Facebook Messenger တွင် သူငယ်ချင်း အယောက် ၅၀ ထိ တစ်ပြိုင်နက် video chat ပြုလုပ်နိုင်


Facebook Messenger သည် Snapchat ပုံစံ lens များနှင့်အတူ chat app ၏ ကင်မရာကို အဆင့်မြှင့်တင်ခဲ့ပြီးနောက် ယခုအခါ လူ ၅၀ အထိ တစ်ပြိုင်နက် စကားပြောဆိုနိုင်မည့် group video call feature ကို အဆင့်မြှင့်တင်ပေးခဲ့သည်။

Facebook ၏ group video chat သည် တစ်ကြိမ်လျှင် ၆ ဦးအထိသာ တွေ့မြင်နိုင်ပြီး group chat အတွင်းပါဝင်ရန် လူ ၅၀ အထိ ထည့်သွင်းကာ အသံနားထောင်ရန် သို့မဟုတ် ကင်မရာဖြင့် ကြည့်ရှုရန် ရွေးချယ်နိုင်သည်။

အဆိုပါ group video chat သစ်ကို အသုံးပြုရန်အတွက် iOS နှင့် Android တွင် နောက်ဆုံးထွက် Messnger ဗားရှင်း ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်သည်။

Ref: Pocket-lint
Credit: internetjournal.media