ဖုန်းအသစ်တစ်လုံး ဝယ်ယူရာမှာ သိထားသင့်တဲ့ အချက်များ

ဖုန်းအသစ်တစ်လုံး ဝယ်ယူရာမှာ သိထားသင့်တဲ့ အချက်များ

ဒီနေ့ခေတ်မှာ စမတ်ဖုန်းတွေက အရမ်းကို ကောင်းလာတာကြောင့် တစ်ခုခုကို ရွေးချယ်ဝယ်ယူဖို့အတွက် အရမ်းကို ခက်ခဲလာပါတယ်။ စမတ်ဖုန်းကို နှစ်ပေါင်းများစွာ ကိုင်တွယ်ဖို့ စီစဉ်ထားတာပဲဖြစ်ဖြစ်၊ အသစ်ထွက်တာနဲ့ ပြောင်းလဲဖို့ စီစဉ်ထားတာပဲဖြစ်ဖြစ် ကိုယ်နဲ့သင့်တော်တဲ့ ဖုန်းကို ရွေးချယ်ဝယ်ယူနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် CNET က အကြံပြုဖော်ပြထားတဲ့ ဖုန်းအသစ်တစ်လုံး ဝယ်ယူရာမှာ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
CNET က ရွေးချယ်ပေးထားတဲ့ လက်ရှိ အကောင်းဆုံးဖုန်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
High-end (ဒေါ်လာ ၆၀၀ နဲ့အထက်): Google Pixel, XL; iPhone 7, 7 Plus; Samsung Galaxy S7/Edge
Midrange (ဒေါ်လာ ၄၀၀ ဝန်းကျင်): OnePlus 3/3T
Entry-level (ဒေါ်လာ ၂၅၀ ဝန်းကျင်): Motorola Moto G4
အကြံပြုချက်များ -
စမတ်ဖုန်းမှာ ကိုယ်အလေးထားဆုံး အပိုင်းကို သိထားရပါမယ်။ Screen အရွယ်အစားလား၊ ကင်မရာ အရည်အသွေးလား၊ ဘက်ထရီ သက်တမ်းလား ဆိုတာကို သိရှိထားရပါမယ်။ ဒါက ကိုယ့်ရဲ့ရွေးချယ်စရာစာရင်းကို ချုံ့ပေးနိုင်ပါတယ်။
Midrange ရဲ့ဈေးကို မလျှော့ပါနဲ့။ သင့်အနေနဲ့ ပရီမီယံဖုန်း တစ်လုံးလိုမျိုး အရာမှန်သမျှ လုပ်ဆောင်နိုင်စေမယ့် ဖုန်းကို ဈေးအနည်းငယ်နဲ့ ရနိုင်ပါတယ်။
- ဖုန်းကို ဆိုင်မှာ အရင်ဆုံး ကိုင်တွယ်စမ်းသပ်ပါ။ ဒါမှ ဖုန်းရဲ့ အသွင်အပြင်၊ ခံစားမှုနဲ့ပတ်သက်ပြီး ကြိုက်၊ မကြိုက် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။
- Global ဖုန်းတစ်လုံးကို ဝယ်မယ်ဆိုရင် ကိုယ့် carrier band တွေနဲ့ အလုပ် လုပ်၊ မလုပ် အရင်ဆုံး စစ်ဆေးပါ။
- iPhone app တွေနဲ့ iTunes movie အများအပြား ဝယ်ယူထားပြီး အဲ့ဒီ app တွေကိုပဲ သုံးချင်တယ်ဆိုရင်တော့ iPhone ကိုပဲ ရွေးချင်သင့်ပါတယ်။ အဲ့ဒီလိုပဲ Android ဆော့ဖ်ဝဲတွေကို သုံးချင်တယ်ဆိုရင် iPhone ကို မေ့ထားလိုက်ပါတယ်။
- Case နဲ့ glass screen protector တစ်ခုဝယ်ပါ။ ဒါဆိုရင် ဖုန်းပျက်စီးမှုဒဏ်ကို ကာကွယ်ပေးနိုင်သလို ဖုန်းကို ပြန်လည်ရောင်းချတဲ့အခါမှာလည်း ဈေးကောင်းရနိုင်ပါတယ်။
Android ဖုန်းတစ်လုံး ဝယ်မယ်ဆိုရင်
Android မှာ ပိုကောင်းတဲ့ native Maps app နဲ့ assistant ပါဝင်ပါတယ်။ Android သုံးရခြင်းရဲ့ အခြားအကျိုးကျေးဇူးတစ်ခုကတော့ လူအများအပြားသုံးနေကြတဲ့ Google service တွေကို ချိတ်ဆက်ပေးထားတာပါ။
အရေးပါတဲ့ update တွေကို မေလ ဒါမှမဟုတ် ဇွန်လမှာ မိတ်ဆက်ပေးလေ့ရှိသလို Google ရဲ့ official Nexus နဲ့ Pixel ဖုန်းတွေမှာ ဦးဆုံး ဖြန့်ချိပေးပါတယ်။
ဒါကိုမှတ်ထားပါ -
- Android 7.0 နဲ့အထက် - လက်ရှိ OS က Doze on the Go လို့ခေါ်တဲ့ battery-saving feature အပါအဝင် အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ရရှိနိုင်ပါတယ်။
