ကမ္ဘာ့ဝင်ငွေ အများဆုံး YouTube ကြယ်ပွင့် (၁၀) ဦး

ကမ္ဘာ့ဝင်ငွေ အများဆုံး YouTube ကြယ်ပွင့် (၁၀) ဦး



၂၀၁၆ ခုနှစ်ဟာ YouTube ကြယ်ပွင့်တွေအတွက် ဝင်ငွေအများဆုံး နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒီနှစ်မှာ ဝင်ငွေအများဆုံးရတဲ့ YouTube ကြယ်ပွင့် ၁၀ ဦးဟာ ဒေါ်လာ ၇၀.၅ သန်းအထိ ရရှိထားကြပါတယ်။ ဝင်ငွေအများဆုံးရရှိသူ ဆွီဒင်ဂိမ်မာ ဖီးလစ်ကေဂျယ်ဘာ့ခ်ျ (ခေါ်) PewDiePie က ဒေါ်လာ ၁၅ သန်း ရရှိထားပါတယ်။ သူက နှစ်နှစ်ဆက်တိုက် ပထမနေရာကို ရယူထားပြီး subscribe ပြုလုပ်သူ သန်း ၅၀ နီးပါး ရှိလာပါတယ်။

Forbes ကဖော်ပြတဲ့ YouTube ကြယ်ပွင့်စာရင်းမှာ PewDiePie အပြင် ဟာသပညာရှင်၊ နောက်ပြောင်ကျီစယ်သူ (prankster) နဲ့ LGBT အခွင့်အရေး လှုပ်ရှားသူတို့ ပါဝင်လာပါတယ်။

အခုစာရင်းမှာ ပါသူတွေဟာ ကောလိပ်တက်ပြီး စိတ်ပညာ ဒါမှမဟုတ် အင်ဂျင်နီယာလိုမျိုး ဘွဲ့ရသူများစွာ ပါဝင်ပါတယ်။ ကင်မရာနောက်မှာရှိတဲ့ ဘဝအတွက်နဲ့ သမားရိုးကျ အလုပ်တွေကို စွန့်လွှတ်ထားသူတွေ ဖြစ်ပါတယ်။

(၁) PewDiePie

ဝင်ငွေ- ၁၅ သန်း
Subscribe ပြုလုပ်သူ- ၄၉,၇၅၆,၃၉၁



အသက် ၂၇ နှစ်အရွယ် ဆွီဒင်ဂိမ်မာ ဖီးလစ်အာဗစ်အာ့ဖ်ကေဂျယ်ဘာ့ခ်ျဟာ YouTube channel PewDiePie ကို အချိန်ပြည့်လုပ်ကိုင်ဖို့ ပြိုင်ဆိုင်မှုများတဲ့ လုပ်ငန်းဆိုင်ရာ အင်ဂျင်နီယာ ပရိုဂရမ်က နုတ်ထွက်ခဲ့ပါတယ်။ သူ့ရဲ့ မိဘတွေက YouTube မှာ အချိန်ပြည့် ဗီဒီယိုဂိမ်းကစားဖို့ ချယ်လ်မာနည်းပညာ တက္ကသိုလ်က ဘွဲ့ကို စွန့်လွှတ်လိုက်တာကြောင့် အလွန်အမင်း ဒေါသထွက်ခဲ့ကြပြီး အဆက်အသွယ် မလုပ်တော့ပါဘူး။

အစောပိုင်းမှာ ဖီးလစ်ဟာ အသက်မွေးဝမ်းကျောင်းအတွက် ဟော့ဒေါ့ဆိုင်မှာ အလုပ်လုပ်ခဲ့ပါတယ်။ မကြာခင်မှာပဲ သူ့ရဲ့ channel ဟာ ကျော်ကြားလာပြီး အခုဆိုရင် ဖီးလစ်ဟာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုလ်မြို့မှာ နေထိုင်ကာ နှစ်နှစ်ဆက်တိုက် ဝင်ငွေအများဆုံး ရရှိတဲ့ YouTube ကြယ်ပွင့်ဖြစ်လာပါပြီ။ ဒုတိယနှစ်မှာ ၂၀၁၅ ခုနှစ်ဝင်ငွေထက် ဒေါ်လာ ၃ သန်း ပိုမိုရှာဖွေနိုင်ခဲ့ပါတယ်။

