Android device မှာ နေရာလွတ်များ ပိုမိုရရှိစေနိုင်မည့် နည်းလမ်း ၅ မျိုး

Android OS အသုံးပြုထားတဲ့ Mobile Phone နဲ့ Tablet တွေဟာ app တွေကို Install ပြုလုပ်တဲ့အခါ မှာ apk ဖိုင်တွေကိုပါ download ပြုလုပ်တတ်ပါတယ်။ ဒါ့အပြင် သီချင်းတွေ ဓာတ်ပုံတွေကို Offline အသုံးပြုနိုင်အောင် download ပြုလုပ်ပြီး သုံးစွဲတာမျိုးဟာလည်း Internal Storage ကို နေရာပိုမိုယူစေပါတယ်။ များသောအားဖြင့် တန်ဖိုးနည်း android ထုတ်ကုန်တွေ ဖြစ်တဲ့ mobile phone နဲ့ tablet တွေဟာ Storage ပိုင်းကို အများအပြား ထည့်သွင်းထားခြင်းမျိုး မရှိပါဘူး။
ဒီလို android အနိမ့်ဖုန်းတွေမှာ သီချင်းတွေ ထည့်သွင်းထားခြင်း ဓာတ်ပုံတွေ ထည့်သွင်းထားခြင်းကြောင့် Storage ပိုင်းမှာ သိမ်းဆည်းနိုင်မယ့် ပမာဏနည်းပါး သွားတယ်ဆိုရင် နေရာလွတ် ပိုမိုရရှိစေရန် ဖော်ပြပါ နည်းလမ်းများအတိုင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Built-in Storage Tool ကိုအသုံးပြုပါ။
Built-in Storage Tool ဆိုတာကတော့ android device မှာ ထည့်သွင်းထားတဲ့ Internal Storage ရဲ့ သုံးစွဲမှုတွေကိုဖော်ပြပေးတဲ့ feature တစ်ခုဖြစ်ပါတယ်။  အဆိုပါ feature ကို သုံးစွဲဖို့အတွက်ဆိုရင် Settings ထဲက Storage ဆိုတာကို အသုံးပြုရပါမယ်။ Storage အပိုင်းထဲကိုရောက်ပြီဆိုရင် app က ဘယ်လောက် အသုံးပြုထားတယ်။ ဓာတ်ပုံတွေ ထည့်သွင်းထားတာက ဘယ်လောက်အထိ ထည့်သွင်းထားတယ် Cache data က ဘယ်လောက်ထိနေရာယူ နေတယ်ဆိုတာမျိုးကို မြင်တွေ့နိုင်ပါတယ်။
App တွေကို အသုံးပြုတဲ့အခါမှာ cache တွေဟာ storage တွေထဲမှာ ကျန်ခဲ့ပါတယ်။ cache တွေများပြား လာတဲ့အခါမျိုးမှာ storage အတွင်းမှာ အသုံးမလိုဘဲ နေရာလွတ်တွေ ဆုံးရှုံးမှုများစေနိုင်ပါတယ်။ ဒါကြောင့် storage အတွင်း မှာ cache တွေ များနေလို့ နေရာလွတ်တွေ ဆုံးရှုံးနေတယ်ဆိုရင် cache ဆိုတဲ့နေရာကို နှိပ်ပြီး ဖယ်ရှားရှင်း လင်းနိုင်ပါတယ်။
   
ဘယ်ဖိုင်တွေ ဖိုဒါတွေကို နေရာ ပိုယူနေသလဲဆိုတာကို စိစစ်ပါ။
Android ရဲ့ built-in tool ဟာ storage အတွင်းမှာ သိမ်းဆည်းထားတဲ့ ဖိုင်များ ကို ပုံစံခွဲခြား၍ မြင်စေရန်အတွက် ဖော်ပြပေးပါတယ်။ Storage အတွင်းမှာ သိမ်းဆည်းထားတဲ့ ဖိုင်တွေ ဖိုဒါတွေမှာ ဘယ်ဖိုဒါအမျိုးအစား က သိမ်းဆည်းမှု ပမာဏများပြားနေလဲ ဆိုတာ စိစစ်ပြီး ရှင်းလင်းဖယ်ရှားဖို့အတွက် ကတော့ built-in tool နဲ့ မလုံလောက်တော့ပါဘူး။ ဒါကြောင့် Google Play Store ကနေ third party app ဖြစ်တဲ့ DiskUsage ဆိုတဲ့ app ကို သုံးစွဲပြီး စိစစ်နိုင်ပါတယ်။
DiskUsage ဆိုတာကတော့ storage အတွင်းမှာ ရှိတဲ့ ဖိုင်တွေကို ရှုပ်ပွမနေစေဘဲ တူညီရာဖိုင်အမျိုး အစားတွေကို စုစည်းပေးနိုင်သလို ရှင်းလင်းပေးနိုင်မှာ ဖြစ်ပါတယ်။
   
SD Card ထဲသို့ data တွေကို ရွေ့ပါ။
Android device အများစုမှာ microSD Card slot ကို ထည့်သွင်းပေးထားပါတယ်။ microSD card ကို တပ်ဆင်ထားခြင်းဖြင့် Internal storage နည်းပါးတဲ့ android device တွေဟာ data တွေကို microSD card ထဲမှာ ထည့်သွင်းထားခြင်းဖြင့် Internal storage သုံးစွဲမှု ကိုလျော့ချပေးနိုင်ပါတယ်။
App တွေကို SD Card ထဲသို့ရွေ့ထားပါ။
များသောအားဖြင့် android device တွေဟာ app တွေကို Install ပြုလုပ်တဲ့အခါမှာ Internal storage မှာ ပဲ ထည့်သွင်း သွားတတ်ပါတယ်။ ဒါကြောင့် Internal storage မှာ နေရာလွတ် နည်းနေတဲ့ အခါမျိုးမှာ Install ပြုလုပ်ထားတဲ့ app တွေကို SD Card ထဲသို့ရွေ့ပြောင်းပေးထားနိုင်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုဖို့အတွက် settings ထဲကနေ သွားရောက်လုပ်ဆောင် နိုင်ပါတယ်။
ဓာတ်ပုံတွေကို Cloud ပေါ်မှာ သိမ်းဆည်းပါ။
နောက်ပိုင်း စမတ်ဖုန်းတွေမှာ ဓာတ်ပုံတွေ ရိုက်ကူးတဲ့အခါမှာ ဖိုင်ပမာဏ မြင့်မာလာတာကြောင့် ဓာတ်ပုံများပြားလာတာနဲ့အမျှ storage ပိုင်းမှာ သိမ်းဆည်းနိုင်မယ့် ပမာဏ လျော့နည်းစေပါတယ်။ ဒါကြောင့် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို Google Photo, Dropbox, Microsoft OneDrive, Flickr နဲ့ ကိုယ်နှစ်သက်ရာ cloud တွေမှာ သိမ်းဆည်းထားမယ်ဆိုရင် စမတ်ဖုန်းတွေ ရဲ့ Internal storage နေရာယူမှုကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Ref : howtogeek
Credit: internetjournal.media