ဖုန်းပျက်သွားရင် သိလာမယ့် သင်ခန်းစာ ၅ မျိုး

ဖုန်းပျက်သွားရင် သိလာမယ့် သင်ခန်းစာ ၅ မျိုး

ဒါတွေကိုသိသွားရင် ဖုန်းကို လိုတာထက် ပိုကိုင်မိမှာ မဟုတ်တော့ပါဘူး။
ဒီကမ္ဘာကြီးမှာ စမတ်ဖုန်းသုံးစွဲသူ သန်း နှစ်ထောင်လောက်ရှိနေပါတယ်။ တိုးတက်ပြီး နိုင်ငံများရဲ့ လူဦးရေတစ်ဝက်ကျော်လောက်က သူတို့ ရဲ့နေစဉ်ဘဝမှာ စမတ်ဖုန်းတွေကို အားကိုးအားထားပြုနေရတာပါ။ စိတ်ပညာရှင်များရဲ့ သုတေသနပြုချက်အရ ကျွန်တော်တို့ တွေဟာ တစ်ရက်ကို ပျမ်းမျှ ၅ နာရီလောက်က ဖုန်းတွေနဲ့ အချိန်ကုန်နေတာဖြစ်ပြီး တစ်နေ့ ကို ၈၅ ကြိမ်လောက်က ဖုန်းပွတ်နေမိတတ်ပါတယ်။
ဖုန်းတစ်လုံးကို လက်မလွှတ်နိုင်ရခြင်းအကြောင်းရင်းထဲမှာ ကြောက်စိတ်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လက်ထဲမှာ ဖုန်းမပါဘဲ အပြင်ထွက်ရင် သူငယ်ချင်းတွေနဲ့ ဘယ်လိုဆက်သွယ်ရမလဲ ။ Google Maps မပါဘဲ သွားရင်းလာရင်းနဲ့ လမ်းပျောက်သွားရင် ဘယ်လိုလုပ်မလဲ စတဲ့ အကြောင်းရင်းတွေကြောင့် ကျွန်တော်တို့ တတွေဟာ ဖုန်းမရှိရင် မနေတတ်အောင် ဖြစ်လာရပါတယ်။
ဒီတော့ လက်ထဲမှာ ဖုန်းတစ်လုံးမရှိရင် ဘာတွေဖြစ်လာမလဲ ။ ဘယ်လို ကောင်းကျိုးရလာမလဲဆိုတာနဲ့ ပတ်သတ်ပြီး အချက် ၅ ချက်ကို ဖော်ပြလိုက်ပါတယ်။
(၁) ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာပါတယ်။
play

"တစ်ယောက်ယောက်က ကိုယ့် ရဲ့ Facbook ပို့ စ်တစ်ခုခုကို Like ပေးပြီဆိုရင်ဖြစ်စေ  Twitter မှ Tweet တစ်ခုခုကို ပြန်ပြီး retweet လုပ်လိုက်ပြီဆိုရင်ဖြစ်စေ လူ့ ဦးနှောက်ဗဟိုမှ ဒိုဖာမိန်းဆိုတဲ့ဓါတ်တစ်မျိုးကို နှိုးဆွပေးလိုက်ပါတယ်။"လို့ လန်ဒန်အိပ်စက်မှုဌာနမှ ဦးနှောက်စိတ်ပညာအတိုင်ပင်ခံနှင့် ဆေးဝါးဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ အက်စ်ဟဒ် အီဘရာဟင် ပြောပါတယ်။ စမတ်ဖုန်းအပါအဝင် screen ပါတဲ့ ပစ္စည်းတွေဟာ လူရဲ့အိပ်စက်မှုကို ကြန့် ကြာအောင် အနှောင့်အယှက်ပြုပြီး ဦးနှောက်ကို လှုံ့ ဆော်ပါတယ်။ဒါဟာ အိပ်စက်မှုဖြစ်စဉ်ကို ထိခိုက်စေပြီး လူကို နိုးကြားစေပါတယ် လို့ လည်း ထပ်ပြောပါတယ်။ ဒီတော့ ဖုန်းကို အနားမှာထားပြီး မအိပ်သင့်ပါဘူး။ ကိုယ်သုံးနေကျ ဖုန်းလက်ထဲမှာ မရှိတဲ့ညဟာ ပုံမှန်ထက် စောပြီး အိပ်ရာဝင်စရာအကြောင်းရှိတာကြောင့် ပိုပြီးကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။
(၂) (တစ်ခါတစ်ရံမှာ) ဖုန်းဆက်စရာ မရှိတာကလည်း တကယ်ကောင်းတဲ့အရာပါ။
play

