Instagram မှာ အသစ်ပါဝင်လာတဲ့ Stories လုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုကြမလဲ

Instagram မှာ အသစ်ပါဝင်လာတဲ့ Stories လုပ်ဆောင်ချက်ကို ဘယ်လိုအသုံးပြုကြမလဲ

Instagram ဟာ မကြာသေးမီကာလက ထည့်သွင်းလိုက်တဲ့ Snapchat ပုံစံ “Stories” ဆိုတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းလိုက်ပါတယ်။ ပုံတွေကို ဒီတိုင်း Filter လုပ်နိုင်ရုံမက၊ Snapchat စတိုင်၊ ကိုယ်ကြိုက်တဲ့ စာသားတွေထည့်သွင်းတာတွေ၊ ပုံမှာ ရေးခြစ်တာတွေပြုလုပ်နိုင်တဲ့အပြင် အဲ့လိုလုပ်ထားတဲ့ ပုံလေးတွေကို ကိုယ့် Memory ရဲ့ Stories တွေအနေနဲ့ ပြသထားနိုင်မှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ Instagram မှာပါဝင်တဲ့ လုပ်ဆောင်ချက်အသစ်အသုံးပြုပုံကို ပြသသွားမှာဖြစ်ပါတယ်။
အဲ့ဒီအပြင် ကောင်းမွန်တာတစ်ခုကဘာလဲဆိုတော့ သင့် Stories တွေကို သင့် Followers တွေရဲ့ မျက်နှာပြင်မှာ ၂၄နာရီပတ်လုံး မပျောက်ပျက်အောင် ပြသထားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Instagram Stories လုပ်ဆောင်ချက်အသုံးပြုပုံကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။
အရင်ဆုံး Stories တွေပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး Instagram App ရဲ့ Home မှာတွေ့ရမယ့် အပေါ်ဘက်ဘယ်ထောင့်နားလေးက  သင်္ကေတကို နှိပ်တာ ဒါမှဟုတ် မျက်နှာပြင်ကို ဘယ်ဘက်ကို ဆွဲလိုက်တာနဲ့ Camera Mode ပေါ်လာမှာဖြစ်ပြီး သင့်အနေနဲ့ Story လုပ်လိုတဲ့ ဓာတ်ပုံကို ရိုက်ယူရမှာ ဖြစ်ပါတယ်။
instagram-stories1
ရိုက်ပြီးတာနဲ့ သင်ဟာ အပေါ်မှာပြထားတဲ့  ဒါမှမဟုတ်  သင်္ကေတကို နှိပ်ပြီး သင့်ရဲ့ Story ကို Text လုပ်တာ ရေးခြစ်တာတွေကို ပြုလုပ်နိုင်ပါတယ်။ စာရိုက်မယ်ဆိုရင် အရောင်တွေ၊ Emoji တွေကိုလည်း ရွေးချယ် ထည့်သွင်းနိုင်ပါတယ်။ အောက်ပုံအတိုင်းပါပဲ။
instagram-stories2
ရိုက်ပြီးတဲ့ စာကို သင့်အနေနဲ့ အရွယ်အစားလိုသလိုပြောင်းလဲတာ၊ နေရာ၊ အနေအထားပြောင်းတာတွေလည်း လုပ်နိုင်ပါသေးတယ်။
instagram-stories
ရေးခြစ်တာကို ရွေးချယ်လိုက်ရင်တော့ အောက်မှာ ပြထားတဲ့အတိုင်းပဲ အပေါ်က Option တွေကို ရွေးချယ်ပြီး ပုံမှာ ကိုယ်လိုအပ်သလို ရေးဆွဲနိုင်ပါတယ်။ ရေးခြစ်တဲ့ အရောင်နဲ့ အရွယ်အစားကို အောက်ဖက်မှာ ရွေးချယ်နိုင်ပါတယ်။ မှားသွားရင် Undo ကိုနှိပ်ပြီး ပြန်ဖျက်နိုင်ပါတယ်။ ပြီးသွားရင်တော့ Done လုပ်လိုက်ပါ။
instagram-stories3
ပြီးသွားပြီဆိုရင်တော့ သင့်အနေနဲ့ ပုံကို စက်ထဲပဲသိမ်းထားချင်တယ်ဆိုရင် ညာဖက်က အောက်နားလေးက အောက်စိုက်နေတဲ့ မျှားလေးကို နှိပ်လိုက်ရင် ရပါပြီ။ တကယ်လို့ Stories အနေနဲ့ Instagram မှာ ထည့်သွင်းချင်တယ်ဆိုရင်တော့ အလယ်က အပေါ်ထောင်နေတဲ့ မျှားကို နှိပ်လိုက်ပါ။
အဲ့ဒါဆိုရင် အလိုအလျောက် Story ကို ဖန်တီးပြီးသားဖြစ်ပြီး သင့် Instagram App ရဲ့ Your Story ဆိုတဲ့ နေရာမှာ အဝိုင်းလေးလည်သွားတာကိုတွေ့ရပါလိမ့်မယ်။ အဲ့ဒီအခါကျရင်၊ သင့်အနေနဲ့ Story ထဲကို ထည့်သွင်းပြီးဖြစ်ပါပြီ။
Your Story ထဲဝင်ကြည့်လိုက်ရင် ပုံတွေကို အစဉ်လိုက်ပြနေမှာ ဖြစ်ပြီး သင့်ပုံထည့်ထားရင် ထည့်ထားသလောက် မြင်ရမှာပါ။ အောက်နားမှာ သင့်ရဲ့ Stories ကို ဘယ်နှစ်ယောက်ကြည့်ရှုသွားပြီဆိုတာကို အရေအတွက်နဲ့ တွေ့ရမှာဖြစ်ပြီး အဲ့ဒါကို အပေါ်ကို ဆွဲတင်လိုက်တာနဲ့ သင့် Stories ထဲကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ပုံပါအတိုင်းပါပဲ။
instagram-stories4
သင့်အနေနဲ့ အထဲမှာ သင့် Stories ထဲက ပုံတွေကို မလိုအပ်ရင် ဖျက်ပစ်လို့ရပါတယ်။ တကယ်လို့ ကြည့်ရှုထားတဲ့ သူရှိတယ်ဆိုရင် အောက်ဖက်မှာ ကြည့်ရှုသူရဲ့ အကောင့်ပေါ်လာမှာ ဖြစ်ပါတယ်။
တစ်ခုသတိပြုရမှာက Stories လုပ်ဆောင်ချက်မှာ Album တွေခွဲလို့မရပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ပုံတွေကို ထပ်မံပြီးပဲ ပေါင်းထည့်သွားနိုင်မှာ ဖြစ်ပါတယ်။ ပုံတွေကို စီတာ၊ တစ်ခုချင်းစီသပ်သပ်ခွဲထုတ်တာတွေ ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။
instagram-stories5
ဒါပါပဲ အသုံးပြုပုံကတော့ ရိုးရှင်းလွယ်ကူပြီး သင့် Stories တွေဟာ သင့်ကို Follow လုပ်ထားသူတွေရဲ့ Instagram Timeline အပေါ်ဆုံးမှာ ပေါ်နေမှာပါ။ သင့်အနေနဲ့ တခြားသူတွေရဲ့ Stories တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်။
Ref: Digitaltimes.com.mm



Contact Us

Name

Email *

Message *

Back To Top