YouTube မှ ဗီဒီယိုဖိုင်များကို အလွယ်နည်းဖြင့် download ပြုလုပ်ခြင်း

YouTube မှ ဗီဒီယိုဖိုင်များကို အလွယ်နည်းဖြင့် download ပြုလုပ်ခြင်း



YouTube မှ ဗီဒီယိုဖိုင်များကို နည်းလမ်းပေါင်းများစွာနဲ့ download ပြုလုပ်နိုင်ကြပါတယ်။ Mozilla Firefox သုံးစွဲသူများအတွက်ဆိုရင် YouTube video downloader add-on များကို အသုံးပြု၍လည်း download ပြုလုပ်နိုင်သလို browser ပေါ်ကနေ အသုံးပြုနေသူများအနေနဲ့လည်း youtube link အရှေ့မှာ SS ထည့်၍လည်း လုပ်ဆောင်ကြပါတယ်။

အဆိုပါနည်းလမ်းတွေထဲကမှ ယခုဖော်ပြပေးမယ့်နည်းလမ်းကတော့ YouTube video ဖိုင်တွေကိုသာမက MP3 ကိုဖိုင်ကိုပါ download ရယူနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ပြုလုပ်နည်းကတော့ browser ကနေ YouTube video ဖိုင်တစ်ခုကိုဖွင့်လိုက်ပါ။

ဥပမာ https://www.youtube.com/video/4as5rUWlS0g ဆိုတဲ့ YouTube video ဖိုင်တစ်ခုကို download ပြုလုပ်မယ်ဆိုရင် youtube ဆိုတဲ့ domain နေရာမှာ ube ဆိုတဲ့ စာလုံးသုံးလုံးကို ဖျက်ပစ်လိုက်ပါ။ ဒါဆိုရင် https://yout.com/video/4as5rUWlS0g ဒီလိုပုံစံမျိုးနဲ့ လင့်ခ်ဖြစ်သွားပါလိမ့်မယ်။

အဆိုပါ လင့်ခ်နေရာမှာ YouTube မှ တင်ထားတဲ့ဖိုင်ရဲ့ MP3 နဲ့ MP4 ဖိုင်ကို ခွဲခြားပြ ပေးထားပါလိမ့်မယ်။ မိမိ နှစ်သက်ရာကိုရွေးချယ်ပေးလိုက်ပါ။ MP4 ဖိုင်ဆိုရင် 720p အရည်အသွေး ရှိတဲ့ ဗီဒီယိုဖိုင်အထိ ရယူနိုင်ပါတယ်။ ရွေးပြီးသွားပြီဆိုရင် Record MP4 ဆိုတဲ့ အောက်ခြေက ခလုတ် ကို နှိပ်လိုက်ရင် စတင်ပြီး download ပြုလုပ်ပြီဖြစ်ပါတယ်။
Ref: internetjournal.media/



Contact Us

Name

Email *

Message *

Back To Top