- Android 6.x - ဒီဗားရှင်းက ဟောင်းနေပြီဆိုပေမယ့် ဒါကပြဿနာမဟုတ်ပါဘူး။ အချို့ဖုန်းကုမ္ပဏီတွေက Android ကို update ပေးဖို့ အချိန်အရမ်းယူပါတယ်။ ဈေးကြီးပြီး နာမည်ကျော်တဲ့ဖုန်းတွေက update ရနိုင်မယ့်အခွင့်အလမ်း ပိုများပါတယ်။
iPhone ဝယ်မယ်ဆိုရင်
iOS update တွေကို ဖုန်းတိုင်းနီးပါးအတွက် အချိန်မှန်ဖြန့်ချိပေးပါတယ်။ အရေးပါတဲ့ နောက်ဆုံးပေါ် iOS ဗားရှင်းကို Apple က ဇွန်လမှာ မိတ်ဆက်လေ့ရှိပြီး စက်တင်ဘာလမှ ဖြန့်ချိပေးပါတယ်။
ဒါကိုမှတ်ထားပါ -
- မော်ဒယ်နိမ့်တဲ့ iPhone တွေက ဈေးသက်သာပါတယ်။ ဒါပေမဲ့ အသစ်ထွက်တဲ့ဖုန်းတွေမှာ ပါဝင်တဲ့ hardware အခြေပြု လုပ်ဆောင်ချက်တွေကိုတော့ သုံးနိုင်မှာ မဟုတ်ပါဘူး။
- ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၇ မှာထွက်ရှိမယ့် ၁၀ နှစ်မြောက်နှစ်ပတ်လည် iPhone ကို စောင့်ပါ။ ကောလာဟလသတင်းများအရတော့ ထူးခြားဆန်းသစ်တဲ့ အရာတစ်ခုကို တွေ့မြင်ရဖို့ရှိပါတယ်။
Screen အကြီးလား၊ အသေးလား
Screen အရွယ်အစားသေးငယ်တဲ့ (၄.၅ လက်မအောက်) ဖုန်းတစ်လုံးကို စိတ်ဆန္ဒရှိတယ်ဆိုရင် iPhone SE နဲ့ Sony Xperia X Compact တို့ကို စဉ်းစားသင့်ပါတယ်။ ဒါမှမဟုတ် ၄.၇ လက်မ ကနေ ၆ လက်မနဲ့အထက် ဖုန်းတွေကို စဉ်းစားနိုင်ပါတယ်။
၎.၇ လက်မနဲ့အထက် screen တွေကို စဉ်းစားမယ်ဆိုရင် -
- အနည်းဆုံး 1080p resolution screen ကို ရှာပါ။
- ၅.၅ လက်မနဲ့အထက် screen တွေအတွက်ဆိုရင် 2560 x 1440 resolution က ပိုကောင်းပါတယ်။
- Google Daydream လို VR headset ကို သုံးမယ်ဆိုရင် resolution ပိုမြင့်တာက ပိုကောင်းပါတယ်။
ကင်မရာအရည်အသွေး
ကင်မရာနည်းပညာနောက်ကို မလိုက်ဘူးဆိုရင် ဓာတ်ပုံကောင်းကောင်းရိုက်ဖို့ ကြိုးပမ်းတဲ့အခါ sensor brand တွေနဲ့ f-stop တွေက အများကြီး အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။
ဒါကို မမေ့ပါနဲ့ -
- ကင်မရာရဲ့ megapixels မြင့်တိုင်း အရည်အသွေးမြင့်တဲ့ ရိုက်ချက်တွေ မရနိုင်ပါဘူး။ 12-megapixel ကင်မရာက 16-megapixel ကင်မရာထက် ပိုကောင်းတဲ့ဓာတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။
- ဒီနေ့ခေတ်မှာ 8 megapixel ကျောဘက်ကင်မရာပါတဲ့ ဖုန်းတွေကို budget ဖုန်းတွေမှာပဲ တွေ့ရနိုင်ပါတယ်။ အရည်အသွေးအနေနဲ့ အလယ်အလတ်ပဲ ရနိုင်ပါတယ်။
- ကျောဘက်မှာ ကင်မရာနှစ်ခုပါတဲ့ ဖုန်းတွေက background ကို ဝါးပေးမယ့် optional depth effect ဒါမှမဟုတ် wide-angle option တို့နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။
- Optical image stabilization (OIS) က လက်တုန်ခါမှုကြောင့် ဓာတ်ပုံတွေဝေဝါးမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်က indoor တွေ ဒါမှမဟုတ် အလင်းနည်းတဲ့နေရာတွေမှာ ဓာတ်ပုံရိုက်တဲ့အခါ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ အရာဝတ္ထုရွေ့လျားမှုကြောင့် blur ဖြစ်တာကိုတော့ မကူညီပေးနိုင်ပါဘူး။
