တွေးပူစရာဖြစ်လာသည့် နည်းပညာစွဲလမ်းမှု ၆ မျိုး

နည်းပညာဆိုင်ရာအန္တရာယ်တစ်ရပ် ဖြစ်ပါတယ်။

နည်းပညာဟာ လူသားကမ္ဘာတို့ ကို ပိုမိုအဆင်ပြေ နေချင်စဖွယ်ဖြစ်အောင် ဖန်တီးပေးထားတဲ့ တီထွင်ချက်တစ်ခုဆိုတာ ငြင်းပယ်လို့ မရပါဘူး။ ကျွန်တော်တို့ ရဲ့နေ့ စဉ်လူနေမှုဘဝနှင့် စပ်ဆိုင်သည့်ကိစ္စများကို ပိုမိုလွယ်ကူစေသလို အနာဂါတ်ကျန်းမာရေးနှင့် ဘဝပုံစံများအတွက်ပါ မျှော်လင့်ချက်သစ်များကို ယူဆောင်ပေးတဲ့ နည်းပညာများဟာ ဒီနေ့ ခေတ်အတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါပေမယ့်လည်း နည်းပညာမှာလည်း ဘေးထွက်ဆိုးကျိုးတွေ ရှိကြပါတယ်။ အထူးသဖြင့် ဒီနေ့ ခေတ်ကမ္ဘာကို အခြိမ်းခြောက်ဆုံးနည်းပညာဆိုင်ရာအန္တရာယ်တစ်ရပ်ကတော့ နည်းပညာစွဲလမ်းမှုများပဲ ဖြစ်ပါတယ်။ ဒီထဲမှာမှ အဓိက အရေးပေးစောင့်ကြည့်သွားရမယ့် ထိပ်တန်းနည်းပညာစွဲလမ်းမှုများကို တင်ပြလိုက်ပါတယ်။
(၁) လောင်းကစားစွဲခြင်း
play

အရင်တုန်းကဆိုရင် လောင်းကစားလုပ်ဖို့ အတွက် ကာစီနိုလို ဝိုင်းမျိုးသွားနိုင်မှ လောင်းကစားလို့ ရပြီး ဒီနေ့ ခေတ်မှာတော့ ကိုယ့်စမတ်ဖုန်းပေါ်ကနေ လက်ကလေးတစ်ချက်လောက် ပွတ်လိုက်တာနဲ့ လောင်းကစားနိုင်ပြီ ဖြစ်ပါတယ်။ ဆိုးတာက ကလေးတွေတောင်မှာပဲ အခမဲ့အက်ပလီကေးရှင်းတွေကနေ လောင်းကစားဂိမ်းတွေကို နှစ်နှစ်ခြိုက်ခြိုက်ကြီး ဆော့နေကြတာပါ။ လောင်းကစားဂိမ်းတွေကို စွဲသွားရင် လူကြီးတွေတောင် ဖြတ်ရခက်တတ်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဖုန်းပေါ်မှာ လောင်းကစားဂိမ်းမျိုး မဆော့သင့်ပါဘူး။ မနေနိုင်ရင် တကယ့်ကာစီနိုရုံမျိုးသွားပြီးပဲ ဆော့ဆော့ ထီလက်မှတ်လိုမျိုးပဲ ဝယ်ဝယ် လုပ်လိုက်တာက ပိုကောင်းပါတယ်။ ဒီလိုဂိမ်းမျိုးစွဲသွားတဲ့ လူတော်တော်များများဟာ အိမ်တွင်းရေးကိစ္စ အာရုံမစိုက်နိုင်တော့ဘဲ ကိုယ့်ရဲ့ကွန်ပျူတာတို့ ဖုန်းတို့ မှာပဲ တစ်နေကုန် တွယ်တာနေတတ်ပါတယ်။
(၂) တီဗွီစွဲခြင်း
play

