ချစ်သူက ဖုန်းမကိုင်၊ မက်ဆေ့ခ်ျ မပြန်တော့ရင် လုပ်သင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်များ

ချစ်သူက ဖုန်းမကိုင်၊ မက်ဆေ့ခ်ျ မပြန်တော့ရင် လုပ်သင့်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်များ

ချစ်သူက ရုတ်တရက်အေးစက်သွားပြီလား.?ချစ်သူက ဖုန်းဆက်မယ်ပြောပြီး မဆက်တော့တာ၊ဖုန်းခေါ်ထားတာ၊မက်ဆေ့ခ်ျပို့ထားတာကို တွေ့ တာတောင် မှ ပြန်မဆက်၊ပြန်မပို့ဘူးဆိုရင်တော့ နေမထိထိုင်မထိဖြစ်နေမှာသေချာပါတယ်။အကောင်းဘက်ကတွေးရင်တော့ဘက်ထရီကုန်တာလား၊အလုပ်ရှုပ်နေတာလား လို့ တွေးမိကောင်းတွေးမိနိုင်ပေမယ့်၊နောက်ပိုင်းကျရင်တော့ ပစ်ပယ်ခံရတာ လားလို့တွေးမိလာနိုင်ပါတယ်။အဲ့ဒီလိုအခြေအနေနဲ့ကြုံလာသူတွေ အတွက်သိ ထားသင့်တဲ့ ရှောင်ရန်၊ဆောင်ရန် အချက်လေးတွေရှိပါတယ်။
(၁)မက်ဆေ့ခ်ျတွေ အဆက်မပြတ်မပို့ပါနဲ့
မက်ဆေ့ခ်ျမပြန်တာနဲ့ နောက်ထပ်မက်ဆေ့ခ်ျတွေကို အဆက်မပြတ်ပို့တတ်တဲ့ အကျင့်ရှိတတ်ကြပါတယ်။ဒါကြောင့် မက်ဆေ့ခ်ျဆိုရင်လည်း မပြန်မချင်းတစ်ေ စာင်ပြီးတစ်စောင်ပို့တာ၊ဖုန်းဆိုရင်လည်း မကိုင်မချင်း ခေါ်တာမျိုးမလုပ်ပါနဲ့။ ဒါဟာတစ်ဖက်လူကို တကယ်စိတ်ပျက်သွားအောင် တွန်းအားပေးနေတဲ့ အပြုအ မူပါ။ကိုယ့်မက်ဆေ့ခ်ျကို ချစ်သူကမပြန်ရင် ဘယ်လောက်ခံရခက်တယ်ဆိုတာကို သိပါတယ်။ဒါပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ်မက်ဆေ့ခ်ျတွေ အဆက်မပြတ်ပို့ တာ၊ ဖုန်းခေါ်တာ၊သူ့ငယ်ချင်းတွေဆီ ဖုန်းဆက်မေးတာမျိုးတော့ လုံးဝမလုပ် သင့်ပါဘူး။
woman is shouting into phone.
(၂)ပုံမှန်မက်ဆေ့ခ်ျပို့တဲ့ ပုံမျိုးအတိုင်းပဲ ပို့ပါ
တစ်ကြိမ်၊နှစ်ကြိမ်လောက် မက်ဆေ့ခ်ျပို့ပြီး ဘာဖြစ်နေလဲဆိုတာကို မေးတဲ့ မေး ခွန်းကို ဖုန်းနဲ့ဝေးနေလို့ မပြန်ဖြစ်တာအထိတော့ လက်ခံပေးနိုင်ပါတယ်။ဒါပေ ယ့်(၃)ရက်လောက်ကြာတဲ့အထိမှ Reply မလာတာ၊မဆက်သွယ်တာ နဲ့ စိတ်ဆိုးတဲ့မက်ဆေ့ခ်ျတွေမပို့ပါနဲ့။ပုံမှန်ပို့နေကျမက်ဆေ့ခ်ျအတိုင်းပဲပို့ပါ။ အဲ့လိုမှ မဟုတ်ပဲ စိတ်ဆိုးဒေါသထွက်နေတဲ့ မက်ဆေ့ခ်ျတွေကိုပဲပို့နေမယ်ဆိုရင်တော့ သင့်ရဲ့ မက်ဆေ့ခ်ျတွေကို သေချာပေါက် Reply ပြန်မှာမဟုတ်ပါဘူး။
