Samsung Galaxy S8 ကို ဧပြီလတွင် နယူးယောက်၌ မိတ်ဆက်ရန် စီစဉ်ထားဟုဆို

Samsung Galaxy S8 ကို ဧပြီလတွင် နယူးယောက်၌ မိတ်ဆက်ရန် စီစဉ်ထားဟုဆို




Samsung သည် Galaxy S8 စမတ်ဖုန်းကို Mobile World Congress ပြပွဲအပြီး တစ်လအကြာ ဧပြီလတွင် နယူးယောက်မြို့၌ ပွဲထုတ်မိတ်ဆက်ရန် စီစဉ်ထားကြောင်း SamMobile မှ ဖော်ပြခဲ့သည်။

အဆိုပါ သတင်းသည် Samsung ရုံးအခြေစိုက်ရာ တောင်ကိုရီးယားတွင် ကျင်းပပြုလုပ်သော အစည်းအဝေးတစ်ခုသို့ တက်ရောက်သူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသတင်းသည် လွန်ခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ထွက်ပေါ်လာခဲ့သည့် Samsung က Note 7 နှင့်အတူ ပြဿနာများစွာ ကြုံတွေ့ခဲ့ရပြီးနောက် ယုံကြည်မှုပြန်လည်တည်ဆောက်ရန်အတွက် Galaxy S8 ကို မိတ်ဆက်ရန် စီစဉ်နေသည့်သတင်းနှင့် ကိုက်ညီနေသည်။

Galaxy Note 7 သည် အပူလွန်ကဲခြင်း၊ မီးလောင်ကျွမ်းခြင်းနှင့် ပေါက်ကွဲခြင်း ဖြစ်စဉ်များကြောင့် ကုမ္ပဏီက ထုတ်ကုန်များကို ပြန်လည်သိမ်းဆည်းခဲ့ပြီး ရောင်းချမှုရပ်ဆိုင်းခဲ့သည်။

ထို့အပြင် Samsung ၏ မိုဘိုင်းဌာနအကြီးအကဲဖြစ်သူ ခိုဒေါင်ဂျင်က ကုမ္ပဏီအတွင်းလုံခြုံရေး၏ အရေးပါပုံနှင့် အချက်အလက်ပေါက်ကြားမှုများ လျော့နည်းစေမည့် ဆောင်ရွက်ချက်များကိုလည်း အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ကောလာဟလသတင်းများတွင်မူ Samsung Galaxy S8 ကို အနားလုံးဝန်းသောဒီဇိုင်းဖြင့်သာ ထုတ်လုပ်သွားမည်ဟု ဖော်ပြထားသည်။

Ref: Pocket-Lint
Ref: internetjournal.media/



Contact Us

Name

Email *

Message *

Back To Top