‘Pokémon Go’ Update မှာ အကောင်သစ် ၁၀၀ ကျော်အထိ ထပ်တိုးလာမည်

‘Pokémon Go’ Update မှာ အကောင်သစ် ၁၀၀ ကျော်အထိ ထပ်တိုးလာမည်

‘Pokémon GO’ ဂိမ်းကတော့ ပိုကစားလို့ကောင်းလာမယ့် ပုံပါပဲ။ Second Generation လို့ ခေါ်ဆိုနေကြတဲ့ ပိုကီမွန်အကောင်သစ်ပေါင်း ၁၀၀ ကျော်အထိ ထပ်တိုးလာနိုင်လို့ပဲဖြစ်ပါတယ်။ ‘Pokémon GO’ ကို ထုတ်လုပ်တဲ့ ဂိမ်းကုမ္ပဏီဖြစ်တဲ့ Niantic ကတော့ အကောင်ရေထပ်တိုးမယ့်သတင်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေမယ့်လည်း Starbuck ကုမ္ပဏီရဲ့ ဝန်ထမ်းတွေဆီ တိတ်တဆိတ်ရောက်ရှိလာတဲ့ ညွှန်ကြားစာကြောင့်ပဲဖြစ်ပါတယ်။
‘Pokémon Go’ ဂိမ်းနဲ့ တရားဝင်မိတ်ဖက်ဖြစ်တဲ့ Starbuck ကော်ဖီဆိုင်တွေမှာ တိုးလာမယ့် Food Menu နဲ့တူ Pokemon အကောင်သစ်တွေကိုလည်း တိုးပေးသွားမှာဖြစ်တယ်လို့ စာထဲမှာ ဖော်ပြထားပါတယ်။
Starbuck ဟာ  Pokémon Go-branded Frappuccino ဆိုတဲ့ သောက်စရာတစ်ခုကို food-menu မှာ တိုးပေးသွားမှာဖြစ်ပြီး ဒီ product အသစ်ကို ဝယ်သောက်ရာကနေတစ်ဆင့် ပိုကီမွန်အကောင်သစ်တွေကို ရယူနိုင်မှာပါ။ Pokémon ဖမ်းတဲ့သူတစ်ချို့ကတော့ potions နဲ့ Poké ball တွေကိုသာ ကောက်ပြီး ထွက်သွားမယ်ဆိုရင်လည်း Frappuccino ဝယ်သောက်ပြီး အကောင်သစ်တွေကို ရယူနိုင်တယ်ဆိုတဲ့ အကြောင်းကို Starbuck ဝန်ထမ်းတွေနဲ့ promote ပြုလုပ်မှာပါ။
gen-2-go
လောလောဆယ်မှာတော့ Niantic ဟာ ဒီသတင်းကို မှန် / မမှန် မပြောကြားသေးပေမယ့်လည်း ပါတနာ Starbuck ကို အခုလို အသိပေးထားတာကြောင့် ဖြစ်နိုင်ချေများပါတယ်။ အခုလိုအကောင်သစ် ၁၀၀ ကိုတော့ Pokémon GO ရဲ့ Second generation လို့ ခေါ်ရမှာဖြစ်ပြီး မနက်ဖြန်မှာ စတင်မိတ်ဆက်ဖွယ်ရှိနေပါတယ်။
နောက်ထပ်တိုးလာမယ့် အကောင်သစ်တွေဟာ Pokemon Gold နဲ့ Silver  ဂိမ်းဟောင်းတွေထဲက အကောင်တွေဖြစ်လာနိုင်ချေရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်တုန်းကလည်း Ditto ကို မိတ်ဆက်ခဲ့ပါသေးတယ်။ မနက်ဖြန်မှာတော့ Update တရားဝင် ထွက်ရှိလာတော့မှာဖြစ်ပြီး ဘာပြောင်းလဲမှုတွေဖြစ်လာမလဲဆိုတာကို Pokémon GO ဂိမ်းမှာ စောင့်ကြည့်ရတော့မှာပါ။
Ref: Digitaltimes.com.mm



Contact Us

Name

Email *

Message *

Back To Top