MPT ဆင်းမ်ကတ်များကို online ပေါ်တွင် မှတ်ပုံတင်ခြင်း


ယနေ့မှစတင်ပြီး MPT ဆင်းမ်ကတ်များကို online ပေါ်တွင် MPT ၏ Customer Self-Care ( https://care.mpt.com.mm/) ဝက်ဆိုက်ဒ်စာမျက်နှာမှတဆင့် မှတ်ပုံတင်နိုင်ပါပြီ။
*ပထမဦးစွာ အကောင့် Sign Up လုပ်ပါ 
*အွန်လိုင်းမှတ်ပုံတင်ခြင်းစတင် ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့် SMS ကိုလက်ခံရရှိပါမယ်။ 
*အကောင့် Sign Up လုပ်ပြီးပါက Customer Self-Care တွင် လိုအပ်သည့်အချက်အလက်များဖြည့်သွင်းပြီး ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အဆင့်ဆင့်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ မှတ်ပုံတင်ရန်အချက်အလက်များဖြည့်သွင်းရာတွင် မိမိတို့၏ ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကဒ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ ပုံ သို့မဟုတ် Scan ဖတ်ထားသည့်ပုံကို ဖြည့်သွင်းပေးရန် လိုအပ်ပါတယ်။

အွန်လိုင်းမှမဟုတ်ဘဲ MPT အမှတ်တံဆိပ်ရှိ ဆိုင်များတွင်သွားရောက် မှတ်ပုံတင်လိုပါက နိုင်ငံသားစိစစ်ရေးကဒ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် ယူဆောင်လာရပါမယ်။ ဆိုင်လိပ်စာများကို http://bit.ly/2ehjnES တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။
Ref: MPT