တစ်ချို့ နေ့ များမှာ ဖုန်းဆက်စရာမရှိ ၊ အီးမေးလ်ပို့ ဖို့  မလိုတဲ့ နေ့ တွေမှာ ကျွန်တော်တို့ ခေါင်းတွေဟာ ထူးထူးခြားခြား ကြည်လင်နေတတ်ပါတယ်။ လုပ်နေကျအလုပ်တွေကို ဖြတ်တောက်လိုက်ခြင်းကြောင့် တစ်ခါတစ်လေမှာ ကိုယ်သတိမထားမိတဲ့ ဝန်ထုပ်ဝန်ပိုးတွေဟာ အလိုလို လွင့်ပျောက်သွားပါတယ်။ စမတ်ဖုန်းပေါ်ကနေ တစ်ခြားသူတွေရဲ့အလုပ်အကြောင်းတွေ ၊ ရည်းစားနဲ့ ကြည်နူးနေတဲ့အကြောင်းတွေနဲ့ အားလပ်ရက်ပျော်ပွဲစားထွက်တဲ့အကြောင်း သတင်းတွေတက်လာတာကိုကြည့်ပြီး တစ်ခြားသူတွေရဲ့ အကောင်းဆုံး ဘဝအစိတ်အပိုင်းလေးတစ်ချို့ တစ်လေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ကိုးစားစိတ်နည်းသွားတတ်ပါတယ်။ လက်ထဲမှာ စမတ်ဖုန်းမရှိတဲ့အခါမျိုးမှာ ကိုယ်နဲ့ ထိတွေ့ ဆက်စပ်ရတဲ့သူတွေ နည်းလာတာဖြစ်လို့  ဒီလိုမျိုး မကောင်းတဲ့ ခံစားချက်တွေအလိုလို လျော့ပါးသွားတတ်ပါတယ်။
(၃) အရာတိုင်းက အရေးကြီးတာ မဟုတ်ပါဘူး။
play

ဘဝမှာ အရေးကြီးဆုံးအရာ ဘာလဲလို့ လူတိုင်းကို လိုက်မေးကြည့်ပါ။ တစ်ယောက်တစ်ပေါက် ဖြေချင်ဖြေမယ် ။ တစ်ခု နားထောင်ကြည့်ပါ။ သူတို့ ဖြေတာအကုန်လုံးတော့ ကိုယ့်အမြင်နဲ့ အံဝင်ခွင်ကျတူနေမှာ မဟုတ်ပါဘူး။ ဘဝမှာ အရေးကြီးတဲ့အရာတွေဟာ တစ်ဦးချင်းနဲ့ ပဲ သက်ဆိုင်နေတာဖြစ်လို့  အားလုံးနဲ့ လိုက်ပြီး တူစရာမလိုတာတော့ အမှန်ပါပဲ။ စမတ်ဖုန်းတစ်လုံးဟာ လူတိုင်းအတွက် မရှိမဖြစ်လို့ ပြောရင် မှားပါတယ်။ တစ်ချို့ သူတွေအတွက် တစ်ချို့ အရာတွေကို တကယ်မလိုအပ်ပါဘူး။တစ်ခါတစ်လေမှာ အရေးပေါ်တို့ ၊ မရှိမဖြစ်တို့  ဆိုတာတွေကို ဒီအတိုင်း လက်ပိုက်ကြည့်နေလိုက်တာက မှန်ကန်တဲ့ရွေးချယ်မှုဖြစ်သလို ဘဝမှာ အရေးပါတဲ့ နေထိုင်နည်းတစ်ရပ်လည်း ဖြစ်ပါတယ်။ လက်ထဲမှာ စမတ်ဖုန်းတစ်လုံဲးရှိနေဖို့ က အရေးကြီးတဲ့အရာလို့ တွေးလိုက်တာနဲ့ ဒီအတွေးဟာ လူတစ်ယောက်ရဲ့ အရေးကြီးဆုံးအရာတွေကို လက်လွတ်စေတတ်ပါတယ်။
(၄) အကုန်အကျသက်သာလာမယ်။
play

