အင်တာနတ်မလိုဘဲ ဖုန်းနဲ့ ကာရာအိုကေ သီချင်းဆိုလေ့ကျင့်နည်း


ဖုန်းထဲကနေ ကာရာအိုကေသီချင်းဆိုချင်သူတွေတွက် နည်းလမ်းကောင်းလေးကိုမျှဝေလိုက်ပါတယ်။App အမည်ကတော့ SingPlay လို့ခေါ်ပါတယ်..ယခင်ကအသုံးပြုလို့ မကောင်းတဲ့ SingPlay ဟာ ယခုအသစ်ထွက်လာတဲ့ဗားရှင်းမှာ သီချင်းတိုင်းကို ကိုယ့်အသံဖြင့်သီဆိုပြီးသီချင်းသွင်းနိုင်ပါပြီ။
ယခုဗားရှင်းမှာတော့ ကိုယ့်သီချင်းဆိုမည့် ကိုယ့်ဖုန်းထဲကသီချင်းကိုရွေးလိုက်တာနဲ့ သီချင်းက တီးလုံးများနဲ့ နောက်ခဲသီချင်းလေးဘဲလာနေပါလိမ့်မယ်...အဲ့မှာကိုယ်က ဖုန်းနားချပ်တပ်ပြီး အသံသွင်းတဲ့ခလုတ်ကိုနှိပ်ကာ ကာရာအိုကေဆိုလို့ ရပါပြီ။
သီချင်းတစ်ပုဒ်ပြည့်အောင်ဆိုပြီးရင်တော့ကိုယ်ဆိုထားတဲ့သီချင်းကို ပြန်နားထောင်းလို့ ရသလို SD Card ထဲကိုလည်း Save ယူထားလို့ ရပါပြီ။
အသံကောင်းပါတယ်ဆိုတဲ့ အဆိုဝါသနာရှင်းများတွက်အဆင်ပြေပြီပေါ့.. :D
သီချင်းဆိုနည်းကိုတော့ ScreenShot ပုံလေးတွေမှာပြထားပါတယ်..လေ့လာကြည့်ပါ..ဒီဗားရှင်းမှာအခက်အခဲမရှိဘဲ ကာရာအိုကေဆိုလို့ ရပါတယ်။

SingPlay Apk လေးကိုအောက်မှာဒေါင်းယူလိုက်ပါ။