Android ဖုန်းတွေအတွက် မြန်မာဖောင့် နှင့် ကီးဘုတ်


Andriod phone တွေကိုမြန်မာဖောင့် ထည့်ဖို့က မခက်ခဲတော့ပါဘူး......။ROOT လည်းလုပ်စရာမလိုတော့ဘူး.....။လုပ်နည်းကလည်း အရမ်းရိုးရှင်းတယ်.....။လွယ်ပါတယ် android ဖုန်းထဲကို မြန်မာဖောင့် ထည့်တော့မယ်ဆို......အရင်ဆုံး ZawgyiOne apk ကိုအရင်ဆုံး ဒေါင်းရပါမယ်....။ဒေါင်းပြီးပြီဆိုရင်ZawgyiOneapk ဆိုတဲ့ဖိုင်လေးကို install လုပ်လိုက်ပါ.....။ပြီးပြီဆိုရင် setting ထဲကိုဝင်

ပြီးရင် display setting ထဲကိုထပ်ဝင်
အဲဒီမှာ font style ဆိုတဲ့ စာတန်းလေးကို နိုပ်လိုက်....
ဖောင့်ပုံစံရွေးဖို့ ပြပါလိမ့်မယ်....။
အဲဒီမှာZawgyiOne ဆိုတဲ့စာတန်းလေးကို နိုပ်လိုက်ပါ....။ဒါဆိုရင်တော့ မိတ်ဆွေရဲ့ ဖုန်းမှာမြန်မာစာ ဖတ်ဖို့အဆင်ပြေသွားပါပြီ...။စာတော့ရိုက်လို့ မရသေးပါဘူး.....။စာရိုက်ဖို့အတွက် keyboard လိုပါသေးတယ်...။keyboard အတွက်ကိုတော့ လူကြိုက်များပြီး သုံးရတာအဆင်ပြေတဲ့ frozen keyboard ကို ရွေးချယ်ထားပါတယ်.....။ကဲ ဒါဆိုစလိုက်ကြစို့ အရင်ဆုံး ခုဏကလိုပဲ  frozen keyboard.apk ကိုအရင်ဒေါင်းမယ်...။ပြီးရင် အဲဒီ frozen keyboard.apk ဆိုတဲ့ဖိုင်လေးကို install လုပ်လိုက်ပါ.....။ပြီးပြီဆိုရင် setting ထဲကိုဝင်

ပြီးရင် language and input method ထဲကိုထပ်ဝင်
 current input method ကိုနိုပ်
အဲဒီမှာfrozen keyboard ကို အမှတ်ခြစ်ပေးလိုက်...။
ကဲ.....အဆင်ပြေသွားပါပြီဗျာ.....။အခုဆိုရင် မြန်မာစာကို ရေးလို့လဲရပြီ ဖတ်လို့လဲရပါပြီ......။ဒေါင်းဖို့အတွက် ကိုတော့အောက်မှာ အဆင်သင့်ပေးထားပါတယ်.....။အားလုံးပဲ ကျန်းမာပျော်ရွှင် ကြပါစေ

ZawgyiOne အားဒေါင်းယူရန်

ကီးဘုတ်အား ဒေါင်းယူရန်
Download Apk File

Ref: Myosweygn