MPT ဖုန်း အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစတင်

MPT ဖုန်း အွန်လိုင်းမှ မှတ်ပုံတင်ခြင်းစတင်


MPT ဖုန်းများအား အွန်လိုင်းမှ မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး MPT ၏ Customer Self-Care ဝက်ဘ်ဆိုက်စာမျက်နှာတွင် မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျုတာများ အသုံးပြုပြီး မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း၊ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ MPT အမှတ်တံဆိပ် ဆိုင်ခွဲများတွင်လည်း စတင် လုပ်ဆောင်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

မကြာမီရက်များအတွင်း MPT မှပေးပို့မည့် SMS ရရှိသော သုံးစွဲသူများသည် SMS ပါ link မှတစ်ဆင့် Customer Self-Care အွန်လိုင်းစာမျက်နှာတွင် မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် ပထမဦးစွာ အကောင့် Sign up လုပ်ရမှာဖြစ်ပြီး အဲဒီကမှတစ်ဆင့် log in ဝင်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် MPT Call Centre ၏ Customer Service ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် SIM ကတ် မှတ်ပုံတင်နိုင်မည့် လိုအပ်သည့်အချက်များနှင့် နည်းလမ်းများ ကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

MPT SIM ကတ်ဖုန်းနံပါတ်ဖြင့် Customer Self-Care တွင် စာမျက်နှာသို့ ဝင်ရောက်ပြီးချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်း စတင်ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့် SMS ကို ပေးပို့သွားမည်ဟုသိရသည်။

Ref: Internetjournal.media



Contact Us

Name

Email *

Message *

Back To Top