သူဟာ YouTube ကြည့်ရှုမှု ၁၀ ဘီလျံပြည့်မြောက်တဲ့ ပထမဆုံး ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ အခုဆိုရင် PewDiePie ကိုကြည့်ရှုမှုဟာ ၁၄ ဘီလျံ ရှိပြီဖြစ်ပါတယ်။ ယခုနှစ် Time မဂ္ဂဇင်းရဲ့သြဇာလွှမ်းမိုးမှု အရှိဆုံး ပုဂ္ဂိုလ်အဖြစ်လည်း ဖော်ပြခံထားရပါတယ်။

ဖီးလစ်ရဲ့ ဗီဒီယိုဂိမ်းကစားပြပုံကို ကြည့်ပြီး ပရိသတ်က မှတ်ချက်တွေပေးပါတယ်။ လူသိများအောင် လုပ်ဖို့ အချိန်အတော်ကြာခဲ့ပါတယ်။ ဒီနှစ်မှာ This Book Loves You ဆိုတဲ့ စာအုပ်ကိုလည်း ထုတ်ခဲ့ပြီး နယူးယောက်တိုင်းမ်သတင်းစာရဲ့ အရောင်းရဆုံး စာရင်းဝင်ခဲ့တယ်။ ဒါ့အပြင် ကိုယ်ပိုင်ခြေအိတ်ကို ဆွီဒင်ခြေအိတ်ကုမ္ပဏီနဲ့ ပူးပေါင်း ထုတ်လုပ်ခဲ့ပါတယ်။

ဖီးလစ်ရဲ့ဒုတိမြောက် ဗီဒီယိုဂိမ်းဖြစ်တဲ့ PewDiePie’s Tuber Stimulator ကိုထွက်ရှိပြီး ၂၄ နာရီအတွင်း အကြိမ်ရေ ၁ သန်းကျော် download ပြုလုပ်ခဲ့ကြပါတယ်။

(၂) Roman Atwood

ဝင်ငွေ- ၈ သန်း
Subscribe ပြုလုပ်သူ- ၁၀,၁၅၂,၆၉၂



အက်ဒ်ဝုဒ်ရဲ့ channel ဝင်ငွေက PewDiePie ထက် ၇ သန်းလျော့နည်းနေပေမယ့် သူက YouTube ရဲ့ဝင်ငွေအများဆုံး နောက်ပြောင်ကျီစယ်သူ (prankster) ဖြစ်ပါတယ်။

အက်ဒ်ဝုဒ်ရဲ့ channel မှာရှိတဲ့ လူပေါင်း ၁၀ သန်းက သူ့ရဲ့ အိမ်ထဲမှာ နှင်းမုန်တိုင်း ဖန်တီးတာ ဒါမှမဟုတ် အနက်နဲ့အဖြူရောင် နံစော်ဖျံ (skunk) အယောင်ဆောင်ပြီး လူတွေကို နောက်ပြောင် ကျီစယ်တာကို ကြည့်ကြပါတယ်။

အက်ဒ်ဝုဒ်ဟာ ယခုနှစ်မှာ သူ့ရဲ့အရည်အချင်းကို ရုပ်ရှင်ပြသနိုင်ဖို့ Natural Born Prankster ရုပ်ရှင်အတွက် YouTube ကြယ်ပွင့်တွေဖြစ်တဲ့ ဗစ်တယ်လီဇီ၊ ဒန်းနစ်ရိုဒီတို့နဲ့ ပူးပေါင်းခဲ့ပါတယ်။

TBS ရဲ့တီဗီအစီအစဉ် Deal With it မှာလည်း ပါဝင်ခဲ့ပြီး ကိုယ်ပိုင်ကုန်ပစ္စည်းတွေ ရောင်းချနေသလို Scott Toilet Paper လိုမျိုး အမှတ်တံဆိပ်နဲ့ စပွန်ဆာ စာချုပ်ချုပ်ဆိုထားပါတယ်။

(၃) Lily Singh

ဝင်ငွေ- ၇.၅ သန်း
Subscribe ပြုလုပ်သူ- ၁၀,၂၉၆,၃၅၀



လီလီဆင်းမ်ဟာ စိတ်ကျရောဂါ ဖြစ်ပွားနေတဲ့သူတွေကို ကူညီနိုင်မယ့်နည်းလမ်းကို ပထမဆုံး ပြုလုပ်ခဲ့တာကြောင့် မီလျံနာအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။

ကနေဒါအမျိုးသမီး လီလီဆင်းမ်ရဲ့ “Superwoman” channel ကို ၂၀၁၀ ခုနှစ်က လွှင့်တင်ခဲ့ပြီးနောက်ပိုင်းမှာ အကြိမ်ရေ ၁.၃ ဘီလျံကျော် ကြည့်ခဲ့ကြပါတယ်။

