Facebook က Fandango နဲ့ ပူးပေါင်း၍ ရုပ်ရှင်လက်မှတ်ရောင်းမည်

Facebook က Fandango နဲ့ ပူးပေါင်း၍ ရုပ်ရှင်လက်မှတ်ရောင်းမည်

Facebook မှာ မကြာမီတွင် ရုပ်ရှင်လက်မှတ်များကို ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ Facebook က Fandango နဲ့ ပူးပေါင်း၍ ရုပ်ရှင်ရဲ့ Facebook Page ကနေ ရုပ်ရှင်လက်မှတ်များ ၀ယ်ယူနိုင်အောင် ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။ အမေရိကန်မှာ The Magnificent Seven , Storks, Kevin Hart : What Now ? “ အပါအ၀င် ရုပ်ရှင်ဇာတ်ကားအချို့အတွက် လက်မှတ်များကို ဒီတစ်ပတ်ထဲမှာ စတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။ စမ်းသပ် ရောင်းချမှု အောင်မြင်ရင် အခြားနိုင်ငံများအတွက်လည်း ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
Facebook Mobile Apps များရှိ ရုပ်ရှင်ရဲ့ Page ထိပ်တွင် “ Buy tickets “ အပြာရောင် ခလုတ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီခလုတ်ကို နှိပ်ရင် အနားမှ ရုပ်ရှင်များနဲ့ ပြသချိန်များကို ပြသပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ငွေပေးချေမှုကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Desktop များတွင်မူ “ Buy tickets “ ခလုတ်ကို နှိပ်ရင် Fandango ၀က်ဆိုက်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီကနေ ရုပ်ရှင်လက်မှတ် ၀ယ်ယူရမှာပါ။
Facebook ရဲ့ Fandango နဲ့ ပူးပေါင်းမှုဟာ လူငယ်ပရိသတ်များအတွက် ရုပ်ရှင်လက်မှတ်များ လွယ်ကူစွာ ၀ယ်ယူနိုင်ရန် ဖြစ်ပါတယ်။ ရုပ်ရှင်ရုံများဟာ YouTube, Netflix တို့လို အွန်လိုင်း ရုပ်ရှင် ၀န်ဆောင်မှုများရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ Fandango ဟာ Facebook အပြင် Snapchat မှာလည်း လက်မှတ်ရောင်းရဖို့ ကြိုးစားနေပါတယ်။
Ref: Myanmardigitallife.com



Contact Us

Name

Email *

Message *

Back To Top