တီဗွီအစွဲအလမ်းကြီးတာက အန္ထရာယ်မရှိနိုင်ဘူးလို့ ထင်ပေမယ့် တကယ်တော့ ဒါဟာ သေလောက်အောင် အန္တရာယ်ကြီးပါတယ်။ အဝလွန်ခြင်းနှင့် နှလုံးကျန်းမာရေးဆိုင်ရာပြဿနာများ ခံစားရခြင်းဟာ တစ်နေကုန် တီဗွီရှေ့ မှာ အချိန်ဖြုန်းနေလို့ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ပင်ပန်းနေလို့ စိတ်ပြေလက်ပျောက်သဘောနဲ့ တီဗွီကြည့်တာပါလို့ ဆိုပေမယ့် ဒါဟာ တဖြည်းဖြည်းနဲ့ တီဗွီကြည့်ရတာကို စွဲလမ်းလာပြီး ကိုယ့်ရဲ့အချိန်အတော်များများကို တီဗွီရှေ့ မှာပဲ ကုန်ဆုံးစေတတ်ပါတယ်။
(၃) ဂိမ်း စွဲခြင်း
play

ဂိမ်းသမားတွေ နေ့ ညမရှောင် တစ်ပတ်လုံး ကွန်ပျူတာရှေ့ မှာ ဂိမ်းထိုင်နှိပ်နေတယ်ဆိုတာ အားလုံး မြင်ပါများလို့ ယဉ်တောင် နေလောက်ပါပြီ။ ဂိမ်းစွဲခြင်းဟာ ကြောက်စရာကောင်းတဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး ရပ်တန့် မရနိုင်တဲ့ စိတ်စွဲလမ်းခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ကိုယ့်သားသမီးတစ်ယောက်ယောက်မှာ ဒီလိုမျိုး ဂိမ်းစွဲနေပြီဆိုရင် သူ့ ကို အချိန်နဲ့ အခါနဲ့ ဂိမ်းကစားစေတာမျိုးပဲ ခွင့်ပြုသင့်ပါတယ်။ တစ်ခြားအချိန်တော်တော်များများကို နည်းပညာနဲ့ မဆက်နွှယ်တဲ့ အားကစား ၊ စာပေနဲ့ လူမှုအကျိုးပြုလုပ်ငန်းများမှာ ပါဝင်စေအောင် တိုက်တွန်းအားပေးသင့်ပါတယ်။
(၄) အင်တာနက်စွဲခြင်း
play

တိုးတက်ပြီးစနိုင်ငံများနဲ့ တိုးတက်ဆဲနိုင်ငံများမှာ ကူးစက်ရောဂါသဖွယ် အဖြစ်များနေတဲ့ စိတ်အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ အနေကြာပြီး စွဲလမ်းနေတဲ့လူတွေဟာ နာမည်ကျော်ပုဂ္ဂိုလ်များရဲ့ အတင်းအဖျင်းနဲ့ စိတ်ဝင်စားစရာအချက်အလက်များနောက်ပဲ လိုက်ကြည့်နေကြတာ များပါတယ်။ အသိပညာအကျိုးထူးတစ်ခုခု လေ့လာဖို့ အွန်လိုင်းမှာ ပညာရှာနေကြသူ အရည်အတွက်ဟာ ကျွန်တော်တို့ ထင်ထားတာထက်ကို နည်းနေပါတယ်။ အင်တာနက်နဲ့ လူမှုကွန်ယက်မှာ အရေးမပါတဲ့ ပေါက်တက်ကရတွေနောက် လိုက်နေခြင်းဟာ အလုပ်နဲ့ ပြင်ပလူမှုဆက်ဆံရေးမှာပါ ထိခိုက်လာစေနိုင်ပါတယ်။ ကိုယ်ကိုင်နေတဲ့ဖုန်းသည်သာ ကိုယ့်ပတ်ဝန်းကျင်ဖြစ်လာပြီး ကိုယ့်ရဲ့ Facebook ၊ Twitter ပေါ်မှာပဲ တစ်နေကုန် ဝင်ကြည့်နေတတ်ပါတယ်။
(၅) ဈေးဝယ်မှု စွဲလမ်းခြင်း
play