ဆင်းမ်ဟာ စိတ်ပညာမာစတာတန်း တက်ရောက်မယ့် အစီအစဉ်ကို စွန့်လွှတ်ခဲ့ပြီး စိတ်ပညာဆိုင်ရာ အကြံပေး ပြုလုပ်ခဲ့ပါတယ်။

အခုအခါမှာ သူမရဲ့ ပုံရိပ်ကို မတ်ဟက်တန်တစ်လျှောက်က ကြော်ငြာဘုတ်တွေမှာ တွေ့နေရပါပြီ။ Jimmy Fallon ရဲ့ Night Show မှာလည်း ဆင်းမ်က ပါဝင်ခဲ့ပါတယ်။ သူမရဲ့ What Clubbing Is Like , Why Bras Are Horrible နဲ့ Types of People You’ll See On Halloween အပါအဝင် ဗီဒီယိုတစ်ချို့မှာ ဗစ်တိုးရီးယားဂျက်စတစ်၊ ဂျီနာရိုဒရီဂွက်ဇ်နဲ့ မီရှယ်အိုဘားမားတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် YouTube ဗီဒီယိုများမှာ ဂျိမ်းစ်ဖရန်ကိုနဲ့ ဆက်ရှ်ရိုဂျန်တို့နဲ့ အတူပါဝင်ထားပါသေးတယ်။ သူမရဲ့ YouTube Red မှတ်တမ်းကားကို လော့စ်အိန်ဂျလိစ်ရဲ့ အထင်ကရ တရုတ်ရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။

(၄) SMOSH

ဝင်ငွေ- ၇ သန်း
Subscribe ပြုလုပ်သူ- ၂၂,၄၇၄,၅၁၀



အသက်၂၉ နှစ်အရွယ် အီရန်အင်ဒရူးဟီကော့နဲ့ ဒန်နီရယ်အန်တိုနီပါဒယ်လာတို့က SMOSH အမည်နဲ့ အမေရိကန်သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဟာသနဲ့ တင်ဆက်လေ့ရှိပါတယ်။

သူတို့ဟာ ဆာခရာမန်တိုမြို့မှာ နေထိုင်ခဲ့ကြပြီး ကလေးဘဝထဲက သူငယ်ချင်းတွေဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ YouTube လွှင့်တင်ပြီးနောက် လအနည်းငယ်အကြာမှာပဲ YouTube ကို အသုံးပြုခဲ့ပါတယ်။

Smosh channel က စီးရီးအမျိုးမျိုးမှာ ‘Masterchef Millennials’ ကနေ ‘The Big What If’, ‘Every Blank Ever’လိုမျိုး သရော်ထားတဲ့ ဗီဒီယိုအပြင် ‘Every Blank Ever’ နဲ့ Pokemon နဲ့သက်ဆိုင်တဲ့ ဗီဒီယိုတွေကို ကြည့်ရှုနိုင်ပါတယ်။

ဟီကော့က channel အတွက် အချိန်ပြည့်မလုပ်ခင်မှာ လုပ်ကိုင်ခဲ့တဲ့ Chuck E. Cheese မှာ ဒီလို အစီအစဉ်တွေကို စဉ်းစားမိခဲ့တာပါ။

ဟီကော့နဲ့ ပါဒယ်လာဟာ မဒမ်တူးဆော့ပြတိုက်မှာ ကိုယ်ပိုင် ဖယောင်းရုပ်တုရှိတဲ့ ပထမဆုံး YouTube ကြယ်ပွင့်ဖြစ်လာပါတယ်။ ရက်ပ်အဆိုတော် T-pain ပါဝင်ထားတဲ့ သူတို့ရဲ့ ဒုတိယမြောက်ရုပ်ရှင်ကို ယခုလ အစောပိုင်းက YouTube Red မှာ ပွဲဦးထွက် ပြသထားပါတယ်။

ပထဆုံးရုပ်ရှင် Smosh: The Movie ကိုလည်း Netflix မှာ ပြသလျက်ရှိပါတယ်။

(၅) Tyler Oakley

ဝင်ငွေ- ၆ သန်း
Subscribe ပြုလုပ်သူ- ၈,၀၈၇,၈၂၉



တိုင်လာအုတ်ခ်လေအနေနဲ့ ကိုယ်ပိုင်ဒီဂျစ်တယ် talk show ဖန်တီးဖို့ အယ်လန်ဒီဂျီနီရတ်စ်နဲ့ သဘောတူညီမှု ရခဲ့တာကြောင့် Forbes စာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်လာပါတယ်။

