Ooredoo ဆင်းကဒ်များကို မိမိ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နည်း

Ooredoo ဆင်းကဒ်များကို မိမိ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နည်း


Ooredoo ဆင်းကဒ်များကို မိမိ ကိုယ်တိုင် အလွယ်တကူ မှတ်ပုံတင်နည်း
မိမိသုံးစွဲနေတဲ့ဖုန်းနံပါတ်ကို့  မိမိရဲ့အမည်နဲ့မှတ်ပုံတင်ထားဖို့လိုအပ်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာနက နှိုးဆော်နေပါတယ်။ မိမိတို့လက်ရှိသုံးစွဲနေတဲ့ အူရီဒူးဆင်းကတ်ကို *666# ကို ခေါ်ဆိုပြီး စစ်ဆေးရာ တွင် မှတ်ပုံတင်ထားခြင်းမရှိပါက ကိုယ်တိုင်မှတ်ပုံတင်ခြင်း ပြုလုပ် နိုင် ရန် လင့်ကို SMS ဖြင့် ပေးပို့ မှာ ဖြစ်ပါတယ်။ ကိုယ်တိုင် မှတ်ပုံတင် ခြင်း ပြု လုပ် ရာတွင် အမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်၊ နိုင်ငံသား၊ ကျား / မ ၊ လိပ်စာ နဲ့ နိုင်ငံသားစိစစ်ရေးကတ် (သို့) ကျောင်းသားကတ် (သို့) ယာဉ်မောင်းလိုင်စင်ကတ် ရှေ့ / နောက် ပုံ တို့ကို ဖြည့်သွင်းရမှာပါ။ 
ကိုယ်တိုင်မှတ်ပုံတင်ခြင်း ပြုလုပ်ရာတွင်သိထားရမည့်အချက်အလက်များ။
➢ 3G /4G Ooredoo Data ကိုသာအသုံးပြု ပြီး ကိုယ်တိုင်မှတ်ပုံတင်ခြင်း လုပ်ဆောင်ရမည်၊၊
➢ ဖြည့်သွင်းထားသော အချက်အလက်များ ကို ပေါက်ကြားမူ မရှိစေရန် ထိန်းချူပ်ထားမည်ဖြစ်သည်။
➢ B2B ၀န်ဆောင်မှုကို အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ Account မန်နေဂျာကို ဆက်သွယ်၍ မှတ်ပုံတင်ခြင်းပြုလုပ်နိုင်ပါသည်။
နီးစပ်ရာအူရီဒူးအရောင်းဆိုင်များမှာလည်းသွားရောက်ပြီးမှတ်ပုံတင်နိုင်ပါတယ်။ အူရီဒူးအရောင်းဆိုင်တွေရဲ့ လိပ်စာကို သိချင်ရင်တော့ http://bit.ly/0mStorE မှာ ရှာဖွေနိုင်ပါတယ်။

Ref: Ooredoo



Contact Us

Name

Email *

Message *

Back To Top