Iphone နားကြပ်ကြောင့် လည်ပင်းပြတ်ပြီးသေတော့မလိုဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်

Iphone နားကြပ်ကြောင့် လည်ပင်းပြတ်ပြီးသေတော့မလိုဖြစ်ခဲ့တဲ့ ဆယ်ကျော်သက်

အသက် ၁၆ နှစ်အရွယ် ဘရက်ဒလေ ၀ီလော့ ဆိုသူကောင်လေးဟာ နားကြပ်ကို ဆိုင်ကယ်ဦးထုတ်ဆောင်းနေစဉ်အတွင်းမှာ ၀တ်ထားခဲ့ပြီး နားကြပ်ဟာ ခြံစည်းရိုးအငုတ်တစ်ခုမှာ ညှပ်သွားစဉ်အခါမှာတော့ လည်ပင်းပြတ်ခါနီးဖြစ်သွားခဲ့ပါတယ်။nintchdbpict000290417187သူဟာ ဆိုင်ကယ်ပေါ်ခုန်တက်ခြင်းကို လေ့ကျင့်နေတာဖြစ်ပြီး ဆိုင်ကယ်ပေါ်ခုန်အတက်မှာ နားကြပ်ဟာ ခြံစည်းရိုးနဲ့ ငြိသွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အမေ အန်ဂီဟာ သူကိုတွေ့တဲ့အခါမှာ သူ့ရဲ့ ဘယ်ခြေကျင်းဝတ်ဟာ အဆစ်လွဲနေခဲ့ပြီး ၀ိုင်ယာကြိုးကြောင့်ဖြစ်တဲ့ ဒဏ်ရာတွေဟာ သူခန္ဓာကိုယ် ၀မ်းဗိုက်ပိုင်းမှာ  တွေ့ခဲ့ရပြီး အကြီးဆုံးဒဏ်ရာကတော့ သူ့ရဲ့လည်ပင်းဖြစ်ပါတယ်။နားကျပ်အတွင်းက ကြေးကြိုးလေးဟာ သူရဲ့လည်ပင်းကြွက်သားတွေကို လှီးဖြတ်သလိုဖြစ်သွား ပြီး သူ့ရဲ့ လေပြွန် ကိုထိမိဖို့ တည်းတည်းလေးလိုတော့ တာပဲဖြစ်ပါတယ်။nintchdbpict000290417183nintchdbpict000290417180nintchdbpict000290417185အန်ဂီကတော့ ” ဘရက်ဒလေဟာ သူရဲ့ အိတ်ထဲမှာ Iphone ထည့်ထားပြီးတော့ နားကျပ်လည်းတပ်ထားပြီး ခြံစည်းရိုးကိုကျော်အတက် နားကျပ်ဟာ ခြံစည်းရိုးနဲ့ ငြိသွားပြီး သူရဲ့လည်ပင်းကို ဖြတ်လိုက်သလိုဖြစ်သွားပါတယ်။နားကြပ်ကြေးကြိုးဟာ လေပြွန်ကို မထိသွားတာ တော်တော်ကံကောင်းပါတယ်။ကယ်ဆယ်ရေးရဟတ်ယာဉ်ဟာ ဘရက်ဒလေကို ကွင်းစ်လန်း ကနေ့ ကိန်းမြို့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးတော့ လည်ပင်းက ပြတ်ရာကို ၆ ချက် ချုပ်ခဲ့ရပြီးမှ ခြေထောက်ကိုတော့ ခွဲစိတ်မူပြုလုပ်ပြီး အခုတော့ အသက်အန္တရာယ်စိုးရိမ်စရာမရှိတော့ ဘူးလို့ဆိုပါတယ်။
Lumos (Shwemom)
Ref: shwemom.com



Contact Us

Name

Email *

Message *

Back To Top