အွန်လိုင်းကနေအခမဲ့သင်ယူနိုင်မယ့် ပညာရေးဝက်ဘ်ဆိုက်

ရန်ကုန်၊ ဇန်န၀ါရီ ၂၈ –   အွန်လိုင်းကနေ မိမိသင်ယူလိုတဲ့ သင်ခန်းစာ၊ဘာသာရပ်တွေကို မြန်မာဘာသာနဲ့အခမဲ့သင်ယူကြည့်ရှုနိုင်မယ့် ပညာရေးဝက်ဆိုက် ကိုဖော်ပြလိုက်ပါတယ်။
နည်းပညာနဲ့ဆိုင်တဲ့programming သင်တန်းတွေ ၊ အောတိုကတ်၊photoshop၊ဒီဇိုင်းသင်တန်းတွေ ၊web builder၊ အချက်အပြုတ်နဲ့ မုန့်ဖုတ်သင်တန်းတွေ ၊ အတီးအမှုတ် ၊ အနုပညာနဲ့ ၊ ပန်းချီ ပုံဆွဲသင်တန်းတွေ ၊ ဓါတ်ပုံပညာသင်တန်းတွေ အစရှိတဲ့ သင်တန်းတွေ နဲ့ workshop တွေ ၊ event တွေကိုပါအခမဲ့စာရင်းတင်သွင်းလို့ရပါတယ်။
ပြည်ပက သင်တန်းကျောင်းမှာ တက်ရောက်သင်ကြားဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း BurmeseHearts က ဝန်ဆောင်မှုပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။
ဒါ့အပြင်မိမိအနေနဲ့ သင်ကြားလိုသူဖြစ်မယ်ဆိုရင်လည်း သည်ဝက်ဆိုက်ကနေစာရင်းပေးပြီး သင်ကြားပို့ချနိုင်မှာဖြစ်ပါတယ်။
သည် Burmesehearts.com ဝက်ဘ်ဆိုဒ်ဟာ လက်ရှိမှာ သင်ခန်းစာပေါင်း ၉၀၀ ကျော်ကို သင်ယူနေတဲ့ သင်ယူသူပေါင်း ၂၈၀၀၀ ကျော်ကို ပညာပေးနေတဲ့ အွန်လိုင်းပညာရေးဝက်ဘ်ဆိုဒ်တစ်ခုဖြစ်ကြောင်းသိရပါတယ်။
ကိုယ်တိုင်က ကျောင်းသား / ကျောင်းသူဆိုရင်တော့ အခပေးသင်တန်းများခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင်အောက်မှာ မိမိသင်ယူလိုတဲ့ သင်ခန်းစာ၊သင်တန်းတွေကို ရှာဖွေကြည့်ရှုသင်ယူနိုင်မှာဖြစ်ပါတယ်။
သင်ခန်းစာရဲ့ ၉၉ရာခိုင်နှုန်းဟာ အခမဲ့သင်ခန်းစာတွေဖြစ်လို့ ကြိုးစားသင်ယူချင်သူတွေအနေနဲ့ ငွေကြေးမရှိလို့ ဖြစ်စေ အချိန်မကိုက်လို့ ဖြစ်စေသင်ယူခွင့်မရတာမျိုး မဖြစ်ရအောင် မိမိအဆင်ပြေတဲ့အချိန်တိုင်းမှာ အခမဲ့သင်ယူခွင့်ရှိအောင် စီစဉ်ပေးထားတာဖြစ်ကြောင်းဝက်ဘ်ဆိုက်တည်ထောင်သူကဆိုပါတယ်။
နောက်ပြီးမိမိသင်တန်းကျောင်းတွေကို BurmeseHearts မှာ တင်သွင်းလိုတဲ့ သင်တန်းကျောင်းအုပ်ချုပ်သူတွေအနေနဲ့ အခမဲ့ စာရင်းတင်သွင်းလို့ရပါတယ်။
ဒီသင်တန်းကျောင်းမှာ BurmeseHearts ဝက်ဘ်ဆိုဒ်ကတဆင့် ဆက်သွယ်တက်ရောက်တဲ့ သင်တန်းသားတွေကိုသာ ဝန်ဆောင်ခ ကော်မရှင်ရာခိုင်နှုန်း သတ်မှတ်ယူသွားမှာဖြစ်တဲ့အတွက် သင်တန်းကျောင်းတွေအနေနဲ့ ဘာငွေမှကြိုတင်ပေးဆောင်ထားရတာမျိုး မရှိပါဘူး။
သင်ကြားပြသသူအဖြစ် စာရင်းဝင်မယ်ဆိုရင် ၀က်ဘ်ဆိုက်ရဲ့မူလစာမျက်နှာလိုင်းမှာရှိတဲ့ ‘အခပေးသင်တန်းများ’ဆိုတဲ့ခေါင်းစဉ်ပေါ်နှိပ်ပါ။ ပြီးရင် သင်ကြားပြသသူလေးက ကလစ်နှိပ်ရန်ကိုနှိပ်ပြီးစာရင်းသွင်းနိုင်ပါတယ်။
မိမိကဆရာတစ်ဦးဖြစ်ရင် အပိုဝင်ငွေကြောင့် ဖြစ်စေ၊အခမဲ့သင်ပေးလိုတဲ့စိတ်ဆန္ဒဖြစ်စေ သည်ဝက်ဘ်ဆိုက်မှာ အီးမေးလ်နဲ့အကောင့်ဖွင့်ပြီးစာရင်းပေးသင်ကြားနိုင်ပါတယ်။
မိမိအချိန်မပေးနိုင်တာကြောင့် အွန်လိုင်းကနေသင်ယူမယ်ဆိုရင်လည်း မိမိသင်ယူချင်တဲ့ဘာသာရပ်၊သင်ခန်းစာနဲ့သက်ဆိုင်တဲ့ သင်တန်းတွေကိုလည်း အခကြေးငွေနဲ့ဖြစ်စေ အဲ့သည်ဝက်ဆိုက်မှာစာရင်းပေးသွင်းပြီး တက်နိုင်ပါတယ်။
Author  မေဘယ်လ်
Credit: kumudranews.com