စမတ်ဖုန်းသုံးပြီး အရေးပြားကင်ဆာ ရောဂါစစ်ချက်ထုတ်နိုင်တော့မည်
စမတ်ဖုန်းသုံးပြီး အရေးပြားကင်ဆာ ရောဂါစစ်ချက်ထုတ်နိုင်တော့မည်
ဒီလို စစ်ချက်ထုတ်ဖို့ အတွက် ကင်မရာက အရေးကြီးဆုံးဖြစ်ပါတယ်။
အရေပြားကင်ဆာဟာ အသိစောရင် သေစေနိုင်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ လူနာအများစုဟာ ဒီရောဂါရဲ့ ရောဂါလက္ခဏာတွေကို သတိမထားမိခြင်းကြောင့် ရောဂါအခြေအနေကျွမ်းသွားကုန်တာ ဖြစ်ပါတယ်။ ဆေးသိပ္ပံသုတေသနတစ်ရပ်အရ အနာဂါတ်မှာ စမတ်ဖုန်းတစ်လုံးဟာ အရေပြားကင်ဆာကို အကြမ်းဖျင်း စစ်ဆေးကြည့်ရှုနိုင်တော့မယ်လို့ သိရပါတယ်။
play
အရေပြားကင်ဆာ ဟုတ်မဟုတ်ကို machine learning သုံးပြီး အရေပြားနဲ့ ဆံပင်လက်သည်းခြေသည်း စတဲ့ ကိုယ်အင်္ဂါဆိုင်ရာရောဂါဗေဒနဲ့ တိုက်ဆိုင်ကြည့်ပြီး   စစ်ချက်ပေးနိုင်တော့မှာပါ။ ကင်ဆာရောဂါခံစားနေရတဲ့ လူနာတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ စစ်ဆေးကြည့်တာထက် ဒီနည်းဟာ အကုန်အကျပိုနည်းပြီး တိကျသေချာမှုရှိမှာ ဖြစ်လို့ အနာဂါတ်မှာ လူသားတွေရဲ့ အသက်ကို ဒီနည်းနဲ့ ကယ်တင်နိုင်ဖို့ ရှိပါတယ်။
ဒီသုတေသနအဖွဲ့ ဟာ AI စနစ်သုံး အာရုံကြောကွန်ယက်ဖွဲ့ စည်းပုံစနစ်တစ်ခုနဲ့ စတင်လေ့လာခဲ့ပါတယ်။ AI စနစ်သုံးထားအာရုံကြော ကွန်ယက်ဖွဲ့ စည်းပုံကို ImageNet dataset မှ ပုံရိပ်ပေါင်း ၁.၂၈ သန်းနဲ့  တိုက်ဆိုင်ထားတာပါ။ ဒိနောက်တော့ ရောဂါပေါင်း ၂၀၀၀ ကျော် အကြောင်း ဆေးခန်းသုံး ဓါတ်ပုံ ၁၂၉၄၅၀ ရှိတဲ့ database နဲ့ ချိတ်ဆက်ပြီး စစ်ဆေးပါတယ်။ အွန်လိုင်းဒေတာသိမ်းရာဌာန ၁၈ ခုကျော်ဟာ စတန်းဖို့ ဒ်ဆေးဌာနမှာ ရှိတဲ့ နမူနာ training dataset တွေကို တည်ဆောက်ဖို့ အသုံးပြုထားပါတယ်။
ဒီစနစ်ဟာ ဓါတ်ပုံ နဲ့ အရေးပြားရောဂါဆိုင်ရာပုံရိပ်နှစ်ခုစလုံးအတွက် ကွန်ယက်တစ်ခုတည်းနဲ့  ပုံရိပ်လယ်ဗယ်နဲ့ raw pixels တွေကို တစ်ခုနဲ့ တစ်ခု တိုက်ရိုက် ချိတ်ဆက်နိုင်ပါတယ် လို့ သုတေသနအဖွဲ့ မှဆိုပါတယ်။ ဇီဝဆိုင်ရာအတည်ပြုထားတဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို ရောဂါလက္ခဏာ ဟုတ်မှန်ကြောင်း စစ်ချက်ပေးရာမှာ သုံးထားပါတယ်။ ဒီ dataset ထဲက ပုံရိပ် ၁၈၀ ကို ရောဂါအမျိုးအစားခွဲပေးတဲ့ လူတွေနဲ့ အတူ စက်တွေကို ဆေးပညာရှင်တွေရဲ့ စွမ်းရည်မျိုးထည့်သွင်းပေးထားတာပါ။