အုတ်ခ်လေရဲ့ ဗီဒီယိုတွေမှာ ဟီလာရီကလင်တန်၊ မီရှယ်အိုဘားမားတို့နဲ့ တွေ့ဆုံအင်တာဗျူးလုပ်တာတွေ ပါဝင်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ အုတ်ခ်လေဟာ သူရဲ့ platform ကို LGBT လူငယ်တွေကို အားပေးရာ နေရာအဖြစ်လည်း အသုံးပြုခဲ့ပါတယ်။ သူအနေနဲ့ မီချီဂန်ပြည်နယ်တက္ကသိုလ်မှာ စတင်တက်ရောက်နေတဲ့ ၂၀၀၇ ခုနှစ်မှာ ပထမဆုံး ဗီဒီယိုကို တင်ခဲ့ပါတယ်။

(၅) Rosanna Pansino

ဝင်ငွေ- ၆ သန်း
Subscribe ပြုလုပ်သူ- ၇,၃၉၈,၄၅၀



Forbes စာရင်းရဲ့ အဆင့်ငါးနေရာက ရိုဆာနိုပန်ဆီနိုဟာ နာမည်ကျော် YouTube ဟင်းချက်အစီအစဉ် Nerdy Nummies အစီအစဉ်တင်ဆက်သူဖြစ်ပါတယ်။

ပန်ဆီနိုရဲ့ ကျွမ်းကျင်မှုကြောင့် သူမရဲ့ channel ကို လူ ၇ သန်းကျော် လာရောက်ကြည့်ရှုနေကြပါတယ်။ သူမရဲ့ ဟင်းချက်နည်းတွေက စိတ်ကူးယဉ်ဇာတ်လမ်း၊ သိပ္ပံစိတ်ကူးယဉ်၊ ကောမစ်စာအုပ်၊ ဂျပန်ကာတွန်း၊ ရုပ်ရှင်၊ ဗီဒီယိုဂိမ်းနဲ့ တီဗီအစီအစဉ်တွေက စိတ်ကူးကွန့်မြူးထားတာပါ။

သူမ ဗီဒီယိုကို ကြည့်ရှုသူတွေက gingerbread houses အလှဆင်ပုံနဲ့ Sleeping Beauty Birthday ကိတ် ဒါမှမဟုတ် Game of Thrones Direwolf Bread လို ထူးခြားတဲ့ မုန့်ဖုတ်နည်းတွေကို သင်ယူလေ့လာနိုင်ပါတယ်။

(၇) Markiplier

ဝင်ငွေ- ၅.၅ သန်း
Subscribe ပြုလုပ်သူ- ၁၅,၅၂၃,၂၇၆



အဆင့်ခုနှစ်မှာ ရပ်တည်နေသူက ဂိမ်မာ မာ့ခ်ဖစ်ရှ်ဘတ်ဆိုသူဖြစ်ပြီး သူရဲ့ အွန်လိုင်းအမည်က Markiplier ဖြစ်ပါတယ်။

Markiplier က PewDiePie လိုမျိုးဖြစ်ပါတယ်။ သူ့ရဲ့ ‘Let’s Play’ ဗီဒီယိုဂိမ်း clip တွေမှာ ပရိသတ်တွေကို မှတ်ချက်တွေပေးပြီး ဖျော်ဖြေလေ့ရှိပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖစ်ရှ်ဘတ်ဟာ နာမည်ကျော် YouTube ဆိုက်က channel မှာအချိန်ပြည့် အာရုံမစူးစိုက်သေးခင်မှာ ဇီဝဆေးပညာပြုပြင်ရေးကို သင်ကြားခဲ့ပါတယ်။

ဟိုနိုလူလူဇာတိဖြစ်တဲ့ ဖစ်ရှ်ဘတ်ဟာ အခုဆိုရင် လော့စ်အိန်ဂျလိစ်မှာနေထိုင်ပြီး WME အေဂျင်စီနဲ့ စာချုပ်ချုပ်ထားပါတယ်။ တေးဂီတနဲ့ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်မယ့်အစီအစဉ်တွေရှိတယ်လို့ ဖစ်ရှ်ဘတ်က ထုတ်ပြန်ထားပါတယ်။

(၇) German Garmendia

ဝင်ငွေ- ၅.၅ သန်း
Subscribe ပြုလုပ်သူ- ၃၀,၃၁၇,၄၁၁



ဂါမန်ဒီယာရဲ့ YouTube channel ဟာ စပိန်ဘာသာစကားကဏ္ဍမှာ subscribe ပြုလုပ်အခံရဆုံး channel တစ်ခုဖြစ်ပါတယ်။