- ဖုန်းကင်မရာအများစုမှာ HDR, self-timer, beauty mode နဲ့ filter များစွာ ပါဝင်ပါတယ်။
ဘက်ထရီသက်တမ်းနဲ့ စွမ်းဆောင်ရည်
အလယ်အလတ်ဈေးနဲ့အထက် ဖုန်းအများစုဟာ ဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်သုံးခြင်း၊ ဂိမ်းကစားခြင်းနဲ့ သီချင်းနားထောင်ခြင်း စတဲ့ နေ့စဉ်သုံးစွဲမှုတွေကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပါတယ်။ အလယ်အလတ်ဈေးနဲ့ရနိုင်တဲ့ အချို့ဖုန်းတွေမှာဆိုရင် ဈေးမြင့်မားတဲ့ဖုန်းတွေ ချစ်ပ်အတိုင်း အသုံးပြုထားပါတယ်။
ယေဘုယျအားဖြင့် -
- ဖုန်းအများစုဟာ တစ်နေ့တစ်ကြိမ် အားသွင်းဖို့ လိုပါတယ်။ ဒါကြောင့် လုပ်ငန်းခွင် ဒါမှမဟုတ် ကိုယ့်အိတ်ထဲမှာ အားသွင်းကြိုးအပို ဆောင်ထားသင့်ပါတယ်။
- 3,000mAh နဲ့အထက် ဘက်ထရီက သက်တမ်းပိုရှည်ပါတယ်။
- Maps နဲ့ music streaming တွေက အခြားလုပ်ဆောင်ချက်တွေထက် ဘက်ထရီသက်တမ်း အလျင်အမြန် ကုန်ဆုံးစေပါတယ်။
- Octa-core processor တစ်ခုက quad-core chipset တစ်ခုထက် အမြဲတမ်း ပိုမကောင်းနိုင်ပါဘူး။
- Qualcomm ရဲ့ Snapdragon processor တွေမှာ မြင့်မားတဲ့နံပါတ်နဲ့ ချစ်ပ်တွေက ပိုပြီးသစ်လွင်ပါတယ်။ ဒါကြောင့် 821 က 617 နဲ့ 400 ထက် ပိုမိုလျင်မြန်ပါတယ်။
Bonus feature များ -
- Fingerprint scanner က ဖုန်းရဲ့ကျောဘက်၊ ပါဝါခလုတ် ဒါမှမဟုတ် home ခလုတ်ပေါ်မှာ ပါဝင်လေ့ရှိပါတယ်။
- MicroSD storage က အချို့ Android ဖုန်းပေါ်မှာ ပါဝင်ပါတယ်။
- ရေစိုခံနိုင်မှု IP67 နဲ့အထက်က ပိုကောင်းပါတယ်။
- ကြိုးမဲ့အားသွင်းစနစ်ကို Samsung Galaxy S7 နဲ့ S7 Edge မှာ ရနိုင်ပါတယ်။
- Stereo audio speaker တွေနဲ့ အဆင့်မြင့် audio ကို ရနိုင်ပါတယ်။
- USB-C connector က Android ဖုန်းတွေအတွက် စံသတ်မှတ်ချက်အသစ် ဖြစ်ပါတယ်။
- ဖြုတ်နိုင်တပ်နိုင်တဲ့ ဘက်ထရီ - ဒီ feature က အရမ်းကို ရှားပါးနေပါပြီ။
ဘတ်ဂျက်ဖုန်းတွေကို ဝယ်မယ်ဆိုရင်
ဖုန်းတစ်လုံးမှာ ဈေးသက်သာဖို့ကလည်း အရေးအကြီးဆုံး အရာတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဘတ်ဂျက်ဖုန်းအချို့ရှိပေမယ့် သူတို့ရဲ့ဈေးက အခြားအရာတွေထက် ပိုမိုပါတယ်။ လက်ရှိမှာတော့ Motorola Moto G4 က
အကောင်းဆုံးပါ။ မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ Honor 6X ကလည်း ကောင်းပါတယ်။
ကိုယ်ကိုယ်တိုင်မေးရမယ့် မေးခွန်းများ -
- USB-C port ပါသလား။ Adapter dongle တွေက ဘူးထဲမှာပါသလား။ ဒါမှမဟုတ် အသစ်တစ်ခု ဝယ်ဖို့လိုသလား။
- ၃.၅ မီလီမီတာ နားကြပ်ပေါက်ပါသလား။ ဒါမှမဟုတ် Adapter dongle တစ်ခု ဝယ်ဖို့လိုသလား။
- ဖုန်းပျက်သွားရင် ပြင်ဖို့အတွက် ဘာလုပ်ပေးမလဲ။
- Locked ဖုန်းလား။ ဘယ် SIM card မဆို ထည့်သုံးလို့ရလား။
- Warranty ပေးသလား။
Ref: CNET
Credit: internetjoutnal.media



Contact Us

Name

Email *

Message *

Back To Top