ ဒီဂိမ်းကို စကစားလို့ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ထူးခြားချက်ကတော့ အခြားဂိမ်းတွေလို ထိုင်ပြီးကစားရတာမဟုတ်ဘဲ ဖုန်းအင်တာနက်ကိုဖွင့်ထားပြီးတော့ ဖုန်းနဲ့ လမ်းလျှောက်ရင်း ဂိမ်းထဲက အကောင်တွေကို ရှာဖွေဖမ်းယူရမှာဖြစ်ပါတယ်။ အင်တာနက်အပြင် GPS ကိုလည်း ဖွင့်ထားရမှာဖြစ်ပါတယ်။ ဂိမ်းမှာ အဓိကအားဖြင့် ဇာတ်ကောင်နှစ်ခုရှိပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေးပါ။ ဒီဂိမ်းမှာ ကိုယ်ကဘာကိုရွေးချယ်မလဲ ဆိုတာနဲ့ ဦးထုပ်တွေ ဘာတွေ ရွေးနိုင်ပါတယ်။ ဒီလိုရွေးပြီးတဲ့နောက်မှာတော့ သင်ဟာရွေးထားတဲ့ ဇာတ်ကောင်နေရာမှာဝင်ပြီး သင်နေထိုင်ရာ အရပ်မှာ Pokémon Go ဂိမ်းထဲက အကောင်တွေကို ရှာလို့ရပါပြီ။
Pokémon Go ဘာလဲ
ဂိမ်းကစားမယ်ဆိုရင်တော့ ဂိမ်းကို ဝင်ရောက်ဖို့အတွက် သင့်ရဲ့ Google account သို့မဟုတ် sign up နဲ့ Pokémon Trainer Club account ဝင်ထားရပါမယ်။ Pokémon Go စတိုးကနေပြီး သင့်အချက်အလက်တွေအားလုံးကို သူရဲ့ဆာဗာမှာ တင်ပေးထားပါမယ်။ သင်ဟာဂိမ်းထဲကို sing up လုပ်ပြီးတဲ့အခါမှာတော့ သင့်ရဲ့ဒစ်ဂျစ်တယ်ပုံရိပ်မှာ ဖြစ်ချင်တဲ့ အချက်အလက်တွေကို လိုသလိုပြင်နိုင်ပြီဖြစ်ပါတယ်။ သင်ဟာ ယောက်ျားလေးလိုနေမလား၊ မိန်းကလေးအဖြစ်ပဲနေမလား နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ ဆံပင်၊ မျက်လုံးအရောင်၊ ရှပ်အကျီင်္ိ၊ ဦးထုပ်၊ ဖိနပ်၊ ဘောင်းဘီနဲ့ ကျောပိုးအိတ်တွေကို ရွေးချယ်နိုင်ပါတယ်။

ဒီလိုရွေးချယ်ပြီးတာနဲ့တစ်ပြိုင်နက်တည်းမှာပဲ သင်ဟာ ဂိမ်းထဲကမြေပုံထဲကို ရောက်သွားပါပြီ။ သင်အခုဝင်တဲ့ နေရာကနေ မြေပုံကစပါတယ်။ GPS လည်းဖွင့်ပေးထားရပါမယ်။ သင့် Google မြေပုံထဲကနေရာတွေမှာ အကောင်တွေရှိမှာဖြစ်ပါတယ်။ လမ်းတွေ၊ Pokémon ရှိနိုင်တဲ့ မြက်ခင်းနေရာတွေ၊ PokéStops နဲ့ Pokémon Gyms လိုအသွင်ပြောင်းထားတဲ့ ဒေသတွင်းသတ်မှတ်နေရာတွေ စတဲ့နေရာတွေမှာ အကောင်တွေကို ရှာတွေ့နိုင်ပါလိမ့်မယ်။ လျှောက်သွားရင်း မြေပုံထဲမှာ အကောင်တွေကိုတွေ့တဲ့အခါမှာတော့ ဒီအကောင်တွေကို ရအောင်ဖမ်းရမှာ ဖြစ်ပါတယ်။ အကောင်တွေက ထွက်ပြေးတတ်တယ်ဆိုတာ သိထားသင့်ပါတယ်။
Pokémon Go အကြောင်း ဘာသိသင့်လဲ
Pokémon တွေက အမျိုးအစား၊ အရွယ်အစားနဲ့ ပုံသဏ္ဌာန်မျိုးစုံ လာပါတယ်။ ဖမ်းဆီးနိုင်တဲ့ Pokémon တွေက ၁၀၀ ကျော်လောက်ရှိပါတယ်။ Fairy, Psychic, Electric, Grass, Water, Ghost, Bug, Rock, Ground, Poison, Flying နဲ့ Normal type အကောင်စသဖြင့် အမျိုးအစားများစွာကို ဖမ်းဆီးနိုင်ပါလိမ့်မယ်။ သိပ်ပြီးထူးခြားဆန်းပြားတဲ့ အကောင်တွေတော့ မရှိသေးပါဘူး။ ဒီလိုဆိုပေမဲ့ တချို့အကောင်တွေက မပုန်းခိုနေဘဲ ပေါ်ပေါ်ထင်ထင် ရှိနေတယ်လို့ဆိုလိုတာလည်း မဟုတ်ပါဘူး။

