ဖေ့စ်ဘွတ်ခ်သုံးရင်း ဖုန်းအားကုန်မြန်နေပါသလား

Messenger ကြောင့် ဖြစ်တာပါ။

တစ်ချို့ ဖုန်းဘက်ထရီတွေမှာ Messenger အက်ပလီကေးရှင်းကြောင့် အားကုန်တာ မြန်နေပြီး အပူလွန်ကဲနေတဲ့ ပြဿနာကို Facebook ဟာ ရှင်းလင်းလိုက်ပါပြီ။
  Facebook မှ မက်ဆေ့ခ်ျဝန်ဆောင်မှုဌာန ဒုဥက္ကဌဖြစ်သူ ဒေးဗစ်မားကပ်စ်မှ ဒီပြဿနာကို ဖြေရှင်းလိုက်ပြီဖြစ်ကြောင်း Twitter ပေါ်မှာ အတည်ပြုခဲ့ပါတယ်။ ပြဿနာက ဆာဗာဘက်က ဖြစ်တာကြောင့် Messenger ကို ပြန်ပြီး restart လုပ်ရင် အဆင်ပြေသွားမယ်လို့ သိရပါတယ်။

ဒီပြဿနာမျိုး ဘယ်နှစ်ယောက်အထိ ကြုံခဲ့သလဲ မသိရပေမယ့် Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီကိစ္စကို ချက်ချင်းအကြောင်းမပြန်ခဲ့ပါဘူး။ ဒီလိုမျိုး ဖုန်းအားကုန်မြန်တဲ့ ပြဿနာဟာ အန်းဒရိုက်ဖုန်းတွေမှာပဲ ဖြစ်ခဲ့တဲ့ပုံ ရှိပါတယ်။ Facebook ရဲ့ messenger သုံးတာကြောင့် တစ်ချို့ တွေဆို သုံးနာရီတည်းနဲ့ ဖုန်းအား ၉၀% အထိ ကုန်သွားတယ်လို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။
တစ်ကမ္ဘာလုံးမှာ Messenger သုံးစွဲသူ သန်းတစ်ထောင်ကျော် ရှိပြီး အုပ်စုလိုက်ဖုန်းပြောနိုင်သည့် Group Calling features သစ်များ ပါရှိထားပါတယ်။ Messenger ကို ၂၀၁၁ ခုနှစ် သြဂုတ်လထဲမှာ စတင်ဖြန့် ချိခဲ့တာဖြစ်ပြီး အခုဆို ၅ နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီလထဲမှာ Facebook အမှုဆောင်အရာရှိချုပ်မတ်ခ်ဇူကာဘက်ခ်မှ Messenger အက်ပ်ထဲမှာ ဖောက်သည်နှင့် အလိုအလျောက် အပြန်အလှန် ဆက်သွယ်နိုင်သည့် bots ဆော့ဖ်ဝဲလ်များ ထည့်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။
ကိုယ့်ရဲ့ အန်းဒရိုက်ဖုန်းမှာ Messenger သုံးရင်း ဘက်ထရီအားကုန်မြန်တဲ့ ပြဿနာ ကြုံလာပြီဆိုရင် အက်ပလီကေးရှင်းကို Restart ပြန်လုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Source: Business Insider
Ref: duwun.com.mm