Google က Trusted Contacts App ကို ဖြန့်ချီ

စမတ်ဖုန်းများဟာ မိသားစုဝင်များ၊ သူငယ်ချင်းများကြားမှာ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ အရေးပါတဲ့ ကိရိယာများ ဖြစ်လာပါပြီ။ အရေးပေါ် အခြေအနေများမှာ ဆိုရင် ပိုလို့တောင် အသုံးဝင်ပါတယ်။ Google က မိသားစုဝင်များ၊ သူငယ်ချင်းများရဲ့ တည်နေရာကို ခြေရာခံနိုင်တဲ့ Trusted Contacts App ကို မိတ်ဆက်လိုက်ပါတယ်။
Trusted Contacts App ကို ဒေါင်းလုပ်လုပ်ပြီးရင် သင်နဲ့ ရင်းနှီးသူများကို ယုံကြည်ရသူ အဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီ လူများက သင်ရဲ့ တည်နေရာကို အချိန်နဲ့ တစ်ပြေးညီ သိရှိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီ စွမ်းဆောင်ချက်ဟာ Offline မှာတောင် အလုပ်ဖြစ်တယ်လို့ Google က ပြောပါတယ်။
.
သင့်တည်နေရာကို သင်နဲ့ ရင်းနှီးသူက တောင်းခံလာတဲ့အခါမှာ ငြင်းဆန်ဖို့ အချိန် ၅ မိနစ်ရမှာ ဖြစ်ပါတယ်။ ငြင်းဆန်မှု မပြုဘူးဆိုရင်တော့ ၅ မိနစ်နေရင် အလိုအလျှောက် သင့်ရဲ့ တည်နေရာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Trusted Contacts App ကို Android KitKat နဲ့ သူ့အထက်မှာ အသုံးပြုနိုင်ပြီး Google Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။ လက်ရှိမှာတော့ Android Smartphone နဲ့ Tablet များမှာသာ အသုံးပြုနိုင်သေးပြီး iOS Devices များအတွက် ဖန်တီးနေတယ်လို့ Google က ပြောပါတယ်။ iOS Users များက Trusted Contacts App အတွက် Sign Up လုပ်ထားနိုင်ပြီး ဖြန့်ချီတဲ့ အချိန်မှာ အသိပေးမှာ ဖြစ်ပါတယ်။
Ref: Digitaltimes.com.mm