ရှော့ပင်းထွက်ရတာ စွဲလမ်းတာကို ပြဿနာလို့ ခေါင်းစဉ်တပ်လိုက်တာ မဟုတ်ပေမယ့် အွန်လိုင်းကနေ ရှော့ပင်းပြီး ရှော့ပင်းဖြစ်နေတာကတော့ ပြဿနာ ဖြစ်ပါတယ်။ ဒီစွဲလမ်းစိတ်ကြောင့် ကိုယ့်လက်ထဲမှာ ငွေအလုံအလောက်မရှိပါဘဲနဲ့ ရှော့ပင်းဆိုက်များမှာ တက်မွှေရင်း နောက်ဆုံး ဘာမှလည်း မဝယ်ဖြစ်ဘဲ အချိန်ကုန်သွားတတ်ပါတယ်။ Amazon တို့ eBay တို့ လိုနေရာမျိုးမှာ ရောက်လာတဲ့ လူတော်တော်များများမှာ ဒီပြဿနာ ရှိနေတတ်ပါတယ်။
(၆) ဖုန်းစွဲလမ်းခြင်း
play

ဒီနေ့ ခေတ်နည်းပညာစွဲလမ်းမှုရဲ့ အနီးဆုံးအကြောင်းရင်းလို့ ပြောရမှာကတော့ စမတ်ဖုန်းများကို စွဲလမ်းလာခြင်းပဲ ဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးဟာ သာမန်ကွန်ပျူတာတစ်လုံးလောက်နီးနီး လုပ်ဆောင်ချက်များ စုံလင်လာတာနဲ့ အမျှ ဖုန်းပေါ်မှာ ဘဝရဲ့ အရေးပါဆုံးအရာများကို မသိလိုက်ဘာသာ ဖြုန်းတီးလာကြပါတယ်။ အလုပ်ခွင်နဲ့ လူမှုဘဝတိုးတက်ရာတိုးတက်ကြောင်း ရှာဖို့ ထက် စမတ်ဖုန်းများကိုပဲ ကိုယ့်အတ္တကို တင်ပြဖို့ သုံးလာတွေ့ ရပါတယ်။ တကယ်တမ်း လူတွေနဲ့ စကားပြောဆက်သွယ်ဖို့ ထက် အိမ်ထဲမှာပဲ ညနက်သန်းခေါင်အထိ စမတ်ဖုန်းပွတ်ရင်း အိပ်ယာဝင်တဲ့ လူငယ်တွေများလာတာကြောင့် အနာဂါတ်မှာ ဖန်တီးနိုင်စွမ်း နဲ့ လူသားပရဟိတအကျိုးဖော်ဆောင်နိုင်စွမ်းများ လျော့ပါးပျောက်ကွယ်သွားမှာကို စိုးရိမ်နေရပါတယ်။
နည်းပညာဟာ လူသားတို့ ရဲ့ မိတ်ဆွေ ဖြစ်သလို လူသားတို့ ၏အသုံးချမှုပေါ်မူတည်ပြီး ရန်သူလည်း ဖြစ်သွားနိုင်ပါတယ်။ နည်းပညာကြောင့် လူသားကမ္ဘာ နေပျော်သာယာလာသလို နည်းပညာကို တလွဲသုံးချကြရင်း လူသားဘဝခြောက်ခမ်းလာခြင်းဟာ ဝမ်းနည်းစရာ ဖြစ်နေပါတယ်။ ယခုပြောခဲ့တဲ့ စွဲလမ်းမှုများကို မိမိတို့ ရဲ့အသိဥာဏ်ရေချိန်အလိုက် ချင့်ချိန်ပြီး ရှာင်ရှားသွားမယ်ဆိုရင် နည်းပညာနဲ့ တကယ့်လူနေမှုဘဝ သဟဇာတဖြစ်ပြီး အကျိုးမဲ့သည့် နည်းပညာစွဲလမ်းမှုများရဲ့ ဆိုးကျိုးကို ကာကွယ်ဟန့် တားနိုင်သွားမှာ ဖြစ်ပါတယ်။
Source: LifeHack
Credit: duwun.com.mm