လူ့ခန္တာကိုယ် အပူချိန်ဖြင့် မောင်းနှင်မယ့် စမတ်နာရီ

အားသွင်းစရာ မလိုတဲ့ စမတ်နာရီ ပေါ်ထွက်လာပါပြီ။ PowerWatch အမည်ရ စမတ်နာရီဟာ လူ့ခန္တာကိုယ် အပူချိန်မှ စွမ်းအင်ကို စုပ်ယူနိုင်ပါတယ်။ Matrix ကုမ္ပဏီက တီထွင်တာ ဖြစ်ပြီး စမတ်နာရီကို ထုတ်လုပ်ရောင်းချဖို့အတွက် Indiegogo ၀က်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ရန်ပုံငွေ ၁၇၀ ထည့်ထားရင် ရောင်းချချိန်မှာ နာရီတစ်လုံး ရရှိမှာ ဖြစ်ပါတယ်။ စမတ်နာရီက သင့်ခန္တာကိုယ်ကနေ ထုတ်လုပ်ပေးနေတဲ့ စွမ်းအင် ပမာဏနဲ့ တစ်နေ့တာအတွင်း လောင်ကျွမ်းသွားတဲ့ ကယ်လိုရီတို့ကို ဖော်ပြပေးနိုင်ပါတယ်။ Matrix ရဲ့ Thermoelectric နည်းပညာဟာ အပူချိန်က ရရှိတဲ့ စွမ်းအင်ကို လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။ စမတ်နာရီကို စမတ်ဖုန်းဖြင့် ကြိုးမဲ့ ချိတ်ဆက်ပြီး Sync လုပ်နိုင်ပါတယ်။
Ref: Myanmardigitallife.com