ရေသောက်ပြီး ဝိတ်ချမယ်

ဝိတ်ချချင်သော ပျိုမေတို့အတွက် ဆယ်ရက်အတွင်း ရေသောက်ရင်း ဝိတ်ချနိုင်တဲ့ နည်းလမ်းလေးပါ။

အစားကလည်း တွေ့တိုင်းစားချင်တယ်။ ဝိတ်ကလည်း တဖြည်းဖြည်း တက်လာပြီ ဆိုပါတော့။ လေ့ကျင့်ခန်းလုပ်ဖို့ကလည်း အချိန်မရှိ။ ဆေးသောက်တော့လည်း ဘေးထွက်ဆိုးကျိုး ကြောက်ရ။
ဒီတစ်သက်တော့ ပိန်မှာကို မဟုတ်ပါဘူးလေ။
မထင်လိုက်ပါနဲ့။ အဆီကျဆေး ရေ ရှိနေပါပြီ။
tada ~ !

– အိပ်ရာထတာနဲ့ ရေကို နှစ်ဖန်ခွက် အပြည့်သောက်လိုက်ပါ။
– တစ်နာရီ ကြာတဲ့အခါ မနက်စာမစားခင် ရေနှစ်ဖန်ခွက် ထပ်သောက်လိုက်ပါ။
– လက်ဖက်ရည်/ကော်ဖီ သောက်ပြီးတိုင်း ရေတစ်ဖန်ခွက်သောက်ပါ။
– နေ့လည်စာ/ညစာ အစာမစားခင် နာရီဝက်အလိုမှာ ရေနှစ်ဖန်ခွက် သောက်ပေးပါ။
– အိပ်ရာမဝင်ခင် နှစ်နာရီ အလိုမှာ ရေနှစ်ဖန်ခွက်သောက်ပေးပါ။
– ပထမပိုင်း သုံးလေးရက်မှာ အိမ်သာနှင့် မိတ်ဆက်နေရပါမယ်။ နောက်ပိုင်းရက်တွေ အဆင်ပြေပါလိမ့်မယ်။
– သတိရတိုင်း ရေတစ်ဖန်ခွက်သောက်ပေးပါ။ ရံဖန်ရံခါ ဗိုက်ဆာသလို ဖြစ်ခြင်းသည် အမှန်တကယ်က ရေဆာခြင်းပင် ဖြစ်ပါသည်။
– မယုံလျှင် ရေသောက်ပြီး ဆယ်ရက်အကြာ၌ ကိုယ်အလေးချိန်  ပြန်ချိန်ကြည့်ပါ။


Verte (For Her Myanmar)
Credit: forhermyanmar.com