play
machine learning ကို ကျန်းမာရေးစောင့်ရှောက်မှုမှာ ပြောင်းလဲအသုံးပြုနိုင်ဖို့ အတွက် ဓါတ်ခွဲခန်းမလိုဘဲ ကိုယ့်အိမ်မှာ ရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ စစ်ဆေးကြည့်နိုင်တဲ့ algorithms တွေလိုအပ်ပါတယ်။ကွန်ပျူတာ တွက်ချက်မှုစနစ်ဟာ machine learning ပိုင်းမှာ အတော်များများကို လုပ်ဆောင်နေနိုင်ပြီ ဖြစ်ပေမယ့် မိုဘိုင်းဖုန်းတွေပေါ်မှာတော့ အခုထိ မရှိသေးပါဘူး။ အခုလိုဖြစ်ရခြင်းဟာ စမတ်ဖုန်းကင်မရာတွေဟာ တကယ့်အပြင်မှာ အဆင့်မြင့်ရုပ်ထွက်နဲ့ မရိုက်ကူးနိုင်သေးတာကလည်း တစ်ကြောင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ကျန်းမာရေးသုံး စမတ်ဖုန်းကင်မရာတွေဟာ အလင်း အမှောင် ၊ ထောင့်ချိုး နဲ့ ပုံအနီးအဝေး စတဲ့ ပမာဏကြီးမားတဲ့ ဒေတာပြဿနာများကို ကျော်လွှားနိုင်ပါ့မလားလို့ လည်း မေးစရာ ရှိလာပါတယ်။
တကယ်လို့ သာ ဒီအခက်အခဲတွေကို ကျော်လွန်နိုင်ခဲ့ပြီဆိုတာနဲ့ ဒီနည်းပညာဟာ လူသားတို့ ရဲ့ နေ့ စဉ်ကျန်းမာရေးစောင့်ရှောက်မှုမှာ အကုန်အကျသက်သက်သာသာ နဲ့ ထိထိရောက်ရောက် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း ဆရာဝန်သုံး ကနဦးရောဂါစစ်တမ်းထုတ်ခြင်းအတွက် အခမဲ့ပေးပြီး တစ်ခြားဝန်ဆောင်မှုများကို သုံးဖို့ ငွေပေးပြီး ဝယ်ရတဲ့ in-app အက်ပလီကေးရှင်းတွေဆိုရင်လည်း အားလုံးအဆင်ပြေပြေ လက်လှမ်းမီမီ သုံးစွဲနိုင်တော့မှာပါ။
ပြီးခဲ့တဲ့ နှစ်ကစပြီး စမတ်ဖုန်းတစ်လုံးရဲ့ အရည်အသွေးသတ်မှတ်ချက်ထဲမှာ ကင်မရာ ဘယ်လောက်ကောင်းသလဲ ဆိုတဲ့ အချက်က ဦးစားပေးစဉ်းစားလာတဲ့ အချက်ထဲမှာ ပါဝင်လာပါတယ်။ စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီကြီးများအနေနဲ့ လည်း သုံးစွဲသူအကြိုက် အဆင့်အတန်းမြင့် ကင်မရာပါ စမတ်ဖုန်းများကို ထုတ်လာပါပြီ။ ဒီတော့အနာဂါတ်မှာ စမတ်ဖုန်းများ အဆင့်မြင့်သထက် မြင့်လာတာနဲ့ အမျှ တစ်ကိုယ်ရေကျန်းမာရေးစောင့်ရှာက်မှုဆိုင်ရာကဏ္ဍများလည်း ပိုမိုထိရောက်ကောင်းမွန်လာဖို့ ရှိနေပါတယ်။
Source: Tech Crunch
Credit: duwun.com.mm
Contact Us
Name
Email *
Message *
Back To Top