မျက်စိမမြင်သူများကိုယ်စား အနီးအနားက အရာဝတ္ထုများကို ဖတ်ရှုပေးသွားမည့် အက်ပလီကေးရှင်း

အရာဝတ္ထုအမျိုးအမည်ပေါင်း ၁၀၀၀ ကျော် ကို ဖတ်ရှုနိုင်ပါတယ်။
မျက်စိမမြင်သူများအတွက် အဖိုးတန် အက်ပလီကေးရှင်းလေးတစ်ခု ရှိပါတယ်။ ဒါကတော့  ကိုယ်သွားရာနေရာတစ်လျှောက်ရှိ ပစ္စည်းများကို ဖက်ရှုပေးသွားမယ့် မိုဘိုင်းလ်အက်ပ်ကလေးပဲ ဖြစ်ပါတယ်။ စက်အမြင်ဆိုင်ရာ နည်းပညာသုံးထားတဲ့ ဒီအက်ပ်လေးဟာ ကိုယ့်ဖုန်းရဲ့ ကင်မရာကနေ အပြင်မှာ ရှိနေတဲ့ ပစ္စည်းများကို ဖမ်းယူပြီး နာမည်ဖတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
play

သြစတြေးလျနိုင်ငံ မဲလ်ဘုန်းအင်ဂျင်နီယာကျောင်းမှ စက်မှုဘက်ဆိုင်ရာနဲ့ ကွန်ပျူတာသိပ္ပံကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ မာရီတာချန် ဟာ မျက်မမြင်များအတွက် အာရုံအထောက်အကူပြုဖို့ ဒီအက်ပလီကေးရှင်းလေးကို တီထွင်လိုက်တာဖြစ်ပါတယ်။ ဒီ AI အခြေပြု မြင်ထောက်ကူအက်ပလီကေးရှင်းကို Aipoly လို့ ခေါ်ပြီး အရာဝတ္ထုအမျိုးအမည်ပေါင်း ၁၀၀၀ ကျော် ကို ဖတ်ရှုနိုင်ပါတယ်။ ဘာသားစကား ၇ မျိုးနဲ့ ဖတ်နိုင်တဲ့ ဒီအက်ပလီကေးရှင်းဟာ အရောင်တွေကိုလည်း သတ်မှတ်ပေးနိုင်ပါတယ်။

ဒီအက်ပလီကေးရှင်းကို run လိုက်တာနဲ့ ကို့ ရှေ့ ကပုံရိပ်ကို ရိုက်ကူးသွားပြီး Aipoly ရဲ့ servers ရှိရာကို အလိုအလျောက် သွားရောက် upload တင်ပေးမှာပါ။ server ကနေ ရောက်လာတဲ့ ပုံရိပ်ကို စိတ်ဖြာ သုံးသပ်ပြီး ပစ္စည်းအမျိုးအမည်ကို စာသားမှ အသံပြောင်းစနစ်ကို သုံးပြီး ကျယ်ကျယ်လေး ဖတ်ရှုပေးသွားမှာပါ။ ဒီနည်းနဲ့ မျက်စိမမြင်တဲ့သူများဟာ သူတို့ ရဲ့ သားသမီးလေးတွေ ဒီနေ့ ဘာအရောင်ဝတ်ထားတယ် ဆိုတာမျိုးကိုပါ သိနိုင်တော့မှာ ဖြစ်ပါတယ်။ ယခု အက်ပ်မှာသုံးထားတဲ့ machine vision algorithm ဟာ မျက်စိမမြင်သူများအတွက် အများသုံး လမ်းညွှန်ဆိုင်းပုတ်များ နျင့် အရာဝတ္ထုများကို သိစေဖို့ ရေးသားထားတဲ့ algorithm တစ်မျိုးဖြစ်ပါတယ်။ 
Aipoly ကို တစ်ကမ္ဘာလုံးမှာ ဘီတာဗားရှင်းအနေနဲ့ စမ်းသပ်သုံးစွဲနေကြပြီဖြစ်ပါတယ်။ ဒီဗားရှင်းမှာ မျက်စိမမြင်သူများအတွက် မြင်ထောက်ကူဆော့ဖ်ဝဲလ်များစမ်းသပ်နိုင်စေဖို့ Aipoly ရဲ့ ဝက်ဘ်ဆိုက်လိပ်စာဖြစ်တဲ့ aipoly.com မှာ သွားရောက် စာရင်းသွင်းနိုင်ပါတယ်။
play

ယခု အက်ပလီကေးရှင်းကို ရေးဆွဲခဲ့တဲ့ မစ္စက် ချန်ဟာ ဆီလီကွန်တောင်ကြားမှ NASA သုတေသန ပါ့ခ်မှာ အလုပ်လုပ်နေပြီး ၂၀၀၈ ခုနှစ်မှာ ကျောင်းသူများအတွက် အင်ဂျင်နီယာနဲ့ နည်းပညာအလုပ်များကို အဆင့်မြှင့်တင်ပေးဖို့ Robogals ဆိုတဲ့ နိုင်ငံတကာ အဖွဲ့ အစည်းတစ်ရပ်ကို တည်ထောင်ခဲ့ပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်မှာYoung Australia ဆုချီးမြှင့်ခံရပြီး ၂၀၁၄ ခုနှစ်ထဲမှာ သူမရဲ့ ရိုဘော့နည်းပညာကုမ္မဏီဖြစ်တဲ့ 2Mar Robotics ကို ထူထောင်ဖို့ အတွက် Melbourne Accelerator Program မှ ထောက်ပံ့ကူညီခဲ့ပါတယ်။
အခမဲ့ဒေါင်းလုပ်ဆွဲနိုင်တဲ့ ဒီအက်ပလီကေးရှင်းလေးဟာ မျက်စိဝေဒနာရှင်များအတွက် အဖော်ကောင်းသဖွယ် အနားမှာ ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် 2017 CES ပွဲမှာလည်း အကောင်းဆုံး ဆန်းသစ်တီထွင်ဆု ရခဲ့ပါတယ်။
Source: Tech Insider
Credit: duwun.com.mm