Android ဖုန်းရဲ့ မိုဘိုင်းဒေတာ အသုံးပြုမှုကို လျှော့ချခြင်း


မိုဘိုင်းကွန်ရက်တွေက သင့်ရဲ့အင်တာနက် သုံးစွဲမှုကို ပိုမိုကုန်ကျစေပါတယ်။ ကိုယ့်အနေနဲ့ လစဉ် မိုဘိုင်းဒေတာစနစ်နဲ့ သတ်မှတ်သုံးစွဲရင်တောင်မှ လမကုန်ခင်မှာပဲ ဒေတာကုန်သွားတာမျိုး ကြုံဖူးကြမှာပါ။ ကိုယ့်အနေနဲ့ ဖုန်းကနေဒေတာ သုံးစွဲမှုကို အလွယ်တကူ ကြည့်ရှုစစ်ဆေးနိုင်သလို ဖုန်းရဲ့ systems နောက်ကွယ်က နေအသုံးပြုနေတဲ့ ဒေတာသုံးစွဲမှုတွေကို ကန့်သတ်ထားနိုင်ပါတယ်။
အရင်ဆုံး ကိုယ့်ရဲ့ဖုန်းကနေ မိုဘိုင်းဒေတာ သုံးစွဲမှု ဘယ်လောက်ရှိတယ် ဆိုတာကို စစ်ဆေးဖို့အတွက် ဖုန်းရဲ့ မြင်ကွင်းပေါ်က Settings icon ကို နှိပ်ပါ။
Settings စနစ်ထဲကို ရောက်သွားရင်တော့ Data usage ဆိုတဲ့ စာသားကို ထပ်နှိပ်လိုက်ပါ။
Data usage စနစ်ထဲကို ရောက်သွားပါမယ်။ အောက်မှာဖော်ပြ ထားတဲ့အတိုင်း ကိုယ့်အနေနဲ့ နေ့အလိုက်အသုံးပြုခဲ့တဲ့ ဒေတာပမာဏကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ SIM1, SIM2, Wi-Fi စတဲ့  စနစ်သုံးမျိုးလုံးအတွက် အသုံးပြုခဲ့သမျှကို ဖုန်းကနေမှတ်သားထား ပေးတာဖြစ်ပါတယ်။
အောက်ကပုံကတော့ ကိုယ့်အနေနဲ့ မိုဘိုင်းဒေတာကို ဖွင့်လိုက်တာနဲ့ ဖုန်းရဲ့ system ကနေအသုံးပြုလျက်ရှိတဲ့ မိုဘိုင်း App တွေရဲ့ ဒေတာအသုံးပြုမှုကို ကြည့်ရှုစစ်ဆေးဖို့ ဖြစ်ပါတယ်။ (ကိုယ့် ဖုန်းရဲ့ Data usage ထဲကို ဝင်ကြည့်ပေးမယ့် ပုံထဲကလို App တွေရဲ့ ဒေတာအသုံးပြုမှု မပေါ်ရင်တော့ မိုဘိုင်းဒေတာကို စက္ကန့်အနည်းငယ် ဖွင့်ပေးလိုက်ပါက ပေါ်လာမှာ ဖြစ်ပါတယ်။
ခုဆက်လက်ပြီး App တစ်ခုချင်းကနေ သုံးစွဲတဲ့ဒေတာပမာဏ ကို စစ်ဆေးပါမယ်။ မိမိစစ်ဆေးကြည့်လိုတဲ့ App ကို နှိပ်လိုက်ပါ။
App ကိုနှိပ်လိုက်ရင်တော့ အဲဒီ App ရဲ့ Foreground နဲ့ Background အသုံးပြုနေတဲ့ Data ပမာဏကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဒီလိုမျိုး App တွေကနေ ပုံမှန်သုံးစွဲနေတဲ့ ဒေတာက ကိုယ့်ရဲ့မိုဘိုင်းဒေတာကို ပိုမိုကုန်ကျစေတာလည်း ဖြစ်ပါတယ်။ အဲလိုမျိုး မဖြစ်စေဖို့ ကိုယ့်အနေနဲ့ အသုံးမလိုတဲ့ App ကို ဖုန်းထဲကနေ Uninstall လုပ်ပြီး ဒေတာအသုံးပြုမှုကို လျှော့ချနိုင်ပါတယ်။ ကိုယ့်အတွက် App တွေက အသုံးလိုတယ်ဆိုရင်တော့ ကိုယ့်ရဲ့တစ်နေ့တာ ဒေတာအသုံးပြုမှုကို ကန့်သတ်ထားနိုင် ပါသေးတယ်။
မိုဘိုင်းဒေတာ အသုံးပြုမှုကို ကန့်သတ်ထားဖို့အတွက် ကိုယ်အသုံးပြုနေတဲ့ SIM ရဲ့ မိုဘိုင်းဒေတာစနစ်ကို ဖွင့်လိုက်ပါ။
မိုဘိုင်းဒေတာစနစ်ကို ဖွင့်ပြီးရင်တော့ Set cellular data limit ဆိုတာကို ထပ်မံ On ပေးလိုက်ပါ။ အဲလို On လိုက်ရင်တော့ အောက်ဖော်ပြပါပုံအတိုင်း အရောင်နဲ့ဘားတန်း လေးတွေပေါ်လာမှာဖြစ်ပြီး အဲဒီဘားတန်းလေးကို အပေါ်အောက်ရွှေ့ပြီး မိမိကန့်သတ်ချင်တဲ့ ပမာဏကို ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်ကန့်သတ်ထားတဲ့ ကန့်သတ်ချက်ကို ရောက်ပြီဆိုရင်တော့ ဖုန်းကနေ အချက်ပေးဖို့အတွက်လည်း သတ်မှတ်ထားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ့်အနေနဲ့ နောက်ကွယ်ကနေ ပွင့်မနေစေချင်တဲ့ App တွေရဲ့ Data အသုံးပြုမှုကို Restrict app background data ကို ကလစ်နှိပ် on ပေးထားပြီး ကန့်သတ်ထားနိုင် မှာလည်းဖြစ်ပါတယ်။
Restrict app background data ကို App တစ်ခုချင်းအလိုက်လည်း ကန့်သတ်ထားနိုင်သလို App အားလုံးအတွက်လည်း ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။
Ref: Internetjournalmedia