ခရီးသွားများ သိထားသင့်သည့် မိုဘိုင်းလုံခြုံရေး နည်းလမ်း (၁၀) ခု

ခရီးသွားများ သိထားသင့်သည့် မိုဘိုင်းလုံခြုံရေး နည်းလမ်း (၁၀) ခု


၁။ ကိုယ့်ရဲ့ ထုတ်ကုန်အားလုံးကို update လုပ်ပါ

Laptop တွင် operating system နှင့် anti-virus software နောက်ဆုံးဗားရှင်းများကို အသုံးပြုပါ။

ဖုန်းနှင့် tablet တွင် နောက်ဆုံးပေါ် operating system ကို ထည့်သွင်းပြီး app တွေကို update လုပ်ပါ။ Software နဲ့ app update တွေမှာ အားနည်းချက်နဲ့ လုံခြုံရေးယိုပေါက်တွေကို ပြင်ဆင်ထားပါတယ်။

၂။ Lock လုပ်ထားပါ

ဖုန်းကို အမြဲတမ်း unlock လုပ်ရတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းပေမယ့် ခရီးသွားတဲ့အခါ ကိုယ့်ရဲ့မိုဘိုင်းထုတ်ကုန်တွေကို လုံခြုံမှုရှိစေဖို့အတွက် နည်းလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်။ ဖုန်း၊ tablet နဲ့ laptop ကို Password နဲ့ ကာကွယ်ထားပါ။ Email နဲ့ ဘဏ်အချက်အလက်တွေလို အရေးကြီးတဲ့ အချက်အလက်တွေ သိမ်းဆည်းထားတဲ့ app တစ်ခုချင်းစီအတွက်လည်း password များ သတ်မှတ်ပါ။

၃။ Wi-Fi Hotspot များကို သတိထားပါ

ဘယ် Wi-Fi ကွန်ရက်ကိုမှ မချိတ်ဆက်ပါနဲ့။ ချိတ်ဆက်တဲ့အခါမှာလည်း လုံခြုံမှု ရှိ၊ မရှိ သေချာစစ်ဆေးပါ။ Password မလိုတဲ့ ကွန်ရက်တွေကို ရှောင်ပါ။ လေဆိပ်နဲ့ ဟိုတယ်က ကွန်ရက်တွေက စိတ်ချရပေမယ့် ခရီးသည်တွေကို လှည့်စားဖို့ ဟက်ကာတွေက အလားတူ နာမည်တွေနဲ့ ကွန်ရက်တွေဖန်တီးနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

၎။ အများသုံး ကွန်ပျူတာများကို ရှောင်ပါ

ကွန်ပျူတာသုံးဖို့ အရေးတကြီး မလိုအပ်ဘူးဆိုရင် ဟိုတယ်စင်တာတွေနဲ့ အင်တာနက်ကဖေးတို့လို အများသုံးကွန်ပျူတာများ အသုံးပြုခြင်းကို ရှောင်ပါ။ ဝေမျှထားတဲ့ ကွန်ပျူတာတစ်လုံးကို မဖြစ်မနေသုံးစွဲရမယ်ဆိုရင် ကိုယ့်ရဲ့ email နဲ့ bank account တွေကို မစစ်ပါနဲ့။ နောက်ပြီး username နဲ့ password လိုတဲ့ ဝက်ဘ်ဆိုက်တွေကို ရှောင်ပါ။

၅။ Back up လုပ်ပါ

ခရီးမထွက်ခင် data ကို back up လုပ်ပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုမှာ သိမ်းဆည်းပါ။ အကယ်၍ ဖုန်း သို့မဟုတ် laptop ပျောက်ဆုံးသွားတဲ့အခါမှာ အရေးကြီးတဲ့ ဖိုင်နဲ့ မီဒီယာတွေကို back up လုပ်ထားတဲ့ဖိုင်ကနေ ပြန်လည်ရယူနိုင်ပါတယ်။

