Samsung Galaxy ဖုန်းများ၏ Auto Bluetooth Audio Streaming စနစ်ကို Disable ပြုလုပ်ခြင်း


Bluetooth စနစ်ပါတဲ့ ကားစတီဒီယိုစနစ်ကို နေ့စဉ်ဘဝအတွက် လွယ်ကူစေတဲ့အပြင် Samsung Galaxy ဖုန်းနဲ့ တစ်ကြိမ်ချိတ်ဆက် အသုံးပြုထားရုံနဲ့ ကိုယ်ကားထဲ ရောက်တဲ့အခါတိုင်း ဖုန်းကနေ အလိုအလျောက် ကားရဲ့ Bluetooth စနစ်ကို ရှာဖွေပြီး ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲလိုချိတ်ဆက် လိုက်မယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ ဖုန်းကိုကိုင်စရာမလိုဘဲ အဝင်ဖုန်း လက်ခံတာတွေ၊ စာတိုစနစ် အသုံးပြုတာတွေကို ကားမောင်းရင်းနဲ့ အလွယ်တကူ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး သီချင်းနားထောင် တာတွေကိုလည်း အလွယ်တကူ နားဆင်နိုင်မှာ ဖြစ်တဲ့အပြင် default အနေနဲ့ ကားစပီကာ စနစ်ကနေ အရင်ဖွင့်ခဲ့တဲ့ သီချင်းကို ပြန်လည်ရှာဖွေ ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ကားထဲရောက်လို့ ကားစက်နှိုးလိုက်တိုင်း ဒီစနစ်က အလိုအလျောက် လုပ်တာဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ မသုံးချင်တော့လို့ ဒီစနစ်ကို ပိတ်ထားမယ်ဆိုရင်တော့  အောက်ဖော်ပြပါ နည်းအတိုင်း အလွယ်တကူ ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။
ပထမဆုံး Notification shade ကိုဖော်ဖို့အတွက် ဖုန်း Screen ရဲ့ အပေါ်ဆုံးကနေ အောက်ဘက်ကို တစ်ချက်ဆွဲချလိုက်ပါ။
Notification ဘောက်ကျလာရင်တော့ settings icon ကို တစ်ချက်နှိပ်လိုက်ပါ။
Settings စနစ်ထဲကို ရောက်ရင်တော့ Connections ဆိုတာကို တစ်ချက်ထပ်နှိပ်ပါ။
Connections စနစ်ထဲ ရောက်သွားရင်တော့ Bluetooth ဆိုတဲ့ စာသားကိုရှာပြီး နှိပ်ပါ။
အဲဒါဆိုရင်တော့ Bluetooth စနစ်ထဲကို ရောက်သွားမှာ ဖြစ်ပါတယ်။ Bluetooth စနစ်ရဲ့ Paired device ဆိုတဲ့ စာသားအောက်မှာ ကိုယ့်ကားအမည်နဲ့ ချိတ်ဆက်ထားတာကို တွေ့ရမှာဖြစ်ပြီး ကားအမည်ဘေးနားက Settings icon ကို တစ်ချက်နှိပ်ပါ။
အဲဒါဆိုရင်တော့ Paired device စနစ်ထဲကို ရောက်သွားမှာဖြစ်ပြီး Media Audio ဆိုတဲ့ စာသားဘေးနားက ခလုတ်လေးကို တစ်ချက်နှိပ်ကာ အဖွင့်အပိတ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်အနေနဲ့ သီချင်းစနစ်ကို သီးခြားပိတ်ထားနိုင်မှာ ဖြစ်သလို ဖုန်းခေါ်ဆိုမှု၊ စာတိုလက်ခံမှုတွေကိုလည်း ကားထဲမှာရှိနေစဉ် လက်မခံချင်တဲ့ အခါမျိုးမှာ ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် Auto Bluetooth Audio Streaming စနစ်ကို Disable ပြုလုပ်ထားလိုက်ပြီပဲ ဖြစ်ပါတယ်။ တကယ်လို့ သီချင်းစနစ်ကို ပြန်လည်ဖွင့်ပြီး အသုံးပြုချင်ဆိုရင်တော့ အထက်ဖော်ပြပါအတိုင်း ပြန်လည်ပြီး Enable လုပ်နိုင်မှာ ဖြစ်ပါတယ်။
Ref: Internetjournalmedia