သင့် စမတ်ဖုန်းဟက်မခံရအောင် ကာကွယ်ဖို့ နည်းလမ်း (၅) သွယ်

တစ်နေ့တစ်နေ့ စမတ်ဖုန်းနဲ့ အချိန်ဘယ်လောက်ကုန်ခဲ့လဲ သေချာပြန်စဉ်းစားကြည့်ပါ။ ပျှမ်းမျှအားဖြင့် လူတစ်ယောက်ဟာ နေ့စဉ် ၄ နာရီမက စမတ်ဖုန်းအသုံးပြုကြပါတယ်။ ဖုန်းပြောတာကစ မိမိကြိုက်နှစ်သက်တဲ့ app တွေ ဒေါင်းလုဒ်ဆွဲတာ၊ အွန်လိုင်းကနေ ဈေးဝယ်တဲ့အထိ ဒီကိရိယာတွေကို နည်းလမ်းပေါင်းစုံအတွက် အသုံးပြုကြပါတယ်။ ပုံတွေကို ကလိခ်နှိပ်၊ အရေးကြီး စာရွက်စာတမ်းတွေ save လုပ်၊ တခါတရံ ကျွန်ုပ် ATM/Web banking pin တွေပါ သိမ်းဆည်းကြပါတယ်။
စမတ်ဖုန်းက ကျွန်ုပ်တို့ဘဝမှာ မရှိမဖြစ် ကိရိယာတစ်ခု ဖြစ်လာပါပြီ။ မိမိစမတ်ဖုန်းသာ ပျောက်သွားခဲ့ရင်ဆိုတဲ့အတွေးက ကျောချမ်းစဖွယ်ကောင်းလှပါတယ်။ ကံမကောင်းစွာနဲ့ပဲ နယူးဒယ်လ်ဟီးနဲ့ မမ်ဘိုင်းလိုနေရာမျိုးမှာ မိုဘိုင်းဖုန်း အလုံးရေ ၄၀ ကျော် နေ့စဉ်ခိုးခံနေရကြောင်း သတင်းထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။ ဒီတော့ မိမိစမတ်ဖုန်း အခိုးမခံရ၊ ဟက်မခံရအောင် ကာကွယ်စောင့်ရှောက်ဖို့ အချိန်ရောက်ပါပြီ။
၁။ လျို့ဝှက်လုံခြုံရေးစနစ် အဓိက
Android က မိမိဖုန်းထဲက ဒေတာအားလုံး လုံခြုံအောင် ကာကွယ်ပေးထားပါတယ်။ ဒေတာတွေ ပြန်ဖော်ဖို့ စက်ဖွင့်တိုင်း password သို့မဟုတ် PIN ရိုက်ထည့်ဖို့ လိုအပ်ပါလိမ့်မယ်။ စိတ်ပျက်စရာ ထင်ရပေမယ့် မိမိဖုန်း သူများဆီ မှားယွင်းရောက်ရှိသွားခဲ့ပါက password သို့မဟုတ် PIN မရှိဘဲ ဒေတာတွေ ဝင်ကြည့်နိုင်စရာအကြောင်း မရှိပါဘူး။ အဲဒါကို ဖုန်းအတွင်းရှိ Android device ရဲ့ Security Settings ကတဆင့် activate လုပ်နိုင်ပါတယ်။ App တွေ၊ ဖိုင်တွေ ကာကွယ်ဖို့ applock ၊ document locker (Android) နဲ့ Signal (iOS) စတဲ့ app တွေကိုလည်း အသုံးပြုနိုင်ပါတယ်။
၂။ မသိတဲ့ Wi-Fi တွေ ချိတ်မသုံးပါနဲ့
ဖုန်းထဲက ကိုယ်မသိတဲ့ Wi-Fi network တွေ မသုံးပါနဲ့။ မိမိ mobile service provider ကနေ data pack ကိုပဲ ဝယ်သုံးပါ။ သင့် bank account တွေ စီမံလုပ်ဆောင်ဖို့ လုံခြုံမှုမရှိတဲ့ free Wi-fi ထက် သင့်ကိုယ်ပိုင် internet data ဖွင့်သုံးတာ ပိုစိတ်ချရပါတယ်။ 
၃။ ကိုယ်မသိတဲ့ app resource
Google play နဲ့ Apple App store နှစ်ခုလုံးမှာ မှန်ကန်ကြောင်းအတည်ပြုနိုင်တဲ့ app သို့မဟုတ် game တွေ ရှိကြပါတယ်။ အဲဒီ app တွေကို စမတ်ဖုန်းနဲ့ ဝင်ကြည့်ပြီး စိတ်ချလက်ချ download ရယူနိုင်ပါတယ်။ သင့်ကို ဘယ်ကနေမှန်းမသိတဲ့ web link ကနေ app ကို download ရယူဖို့ မေးတဲ့ website/ mailer တွေ ပလိုပျံနေအောင် ရှိပါတယ်။ မလုပ်ပါနဲ့။ အဲဒီ app က app store မှာ မရှိဘူးဆိုရင် ဒေါင်းလုဒ်ဆွဲ၊ install လုပ်ခြင်းမျိုး မပြုပါနဲ့။
၎။ Anti-virus ကို install လုပ်ထားပါ
မိမိစမတ်ဖုန်းကနေ ဝက်ဘ်ဆိုဒ်တွေ မွှေနှောက်ရှာဖွေပြီး ဒေါင်းလုဒ်ဆွဲတတ်ပါက anti-virus တစ်ခုခု ထည့်သွင်းပါ။ AVG Free ၊ Avast စတဲ့ free anti-virus စတဲ့ app တွေ များစွာ ရှိပါတယ်။ ဒါပေမယ့် Norton သို့မဟုတ် Kaspersky Adroid antivirus app ကို ဝယ်သုံးဖို့ အကြံပြုလိုပါတယ်။ ဒီ app တွေက ဗိုင်းရပ်စ်ရန်မှ ကာကွယ်စောင့်ရှောက်ပေးပြီး ဘယ်ဝက်ဘ်ဆိုဒ်တွေ လုံခြုံစိတ်ချရလဲဆိုတာ ဖော်ပြပေးပါတယ်။ 
၅။ Update ပြုလုပ်ပါ
မိမိစမတ်ဖုန်း software နဲ့ app တွေ up-to-date မပြတ်လုပ်ပေးပါ။ App တွေ update ရှိတိုင်းလုပ်ပေးပါ။
Ref: TOI 
Ref: trend.com.mm