စမတ်ဖုန်းကို သုံးပြီး ကား နဲ့ စက်ဘီးတွေ မပျောက်အောင် ဘယ်လိုလုပ် မလဲ

ယနေ့ ခေတ်ကြီးထဲမှာ စမတ်ဖုန်းနဲ့ စက်ဘီးတွေဟာ သူခိုးတွေ မျက်စိအကျဆုံး ပစ္စည်းတွေဖြစ်ပြီး ကမ္ဘာ အနှံ့ မှာ အခိုးခံရမှု အများဆုံးပစ္စည်းတွေလည်း ဖြစ်ပါတယ် ။ ဒါပေမယ့် ကံကောင်းစွာပဲ တိုးတက်မြင့်မား လာတဲ့ နည်းပညာ က သူခိုးတွေကို တဖြည်းဖြည်းနဲ့ ပိုမိုအခက်တွေ့ လာစေတာကို တွေ့မြင်နေရပါတယ် ။
ဥပမာအနေနဲ့ ဖုန်းအတွက်ဆိုရင် iOS အသုံးပြုသူတွေအတွက် Find My iPhone နဲ့ Android အသုံးပြုသူတွေ အတွက် Prey လို မျိုး App တွေ ရှိနေပါတယ် ။ ဒီ App တွေဟာ သင့်ရဲ့ ဖုန်း ပြန်ရဖို့ သေချာပေါက်တော့ မကူညီနိုင်ပေမယ့် သင့်ဖုန်းရဲ့  Security ကို တစ်ဖက်တစ်လမ်းက အထောက်အကူပြုတဲ့အပြင် သူခိုးတွေကိုလည်း အခက်တွေ့ စေတာကတော့ သေချာပါတယ် ။
စက်ဘီးအတွက်ကတော့ စက်ဘီသော့ ခတ်ထားမှ ရမှပါ ။ ဒါတောင် သူခိုးတွေက မရ ရအောင် ခိုးနိုင်ပါတယ် ။ ဒီတော့ သူခိုး ခိုးခံရတဲ့ အခါ သေချာပေါက်ပြန်ရစေမယ့် နည်းပညာတစ်ခုကို ပြောပြချင်ပါတယ် ။
စိတ်ဝင်စားနေပြီဆိုရင်တော့ ကြည့်လိုက်ရအောင် . . . ။
trackr-bravo-4
ဒါကတော့ TrackR လို့ခေါ်တဲ့ အကြွေစိ သာသာလောက်ရှိတဲ့ ကိရိယာလေးတွေပဲဖြစ်ပါတယ် ။ ဒီ ကိရိယာလေးနဲ့ အတူ Free ရနိုင်တဲ့ GPS App တစ်ခုကို သင့်ဖုန်းထဲထည့်ထားရင် လိုအပ်ချက်ကပြည့်စုံပါပြီ ။
App နာမည်ကလည်း TrackR ပဲဖြစ်ပြီး iOS အတွက်ရော Android အတွက်ပါ အလွယ်တူ Download ပြုလုပ်နိုင်ပါတယ် ။ နောက်ဆုံးလုပ်ဆောင်ရမယ့် တစ်ချက်ကတော့ သင့်စက်ဘီးရဲ့ ဖင်ထိုင်ခုံ အောင်မှာ ဒီ ကိရိယာလေးကို ပုံပါအတိုင်း တပ်ဆင်ပေးထားလိုက်ရုံပါပဲ ။ ဒါဆိုရင်တော့ သင့်စက်ဘီးကို ဘယ်သူယူသွား ယူသွား စက်ဘီးတည်ရှိရာကို App ထဲကနေပြနေမှာဖြစ်ပါတယ် ။
စက်ဘီမှမဟုတ်ပါဘူး ။ ကား ၊ ဆိုင်ကယ် အစရှိတဲ့ မော်တော်ယာဉ်တွေ (ဒါမှမဟုတ်) အခြား ဘယ် ပစ္စည်းမှာ မဆိုတပ်ဆင်အသုံးပြုနိုင်ပါတယ် ။
ပုံမှာပြထားတဲ့အတိုင်း သော့ချိတ်နဲ့တွဲပြီးချိတ်ထားရင် အိမ်သော့ ၊ ရုံးသော့ ၊ ကားသော့ စတာတွေ ပျောက်မှာ စိုးရိမ်စရာမလိုတော့တဲ့အပြင် သူခိုးတွေ ကိုလည်း အလွယ်တူဖမ်းမိ နိုင်တော့မှာဖြစ်ပါတယ် ။
TrackR ရဲ့  Official Website မှာ စက်တင်ဘာ(၁၂) ရက်နေ့ကစပြီးရောင်းချ   နေပြီဖြစ်ပြီး ဈေးနှုန်းကတော့ (၂၉) ဒေါ်လာဖြစ်ပါတယ် ။ Promotion အနေနဲ့ (၂)ခုဝယ်ရင် (၁)ခုလက်ဆောင် ၊ (၃)ခုဝယ် ရင် (၂)ခု လက်ဆောင်နဲ့ (၄)ခုဝယ်ရင် (၄) ခုလက်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ် ။
Ref: Improved-Lifestyles
Ref: Digitaltimes.com.mm