iPhone 7 Plus ကို ကမ္ဘာ့အမြင့်ဆုံးတာဝါပေါ်မှာ ပစ်ချပြီးစမ်းသပ်ခြင်း

iPhone 7 Plus ကို ကမ္ဘာ့အမြင့်ဆုံးတာဝါပေါ်မှာ ပစ်ချပြီးစမ်းသပ်ခြင်း


ကမ္ဘာကျော် Apple ကနေ ထုတ်လုပ်တဲ့ iPhone 7 Plus ကို ကမ္ဘာ့အမြင့်ဆုံးတာဝါဖြစ်တဲ့ ဒူဘိုင်းရှိ  Burj Khalifa တာဝါ
ရဲ့ အမြင့်ဆုံးနေရာကနေ ပစ်ချပြီး စမ်းသပ်ခဲ့မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အဆောက်ဦဟာ အမြင့်ပေ 2700 အထိ မြင့်ပြီး၊ Burj Khalifa ရဲ့ အကြမ်းခံမှုနဲ့ FindMyiPhone app ဘယ်လောက်အထိ အလုပ်လုပ်သလဲဆိုတာကို စမ်းသပ်ကြည့်တဲ့ သဘောဖြစ်ပါတယ်။
အစီအစဉ်မစတင်ခင်မှာပဲ ၎င်းတို့ ပစ်ချမယ့် iPhone ဟာ အသစ်စက်စက်ဖြစ်ကြောင်း၊ အလုပ်ကောင်းကောင်း လုပ်နေ
ကြောင်း သက်သေပြခဲ့ပါသေးတယ်။ နောက် တာဝါရဲ့ 148 လွှာအထိ တက်ခဲ့ကြပြီး ဗွီဒီယိုရိုက်ကူုးစေကာ အောက်ကို
လွတ်လွတ်ကျွတ်ကျွတ် လွှတ်ချခဲ့ပါတယ်။
ဒါပေမယ့် ဖုန်းကို ပစ်ချပြီး စက္ကန့်ပိုင်းမှာပဲ FindMyPhone App ကို ဖွင့်ကာ ပစ်ချလိုက်တဲ့ iPhone ကို ပြန်ရှာခဲ့ပေမယ့် လုံးဝ မတွေ့ရတော့ပါဘူး။
လင်းဇော်ကို (Shwemom)
Source : thesun.co.uk



Contact Us

Name

Email *

Message *

Back To Top