Selfie ဓာတ်ပုံလှလှလေးရဖို့ သိထားသင့်သောအချက်များ

Selfie ဓာတ်ပုံလှလှလေးရဖို့ သိထားသင့်သောအချက်များ


အမှတ်တရတွေထဲမှာ ဓာတ်ပုံတွေကလည်း အရေးပါတဲ့အမှတ်တရဖြစ်တဲ့အတွက် ကိုယ့်ရဲ့အမှတ်တရလေးတွေ
ဘယ်ချိန်ထုတ်ကြည့်ကြည့် စိတ်ချမ်းသာပျော်ရွှင်ဖို့ဆိုရင် စတိုက်အမိုက်စားလေးတွေနဲ့ ရိုက်ထားဖို့တော့လိုတယ်နော်။အခု Shwemomပရိသတ်ကြီးကို Selfieလှလှလေးတွေကိုယ်တိုင်ဖန်တီးနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို
ဖော်ပြပေး လိုက်ပါတယ်။

ခေါင်းကို အနည်းငယ်စောင်းတဲ့ ပုံစံ

Self portrait
Selfie ပုံဖြစ်တဲ့အတွက် ကိုယ့်ရဲ့မျက်နှာကိုဦးစားပေးရိုက်တဲ့အခါ ကင်မရာထဲမှာ မျက်နှာကြီး ပြူးပြဲနေတာမျိုး
မဖြစ်အောင် ခေါင်းကိုအနည်းငယ်စောင်းပြီးရိုက်ရင်ပိုပြီးအဆင်ပြေပါတယ်။ကိုယ့်ရဲ့မျက်လုံးတွေက ကင်မရာ
မှန်ဘီလူးကို အသက်ဝင်အောင်ကြည့်နေဖို့တော့လိုတယ်နော်။ ဒီအနေအထားက ချစ်စဖွယ်ဟန်ပန် ဒါမှမဟုတ်
ခပ်မိုက်မိုက်အကြည့်မျိုး ပို့စ်ပေးလို့ အကောင်းဆုံးပါ။

မျက်နှာပေါ်မှာအလှဆုံးလို့ယူဆတဲ့အပိုင်းကိုဦးစားပေးပါ

ကိုယ့်မျက်နှာမှာ မျက်လုံး၊မျက်ခုံး၊နှုတ်ခမ်းစသဖြင့် ကိုယ့်ကိုယ်ကိုယ်အလှဆုံးလို့သတ်မှတ်တဲ့အပိုင်းကို ဦးစားပေး
ပို့စ်ပေးပါ။ ဥပမာ မျက်လုံးလှတယ်လို့ယူဆရင် မျက်လုံးကို တောက်တောက်ပပလေးဖြစ်အောင်နေတာ၊ မျက်ခုံး
ဆိုရင်လည်း မျက်ခုံးလေးပင့်ကြည့်တာမျိုးစသဖြင့် ပို့စ်ပေးလို့ရပါတယ်။

အလင်းရောင်ရှိဖို့လည်းလိုတယ်

selfie
ကိုယ်က အသားညိုသူဆိုရင်တောင် ပြင်ပအလင်းရောင်ကို အကူအညီယူပြီး လှပတဲ့ selfieအမိုက်စားလေးတွေဖန် တီးနိုင်ပါတယ်။ တခါတလေ ဆံပင်က မျက်နှာကို ကွယ်နေတာမျိုး အလင်းရောင်က မျက်နှာပေါ်မှာ အရိပ်ကျနေတာမျိုး
မဖြစ်အောင်သတိထားသင့်ပါတယ်။ အလင်းရောင်သိပ်မရှိတဲ့နေရာတွေမှာတော့ ရိုက်ချင်ရင်တော့ Samsung Galaxy S7 တို့လို အဆင့်မြင့်နည်းပညာပါဝင်တဲ့ဖုန်းတွေကပဲ စွမ်းဆောင်နိုင်တာတွေ့ရပါတယ်။

ကိုယ်ပိုင်စတိုင်နဲ့ ပို့စ်ပေးပါ

လူတစ်ယောက်မှာ ကိုယ်ပိုင် စတိုင်ရှိသင့်သလို ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်အသား လူတွေရဲ့ရှေ့မှာ ယုံကြည်မှုရှိရှိနေသင့်
ပါတယ်။ ကိုယ်နှစ်သက်သဘောကျတဲ့ ပုံစံမျိုး ပို့စ်ပေးနိုင်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်းပဲရှိတယ်
ဆိုတဲ့ လွတ်လပ်တဲ့ခံစားချက်လေးနဲ့ပေါ့။

ကင်မရာကို ခေါင်းအထက် အမြင့်မှာထားပါ

Image-5-Launch-of-the-Samsung-Galaxy-S7
Selfie ရိုက်တဲ့အခါ များသောအားဖြင့် ကင်မရာကို မျက်နှာရှေ့တည့်တည့်မှာ မထားသင့်ပါဘူး။ လွတ်လပ်တဲ့ခံစားမှုနဲ့
စိတ်ကြိုက် selfie လှလှလေးတွေဖန်တီးမှာဆိုတော့ ကောင်းကင်ကြီးကို မော့ကြည့်နေတဲ့ပုံစံမျိုးဖြစ်အောင် ကင်မရာကို
မျက်နှာနဲ့အထက်နားမှာ ထားပြီး ရိုက်သင့်ပါတယ်။ တချို့ကျတော့ ဖုန်းကင်မရာရဲ့ megapixels အခက်အခဲကြောင့်
ခပ်ဝေးဝေးမှာထားရင် ရုပ်ထွက်မကောင်းတာမျိုး၊ ၀ါးတာမျိုးဖြစ်တတ်ပါတယ်။ 
Ref: shwemom.com



Contact Us

Name

Email *

Message *

Back To Top