၆။ VPN သုံးပါ

Virtual Private Network (VPN) တစ်ခုဟာ ဟက်ကာတွေရဲ့ရန်ကနေ အချက်အလက်တွေကို လုံခြုံမှုရှိစေရန်တွက် အင်တာနက်ချိတ်ဆက်မှုကို ကာကွယ်ပေးပါတယ်။ VPN မရှိသေးဘူးဆိုရင် VPN ကွန်ရက်တစ်ခု တည်ဆောက်ပုံကို လေ့လာပါ။

၇။ Bluetooth ပိတ်ထားပါ

လေဆိပ်နဲ့ ဟိုတယ်ဧည့်ခန်းမလို အများသုံးနေရာတွေမှာ Bluetooth ကို ဖွင့်ထားမယ်ဆိုရင် အနီးအနားမှာရှိတဲ့သူ တစ်ယောက်ယောက်က signal ကို ရယူပြီး ကိုယ့်ရဲ့ထုတ်ကုန်ကို အသုံးပြုခွင့်ရသွားပါလိမ့်မယ်။ ဒါကြောင့် လုံခြုံမှုရှိစေဖို့ Bluetooth ကို ပိတ်ထားပါ။

၈။ Find My iPhone နဲ့ Where's My Droid ကို သုံးပါ

iOS သုံးစွဲသူတွေက Find My iPhone ကို enable လုပ်ပါ။ Android သုံးစွဲသူတွေကတော့ Where's My Droid ကို download လုပ်ထားပါ။ အကယ်၍ ဖုန်နဲ့ tablet ပျောက်ဆုံးသွားတဲ့အခါ ဒါမှမဟုတ် ခိုးယူခံထားရတဲ့အခါမှာ ဒီ app တွေကို အသုံးပြုပြီး ရှာဖွေနိုင်ပါတယ်။

၉။ Remote Wipe နဲ့ အချက်အလက်တွေကို ကာကွယ်ပါ

Remote wipe ဟာ ဖုန်း ဒါမှမဟုတ် tablet ပေါ်က အချက်အလက်အားလုံးကို remote device တစ်ခုကနေ ဖျက်နိုင်ပါတယ်။ iPhone မှာ Find my iPhone ကို enable လုပ်ထားတယ်ဆိုရင် iCloud.com မှာ login လုပ်ပြီး ဖုန်းနဲ့ tablet က အချက်အလက်ကို အဝေးကနေ လှမ်းဖျက်နိုင်ပါတယ်။ Android ပေါ်မှာဆိုရင် Android Device Manager က "allow remote lock and erase" ကို ရွေးပါ။ ဖုန်းပျောက်သွားတဲ့အခါမှာ Google account ကနေ Android Device Manager ကို အသုံးပြုပြီး အချက်အလက်ကို ဖျက်နိုင်ပါတယ်။

၁၀။ ကိုယ့်ရဲ့ခရီးစဉ်ကို လူမှုကွန်ရက်ပေါ်မှာ မကြေညာပါနဲ့

ခရီးသွားတဲ့အခါမှာ ကိုယ့်ရဲ့ မိုဘိုင်းထုတ်ကုန်တွေအတွက် စိတ်ချရပေမယ့် အိမ်မှာကျန်ခဲ့တဲ့ အရာတွေအတွက် လုံခြုံမှုရှိဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခရီးစဉ်တွေကို လူမှုကွန်ရက်ပေါ်မှာ ကြေညာတဲ့အခါ သတိပြုပါ။ နောက်ပြီး GPS အခြေခံ geotag အချက်အလက်တွေက ကိုယ့်ရဲ့တည်နေရာကို သိရှိနိုင်တာကြောင့် ဓာတ်ပုံတွေတင်တဲ့အခါမှာလည်း သတိပြုဖို့လိုပါတယ်။

Ref: NerdGraph
Ref: internetjournal.media/


Contact Us

Name

Email *

Message *

Back To Top