အန်းဒရိုက်ကို ဖန်တီးခဲ့သူမှ အိုင်ဖုန်းကို စိန်ခေါ်နိုင်မယ့် ဖုန်းအသစ်တီထွင်နေ

အန်းဒရိုက်ကို ဖန်တီးခဲ့သူမှ အိုင်ဖုန်းကို စိန်ခေါ်နိုင်မယ့် ဖုန်းအသစ်တီထွင်နေ

ယခုနှစ် ဇွန်လထဲမှာ ရောင်းချသွားဖွယ် ရှိပါတယ်။
အန်းဒရိုက်ဟာ မိုဘိုင်းလ်ထုတ်ကုန်များဖြစ်တဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်များအတွက် ရည်ရွယ်ပြီး Google ကနေ ဖန်တီးလိုက်တဲ့ OS တစ်ခုဖြစ်ပါတယ်။ ဒီ OS ကိုကယ်လီဖိုးနီးယားပြည်နယ်မှ Android Inc နည်းပညာကုမ္ပဏီမှ  developers များ ဖြစ်ကြတဲ့ အန်ဒီရူဘင် ၊ ရစ်ခ်ျမီနာ ၊ နစ်ခ်ဆီးယားစ် နဲ့ ခရစ်ဝှိုက်တို့ ကနေ ၂၀၀၃ ခုနှစ် အောက်တိုဘာလထဲမှာ စတင်တီထွင်ခဲ့တာပါ။
play

၂၀၀၅ ခုနှစ်မှာ Android Inc ကို Google ကနေ ဝယ်ယူသွားတဲ့နောက် အန်းဒရိုက်တီထွင်သူ အန်ဒီရူဘင်ဟာ Google ရဲ့ မိုဘိုင်းလ်နဲ့ ဒစ်ဂျစ်တယ်ထုတ်ကုန်ဆိုင်ရာ အကြီးတန်းဒုဥက္ကဌတစ်ယောက်အဖြစ် ၈ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မတ်လထဲမှာ သူ့ နေရာမှာ ယခုGoogle ရဲ့ CEO ဖြစ်သူ ဆွန်ဒါပီချိုင်းနဲ့ အစားထိုးခံရပြီးနောက် Google ရဲ့ စက်ရုပ်နည်းပညာဌာနမှာ စီမံခံ့ခွဲမှုပိုင်းကို ကိုင်တွယ်ခဲ့ရပြီး ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ Google ကနေ ထွက်ကာ ကိုယ်ပိုင် ဟာ့ဒ်ဝဲလ်ထုတ်ကုန်လုပ်ငန်းဖြစ်တဲ့ Playground Global ကို တည်ထောင်ခဲ့ပါတယ်။
play

အခုဆို ရူဘင်ဟာ အိုင်ဖုန်းနဲ့ samsung ဖုန်းများထက် သာလွန်ကောင်းမွန်မယ့် စမတ်ဖုန်းထုတ်ဖို့  စီစဉ်နေပါပြီ။ သူ့ ရဲ့ စမတ်ဖုန်းကုမ္ပဏီသစ်ဟာ ဈေးကွက်မှ ထိပ်တန်းစမတ်ဖုန်းများကို ယှဉ်ဖို့ AI ကို အခြေခံထားတဲ့ အဆင့်မြင့်နည်းပညာသုံးသွားမှာပါ။
ဒီကုမ္ပဏီသစ်ကို Essential လို့ ခေါ်ပြီး လက်ရှိမှာ ဝန်ထမ်း ၄၀ နဲ့ လည်ပတ်နေပါတယ်။Essential Products Inc ကို ပြီးခဲ့တဲ့ ၂၀၁၅ နိုဝင်ဘာထဲမှာ ကယ်လီဖိုးနီးယားပြည်နယ် မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ခဲ့ပါတယ်။၂၀၁၆ နှောင်းပိုင်းမှာ ကုမ္ပဏီကို အမေရိကန် မှတ်ပုံတင်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ရုံးမှာ Essential လို့ မှတ်ပုံတင်ခဲ့ပြီး စမတ်ဖုန်း ၊ တက်ဘလက် ၊ ဆက်စပ်ထုတ်ကုန်များနဲ့ မိုဘိုင်းလ်ဖုန်းများအတွက် operating software များကို စာရင်းတင်ခဲ့တာပါ။ ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းလုပ်ငန်းများအပြင် တစ်ခြား AI နှင့် ဆက်စပ်တဲ့ အီလက်ထရောနစ်ထုတ်ကုန်များလည်း ထုတ်သွားဖို့ လုပ်ဆောင်နေပါတယ်။

Essential ထုတ် စမတ်ဖုန်းနမူနာတစ်ခုဟာ ၅.၅ လက်မ အရွယ် iPhone 7 Plus ထက်မျက်နှာပြင် ပိုကြီးဖို့ ရှိပြီး ဒီဇိုင်းပိုင်းမှာ ထောင့်စွန်းဖျောက်ထားတာကြောင့် ပိုပြီး ထုထည်ပါးဖို့ ရှိပါတယ်။ဒီဖုန်းမှာ အားသွင်းတဲ့အပိုင်းနှင့် ဖုန်းရဲ့ လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးနိုင်တဲ့ connector တစ်ခုထည့်သွားဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ယခုဖုန်းမှာ pressure sensitive သိနိုင်တဲ့ screen နဲ့ 3D Touch လိုမျိုး feature များလည်း ပါရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းနဲ့ တွဲပြီး သုံးသွားမယ့် ၃၆၀ ဒီဂရီကင်မရာကိုလည်း တီထွင်နေပါတယ်။
ဒီဖုန်းဟာ ထုတ်လုပ်နေဆဲအဆင့်မှာသာ ရှိသေးတာ ဖြစ်ပြီး Essential အနေနဲ့ ယခုနှစ် ဇွန်လထဲမှာ iPhone 7 ရဲ့ ဈေးနှုန်းမျိုးနဲ့ ရောင်းချသွားမယ်လို့ မျှော်လင့်ထားပါတယ်။
Source: Bloomberg
Credit: duwun.com.mm



Contact Us

Name

Email *

Message *

Back To Top