(၃)တတ်နိုင်ရင် လူချင်းသွားတွေ့ပါ
တက်နိုင်ရင်တော့ လူချင်းတွေ့နိုင်ဖို့ ကြိုးစားပေးပါ။လူချင်းတွေ့မှ သူ့ရဲ့အာရုံစိုက် မှုတွေကို ပြန်ရနိုင်မယ့်၊ပြန်ဖမ်းစားနိုင်မယ့် အ၀တ်အစားမျိုး(အလှအပ)ကို ၀တ်ပြ၊ပြင်ပြနိုင်မယ့် အခွင့်အရေးမျိုးကိုရမှာပါ။အမျိုးသားတွေဟာ အမြင်ပိုင်း၊ ရုပ်ပိုင်းကို ဦးစားပေးတတ်ကြသူတွေပါ။တခါတလေမှာ ကိုယ်ဘယ်လောက်လှ တယ်ဆိုတာကို သူတို့ပြန်အမှတ်ရအောင် လုပ်ပေးဖို့ လိုပါတယ်။လူချင်းတွေ့ ကြည့်မှ သူ့ရဲ့အမူအယာတွေက ပုံမှန်မဟုတ်တာ(သို့) တမင်ရှောင်နေတာလား ဆိုတာကို သေချာသိရမှာပါ။
couple having argument - conflict bad relationships. Angry fury woman screaming man closes his ears.
(၄)ချစ်သူရဲ့အကြောင်းတွေကို လူတိုင်းကို လိုက်မတိုင်ပါနဲ့
ဒီလိုအခြေအနေမှာ စိတ်အရမ်းရှုပ်ပြီး တခြားသူတွေကို ရင်ဖွင့်မိနိုင်တယ်ဆိုတာ ကို နားလည်ပေမယ့် ကိုယ်တကယ် ရင်ဖွင့်တိုင်တန်းနေတဲ့သူက ဘယ်သူ လဲ ဆိုတာကို ဂရုစိုက်ပါ။ကိုယ့်ချစ်သူနဲ့ပါရင်းနှီးနေတဲ့သူတွေကို ရင်ဖွင့်တာတွေ မလုပ်ပါနဲ့။ဒီအကြောင်းတွေ သူ့နားပြန်ရောက်ပြီး အခြေအနေတွေ ပိုဆိုး လာ နိုင်ပါတယ်။လူတိုင်းကို ဒီအကြောင်းကြောင့် ကိုယ်စိတ်ညစ်နေတယ်ဆိုတာ မသိပါစေနဲ့။
(၅)ဆိုရှယ်မီဒီယာပေါ်တတ် ရင်မဖွင့်ပါနဲ့
ချစ်သူကဂရုမစိုက်တော့ရင် ဖုန်းမကိုင် မက်ဆေ့ခ်ျReply မလာတော့ရင် ဆိုရှယ် မီ ဒီယာ Facebook ပေါ်တတ်ရင်ဖွင့်တာတွေ လုပ်တတ်ကြပါတယ်။အဲ့ဒီလိုေ တွမလုပ်ပါနဲ့။ဒီကိစ္စဟာကိုယ်နဲ့ကိုယ့်ချစ်သူကြားက ပြသာနာပါ။တခြားလူတွေရဲ့ ကိစ္စမဟုတ်ပါဘူး။Facebook statuses တွေဟာ ကိုယ့်ချစ်သူအကြောင်းနဲ့ လက်ရှိ Relationship အခြေအနေကို အရမ်းသိသာစေပါတယ်။ဒီလိုတွေ တတ်ရေးလို့ သူ့ရဲ့စိတ်အာရုံက ကိုယ့်ဆီရောက်လာမယ်လို့ ထင်ကောင်းထင်ပါ လိမ့်မယ်။တကယ်တော့ ဒါဟာ မရင့်ကျက်တဲ့အပြုအမူ၊စိတ်အနှောင့်အယှက်ဖြစ် စရာအပြုအမူဖြစ်ပြီး ချစ်သူကို ကိုယ့်အနားကနေ ထွက်ပြေးချင်လာအောင် လုပ်နေတာဖြစ်ပါတယ်။
Ref;yourtango
Credit: shwemom.com



Contact Us

Name

Email *

Message *

Back To Top