ဖုန်းဟာ ကိုယ့်အိတ်ကပ်ထဲကနေ လက်ပေါ်တက်လာတာနဲ့ ပိုက်ဆံအိတ်နားကပ်တဲ့ အမျိုးပါ။ သူ့ ကို များများထိလေလေ ပိုက်ဆံအိတ်ကို ကျယ်ကျယ်ဖွင့်လေလေပါပဲ။ ကိုယ်အိမ်မီးဖိုချောင်က လိုအပ်တာလေးတွေ မဝယ်မိရင်သာနေမယ်။ အင်တာနက်ဖွင့်ပြီး Social network တွေပေါ် တက်ဖို့ တော့ ဖုန်းဘေလ် ခဏခဏ ဝယ်နေမိတတ်ပါတယ်။ ဥစ္စာဖြို စားဖိုက ဆိုတဲ့ စကားပုံဟာ ဒီနေ့ ခေတ်မှာဆို ဥစ္စာဖျက်ဆုံး စမတ်ဖုန်းလို့ တောင် ပြောင်းသုံးရတော့မယ် ထင်ပါတယ်။ ဒီတော့ စမတ်ဖုန်းနဲ့ ဝေးဝေးနေခြင်းဟာလည်း အကုန်အကျသက်သာစေတဲ့ အကြောင်းပေါင်းများစွာထဲက တစ်ခုပါပဲ။
(၅) ကိုယ့်ဥာဏ်စွမ်းကို ပိုသုံးဖြစ်လာမယ်။
play

ပုံမှန်အားဖြင့် တစ်ခုခုသိချင်ရင် စာအုပ်စာတမ်းတွေလိုက်မဖတ်ဘဲ Google ပေါ်မှာပဲ လိုက်ရှာတာဟာ ကိုယ့်ပင်ကိုယ်ဥာဏ်စွမ်းနဲ့ ပြဿနာဖြေရှင်းဖို့ တွေးခေါ်ပုံ လေ့လာပုံကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးပြဿနာကို ပင်ကိုယ်စွမ်းရည်လျော့ပါးလာခြင်း လို့ ခေါ်ပြီး အင်တာနက်ကို အကူမှတ်ဥာဏ်တစ်ခုလို အားကိုးပြီးသုံးလာတာမျိုးကို ပြောတာပါ။ တစ်နည်းအားဖြင့် စမတ်ဖုန်းတွေကနေ ကိုယ်သိချင်တာကို အလွယ်ကလေးသိလာလေလေ နောက်တစ်ခါလည်း အပင်ပန်းမခံဘဲ လွယ်လွယ်လေး ယူသုံးလိုက်လေလေ ဖြစ်လာပါတယ်။
ပြဿနာက စမတ်ဖုန်းတွေကို အပိုမှတ်ဥာဏ်တစ်ခုလို သုံးတာကြောင့် တစ်ခုခုဆို ကိုယ့်မှတ်ဥာဏ်နဲ့ ကိုယ် မှတ်မထားတော့တာကြောင့် သတင်းအချက်အလက်ကို မရဘဲ ဘယ်လို ရယူလို့ ရတာလဲဆိုတာကိုပဲ မှတ်မိနေတော့တာပါ။နောင်တစ်ချိန်မှာ ကိုယ်ဘာသိဖို့ လိုသလဲဆိုတာကို သိရဖို့  Amazon ရဲ့ Alaxa တို့ Google ရဲ့ Assistant တို့ ကို မေးရမယ့် ကိန်းဆိုက်နိုင်ပါတယ်။
စမတ်ဖုန်းတွေကို စွဲစွဲလမ်းလမ်း မကိုင်တော့တာနဲ့ ကိုယ့်အတွက် ကောင်းတဲ့အရာတွေ ရောက်လာတာကို တွေ့ ရမှာပါ။ အခုပြောခဲ့တဲ့အချက်တွေကို သတိပြုမိတာနဲ့ ကိုယ့်လက်ထဲမှာ စမတ်ဖုန်းတစ်လုံးရှိနေရင်တောင် လိုတာထက်ပို သုံးမိမှာ မဟုတ်ပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့ တစ်နေတာဟာ မလိုအပ်တဲ့ အမှိုက်တွေနဲ့ ပိတ်ဆို့ ညစ်ထေးနေတော့မှာ မဟုတ်ပါဘူး။
Source: The Guradian
Ref: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top