မီးသတ်ဗူးပါ တစ်ခါတည်းပါလာသည့် ဘက်ထရီ

မီးသတ်ဗူးပါ တစ်ခါတည်းပါလာသည့် ဘက်ထရီ

ဝ.၄ စက္ကန့် အတွင်း မီးသတ်ပေးနိုင်မှာပါ။play

သိပ္ပံပညာရှင်များဟာ ဘက်ထရီအပူလွန်ကဲလာပြီဆိုတာနဲ့  မီးသတ်ပေးမယ့် လစ်သီယမ်ဘက်ထရီတစ်မျိုးကို ဒီဇိုင်းဆွဲလိုက်ပါတယ်။ စမတ်ဖုန်းများနဲ့ တစ်ခြား ကလေးကစားစရာလိုမျိုး နည်းပညာအသုံးအဆောင်ပစ္စည်းများမှာ တွေ့ ရတဲ့ လစ်သီယမ်ဘက်ထရီများဟာ စိတ်ချရတဲ့ ဘက်ထရီမျိုးမဟုတ်ပါဘူး။ နမူနာပြောရရင် Samsung ရဲ့ Galaxy Note 7 မီးလောင်ပေါက်ကွဲခဲ့တာဟာ လစ်သီယမ်ဘက်ထရီတွေကြောင့်လို့  သုံးသပ်ခဲ့ကြပါတယ်။
play

ဒီလိုဘက်ထရီတွေ မီးလောင်ပေါက်ကွဲတဲ့ ပြဿနာကို ဖြေရှင်းဖို့ စတန်းဖို့ ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ မီးသတ်ဆေးဗူး တစ်ခါတည်း ပါလာတဲ့ လစ်သီယမ် ဘက်ထရီတစ်မျိုးကို တီထွင်လိုက်ပါတယ်။ ဘက်ထရီထဲမှာ အဖိုအမလျှပ်စစ်ငုတ်နှစ်ခုကိုခွဲခြားပေးထားတဲ့ ပလစ်စတစ်ဖိုက်ဘာသားထဲကို triphenyl phosphate လို့ ခေါ်တဲ့ ပစ္စည်းတစ်မျိုးကို ထပ်ထည့်ပေးထားပါတယ်။ triphenyl phosphate ဟာ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုးအတွက် မီးသတ်ဆေးသဖွယ်သုံးနိုင်တဲ့ ပစ္စည်းဖြစ်ပြီး ဘက်ထရီအပူချိန်ဟာ ၁၅၀ ဒီဂရီဆဲလ်စီးယပ်စ်ရောက်တာနဲ့ ပလတ်စတစ်ဖိုက်ဘာပြားဟာ အရည်ပျော်သွားပြီး ဘက်ထရီမီးလောင်တာကို ချက်ချင်း ရပ်တန့် စေမယ့် ဓါတ်တုပစ္စည်းတစ်မျိုးထုတ်ပေးလိုက်ပါတယ်။ သုတေသီများရဲ့ စမ်းသပ်ချက်အရ ဒီနည်းလမ်းဟာ ၀.၄ စက္ကန့် အတွင်း ဘက်ထရီမီးမလောင်အောင် တားဆီးပေးနိုင်ပါတယ်။ ဒီသုတေသနကို ဦးဆောင်တဲ့ သိပ္ပံပညာရှင် ယီချူးကတော့ မီးမလောင်အောင် ဓါတ်ပြုခြင်းဟာ သာမန် အပူချိန်မှာ မဖြစ်ဘူးလို့ ဆိုပါတယ်။

လျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာအသင်း IEEE ရဲ့ သတင်းတစ်ပုဒ်ထဲမှာတော့ နောက်လာမယ့် စမ်းသပ်ချက်များထဲမှာ အပူလွန်ကဲမှုကို သိပြီး မီးသတ်စရာမလိုဘဲ ချက်ချင်းအားမဝင်အောင် တားလိုက်တာမျိုးကို စမ်းသပ်သွားမယ်လို့ သိရပါတယ်။ စတန်းဖို့ ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ ဒီဘက်ထရီများကို ဈေးကွက်တင်ရောင်းချသွားမလားဆိုတာကိုတော့ မသိရသေးပါဘူး။ဘာပဲဖြစ်ဖြစ် အနာဂါတ်မှာ ဘက်ထရီတွေဟာ ပိုပြီး ဘေးကင်းစိတ်ချရမယ်လို့ ယုံကြည်စရာ ရှိလာပါတယ်။
Source: Science
Credit: 



Contact Us

Name

Email *

Message *

Back To Top