ဟာသပညာရှင်ရဲ့ channel မှာ ပရိသတ် သန်း ၃၀ ရှိပါတယ်။ သူရဲ့တီးဝိုင်းဖြစ်တဲ့ Ancud ရဲ့ဗီဒီယိုတွေကိုလည်း တင်ပါတယ်။

ချီလီနိုင်ငံသားဖြစ်သူ ဂါမန်ဒီယာက #Chapaelperro အမည်ရစာအုပ်ကို ထုတ်ဝေထားပါတယ်။

အသက်၂၆ နှစ်အရွယ်နဲ့ မီလျံနာဖြစ်လာပြီး စာရင်းထဲမှာ အသက်အငယ်ဆုံး YouTube ကြယ်ပွင့်လည်း ဖြစ်ပါတယ်။

(၉) Colleen Ballinger

ဝင်ငွေ- ၅ သန်း
Subscribe ပြုလုပ်သူ- ၇,၃၅၉,၀၉၄



ကိုလ်လင်းဘယ်လင်ဂါဟာ နားမကြားပေမယ့် အဆိုတော်ဖြစ်နိုင်တယ်လို့ ယုံကြည်တဲ့ မီရန်ဒါဆင်းဇာတ်ကောင်နဲ့ ဗီဒီယိုတွေဖန်တီးခဲ့တာကြောင့် မီလျံနာ ဖြစ်လာပါတယ်။

အသက် ၃၀ အရွယ်ရှိ ဘယ်လင်ဂါဟာ Jimmy Fallon ရဲ့ Tonight Show မှာလည်း ပါဝင်ခဲ့ပါတယ်။

ဘယ်လင်ဂါအနေနဲ့ မီရန်ဒါရဲ့ နောက်ခံဇာတ်လမ်းကို အခြေခံထားတဲ့ Haters Back Off အမည် Netflix စီးရီးမှာ ပွဲထွက် သရုပ်ဆောင်ထားပါတယ်။

(၉) Rhett and Link

ဝင်ငွေ- ၅ သန်း
Subscribe ပြုလုပ်သူ- ၁၁,၅၄၅,၅၃၇



ရတ်ဂျိမ်းစ်မတ်လောလင်နဲ့ ချားလစ်လင်ကွန်းလင့်ခ်နီးလ်သရီတို့ကို ဟာသညီနောင် ရတ်နဲ့လင့်ခ်ဆိုပြီး လူသိများကြပါတယ်။

မြောက်ကာရိုးလိုင်းနားပြည်နယ် ဘူးစ်ခရီက မူလတန်းကျောင်းမှာ သူတို့နှစ်ဦး တွေ့ဆုံရင်းနှီးခဲ့ပြီးနောက်ပိုင်းမှာ Good Mythical Morning အစီအစဉ်ကို တွဲဖက်တင်ဆက်ပြီး လူတွေကို ရယ်မောအောင်ပြုလုပ်ခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် မတ်လောလင်နဲ့ အသက် ၃၈ နှစ်အရွယ် လင့်ခ်တို့က ‘blind taco taste test’ နဲ့ ‘ridiculous leftover food hacks’ လိုမျိုး အပိုင်းတွေနဲ့ channel တွေကို ပျံ့နှံ့အောင် လုပ်ပြီး ပရိသတ်အခိုင်အမာ ရရှိလာပါတယ်။

ဒါ့အပြင် သူတို့က စိန်ခေါ်မှုတွေလည်း လုပ်ပါတယ်။ ကမ္ဘာ့အပူဆုံးငရုတ်သီး ဒါမှမဟုတ် ကင်းမြီးကောင်ကို စားပြတာမျိုးပါ။

နှစ်ယောက်စလုံး မြောက်ကာရိုးလိုင်းနားပြည်နယ်တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးခဲ့ပါတယ်။ ဘွဲ့ရပြီးနောက်ပိုင်း ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဟာသလိုင်းမှာ အချိန်ပြည့်လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ရတ်နဲ့လင့်ခ်ဟာ အခုဆိုင်ရင် လော့စ်အိန်ဂျလိစ်မှာ နေထိုင်ပြီး Mythical Entertainment ထုတ်လုပ်ရေးကုမ္ပဏီကို ဦးစီးနေပါတယ်။

Ref: DailyMail

Ref: internetjournal.media


Contact Us

Name

Email *

Message *

Back To Top