KFC ရဲ့ နည်းပညာမြင့် ကြက်ကြော်ဆိုင်

KFC China က တရုတ် နည်းပညာကုမ္ပဏီ ဘိုင်ဒူးနဲ့ ပူးပေါင်းပြီး ဘေဂျင်းရှိ ကြက်ကြော်ဆိုင်မှာ အဆင့်မြင့် နည်းပညာများ တပ်ဆင်တော့မှာ ဖြစ်ပါတယ်။ စမတ် ကြက်ကြော်ဆိုင် အဖြစ် တည်ဆောက်မှာဖြစ်ပါတယ်။ သူ့ရဲ့ နည်းပညာက ဆိုင်ကိုလာတဲ့ လူများရဲ့ မျက်နှာများကို မှတ်သားထားနိုင်ပြီး ကျား၊ မ၊ သူတို့ရဲ့ စိတ်အခြေအနေ၊ အသက်အရွယ် အပေါ်မူတည်၍ သင့်တော်တဲ့ အစားအစာများကို အကြံပြုပေးမှာ ဖြစ်ပါတယ်။
သူတို့ရဲ့ နည်းပညာဟာ မျက်နှာများကို ခွဲခြမ်းစိတ်ဖြာထားတဲ့ Database ကို ဖန်တီးမှာ ဖြစ်ပါတယ်။ သူ့ရဲ့ မျက်နှာမှတ်သားတဲ့ နည်းပညာဟာ ဆိုင်ကိုလာဖူးတဲ့ လူများကို မှတ်မိတယ်လို့ ဘိုင်ဒူးက ပြောပါတယ်။ စားသုံးသူများအတွက်လည်း ဂိမ်းကစားနိုင်တဲ့ အစီအစဉ်များကို ဖန်တီးပေးထားပါတယ်။ စားသုံးသူများက သူတို့ရဲ့ စမတ်ဖုန်းမှ Mobile Baidu App ကို အသုံးပြု၍ စားပွဲခုံမှ စတစ်ကာကို Scan လုပ်ခြင်းဖြင့် Augmented Reality Games များကို ကစားနိုင်မှာ ဖြစ်ပါတယ်။
KFC China ဟာ သူ့ရဲ့ ကြက်ကြော်ဆိုင်မှာ နည်းပညာအသစ်များ ထည့်သွင်းဖို့ စဉ်ဆက်မပြတ် ကြိုးစားနေပါတယ်။ ယခုနှစ်အစောပိုင်းမှာ KFC China နဲ့ ဘိုင်ဒူးတို့ ပူးပေါင်း၍ ရှန်ဟိုင်းမှာ Original+ စားသောက်ဆိုင်ကို ဖွင့်လှစ်ခဲ့ပြီး စားသုံးသူများက ဘိုင်ဒူးရဲ့ Duer စက်ရုပ်ကို အစားအစာများ မှာနိုင်တဲ့ နည်းပညာမြင့် ၀န်ဆောင်မှုကို ဖန်တီးပေးခဲ့ပါတယ်။
Ref: Digitaltimes.com.mm