‘Workplace’ လို့ နာမည်ပြောင်းပေးထားတဲ့ ‘Facebook at Work’ တရားဝင်ထွက်ရှိလာ

‘Workplace’ လို့ နာမည်ပြောင်းပေးထားတဲ့ ‘Facebook at Work’ တရားဝင်ထွက်ရှိလာ

လုပ်ငန်းအဖွဲ့အစည်းတွေ၊ကုမ္ပဏီတွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ။
Facebook ဟာ လပေါင်းနှစ်ဆယ်နီးပါးလောက် ‘beta’ ဗားရှင်းအဖြစ်နဲ့ပဲ ထုတ်ပေးထားခဲ့တဲ့ ‘Facebook at Work’ ကို ယခုအခါ ‘Workplace’ ဆိုတဲ့နာမည်နဲ့ မနေ့က တရားဝင်ထုတ်ပေးလိုက်ပါပြီ။
စီးပွားရေးလုပ်ငန်းတွေ၊ကုမ္ပဏီတွေအတွက် အဓိကထားရေးဆွဲထားတဲ့‘Workplace’ ကို အရင်က ကုမ္ပဏီအဖွဲ့အစည်းပေါင်း ၁၀၀၀ ကျော်သာ သုံးစွဲခွင့်ရခဲ့ပြီး၊ အခုအခါမှာတော့ တစ်ကမ္ဘာလုံးက ကုမ္ပဏီနဲ့ အဖွဲ့အစည်းတွေ အကုန်အသုံးပြုနိုင်ပြီဖြစ်တယ်လို့ Facebook က ၎င်းတို့ရဲ့ ဘလော့ဂ်ပို့စ်မှာ ရေးသားဖော်ပြထားပါတယ်။
Facebook Workplace မှာ လက်ရှိ ကျနော်တို့သုံးနေတဲ့ Facebook နဲ့ အတူတူ Groups တွေ၊ Reaction ပေးတာတွေ၊ chat လုပ်တာတွေ၊ search ၊ trending posts ၊ video ၊ live video စတာတွေ အကုန်ပါဝင်မှာပါ။ ဒီ့အပြင် လုပ်ငန်းသုံးသီးသန့် feature သစ်တွေလည်း ပါဝင်ပါတယ်။ အထူးသဖြင့် အကောင့်လုံခြုံရေးပိုင်းကိုတော့ လုံးဝစိတ်ချရမှာဖြစ်တယ်လို့ သိရပါတယ်။ Desktop ဆိုက်အပြင်၊ မိုဘိုင်းအက်ပ်အနေနဲ့ပါ ထုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။
03-profile
Workplace ကို အခမဲ့စမ်းသပ်သုံးစွဲခွင့် သုံးလပေးသွားမှာဖြစ်ပြီး၊ သုံးလကျော်ရင်တော့ လစဉ်သုံးစွဲနေတဲ့ ဝန်ထမ်း၊အဖွဲ့သားဦးရေအလိုက် လစဉ်ကြေးပေးသုံးရမှာဖြစ်ပါတယ်။
လစဉ်ကြေးကိုတော့ လုပ်ငန်းရှင်ဘက်က ဆောင်ရမှာဖြစ်ပြီး၊ နှုန်းထားကတော့ ဝန်ထမ်းဦးရေ ၁၀၀၀ အောက် ကုမ္ပဏီတွေအတွက် ဝန်ထမ်းတစ်ဦးကို တစ်လ သုံးဒေါ်လာ၊ ဝန်ထမ်းဦးရေ ၁၀၀၀ ကနေ ၁၀၀၀၀ ကြားကုမ္ပဏီတွေအတွက် ဝန်ထမ်းတစ်ဦးကို တစ်လ နှစ်ဒေါ်လာပေးရမှာဖြစ်ပြီး၊ ဝန်ထမ်းဦးရေ ၁၀၀၀၀ နှင့်အထက် ကုမ္ပဏီတွေကတော့ တစ်လကို တစ်ဒေါ်လာပဲ ပေးရမှာဖြစ်ပါတယ်။ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း (Non-profit organizations) တွေနဲ့ ပညာရေးအဖွဲ့အစည်းတွေအတွက်ကတော့ လုံးဝအခမဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
(Facebook Workplace ကို မိမိကုမ္ပဏီနဲ့လုပ်ငန်းအဖွဲ့အစည်းတွေမှာ ဘယ်လိုအကျိုးရှိရှိအသုံးချနိုင်မလဲဆိုတာ ထပ်မံရေးသားသွားပါမယ်။)
Ref: Digitaltimes.com.mm



Contact Us

Name

Email *

Message *

Back To Top