Pokémon တွေ ဘယ်မှာ ဖမ်းမလဲ
မြေပြင်အနေအထားကိုလိုက်ပြီးတော့ Pokémon တွေရဲ့အမျိုးအစားတွေ ကွာခြားစွာရှိနေကြပါတယ်။ အချို့အကောင်တွေက အခြားအကောင်တွေထက် ဖမ်းရတာပိုခက်ပါတယ်။ အပြေးအလွှားသွားပြီး Pidgey နဲ့ Capterpie တွေသာရလို့ မျှော်လင့်ချက်ပျက်မသွားပါနဲ့ သွားစရာရှိတာသာဆက်သွားပါ။ ရေကန်တွေ၊ ရေတွင်းတွေနဲ့ ကမ်းခြေတွေမှာ ရေမှာနေတဲ့ Pokémon တွေ ဖမ်းနိုင်ပါတယ်။ ဥပမာအားဖြင့် ညနေပိုင်း အဲဒီနေရာတွေမှာစောင့်ဖမ်းရင် ဒဏ္ဍာရီပုံပြင်ထဲမှာရှိတဲ့ Fairy အမျိုးအစားတွေကို ဖမ်းမိနိုင်ပါတယ်။
ပထမဆုံး အကောင်ကို ဘယ်လိုဖမ်းမလဲ
Pokémon ဂိမ်းစကစားလိုသူတွေကို ပြောရမယ်ဆိုရင်တော့ သင့်ကိုယ်စားပြုရုပ်ကိုရွေးချယ်ပြီးတာနဲ့ သင့်အရှေ့နားမှာ Pokémon သုံးကောင်ပေါ်လာမှာဖြစ်ပါတယ်။ Bulbasaur, Charmander နဲ့ Squirtle ဆိုတဲ့ ၃ ကောင်ဖြစ်ပါတယ်။ ဒီအကောင်တွေထဲက နှစ်သက်ရာအကောင်ကို ရွေးဖမ်းလိုက်ရင် ကျန်တဲ့နှစ်ကောင် ပျောက်သွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ သုံးကောင်စလုံးကို မဖမ်းဘဲ စောင့်လိုက်ပါအုံးလို့ပြောချင်ပါတယ်။ သင့် ဒီမူရင်းအကောင်တွေကနေ လေးကြိမ်လောက် လမ်းလျှောက် ထွက်ရှာလိုက်ရင် သင်ဟာ ကြယ်လေးပွင့်အဆင့်ရှိတဲ့ Pikachu အကောင်ကို ဖမ်းမိမှာ အသေအချာဖြစ်ပါတယ်။
ကဲဘယ်လိုလဲ သင့်ပထမဆုံးအကြိမ်မှာ ကြယ်လေးပွင့်အဆင့်ရှိတဲ့ Pikachu အကောင်နဲ့ လွဲသွားပြီလား။ စိတ်သိပ်မပျက်ပါနဲ့ ကျန်တာတွေကို ဘယ်လို ဆက်ဖမ်းမလဲ ပြောပြပေးပါမယ်။
Ref: Internet Journal



Contact Us

Name

Email *

Message *

Back To Top