ရေစိုသွားတဲ့ ဖုန်းတစ်လုံးကို ခြောက်သွေ့သွားစေဖို့ ဆန် အသုံးပြုခြင်းထက် ကောင်းမွန် တဲ့ နည်းလမ်း



သင့်မှာ ဖုန်းတစ်လုံးရှိပါလိမ့်မယ်။ ပြီးတော့ ကြောင်တစ်ကောင်လည်း ရှိမယ်ဆိုရင်တော့ သင့်အတွက် သတင်းကောင်းတစ်ခု ရှိနေပါတယ်။ များသောအားဖြင့် သင်ဟာ အိမ်သာတတ်ရင်း အင်တာနက်သုံးမိရာကနေ ဖုန်းကို အိမ်သာခွက်ထဲ အမှတ်မထင် လွတ်ကျသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်ရင် သင်လုပ်မယ့် နည်းလမ်းက ဖုန်းကိုဆယ်ပြီး ဆန်အိုးထဲ ထည့်ထားလိုက်ခြင်းဖြင့် ရေစိုသွားတဲ့ ဖုန်း အစိတ်အပိုင်းတွေ ခြောက်သွေ့ သွားအောင် လုပ်ဖြစ်မှာပါ။

အဲဒီနည်းလမ်းကို သင်ဘယ်လို သိခဲ့တာလည်း မသိပေမယ့် ပိုကောင်းတဲ့ နည်းလမ်းတစ်ခုကို ပြောပြပါမယ်။

အဲဒါကတော့ ကြောင်တွေကို သန့်ရှင်းရေးလုပ်ဖို့ ၊ ကြောင်တစ်ကောင်ရဲ့  အညစ်အကြေးတွေကို ရှင်းလင်းဖို့ အသုံးပြုတဲ့ Cat Litter ပဲ ဖြစ်ပါတယ်။ အဲဒီ Cat Litter ဟာ ဆန်စေ့ တွေထက် စိုစွတ်မှုကို ဖယ်ရှားရာမှာ ပိုမို ကောင်းမွန်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် သင့်ဖုန်း ရေထဲကျသွားခဲ့ရင်တော့ ကြောင်အညစ်အကြေးတွေကို ဖယ်ပြီး Litter ဘူးထဲမှာ ခဏလောက် ထည့်ထားလိုက်ပါ။ တတ်နိုင်သလောက် အချိန်ကြာကြာထားပါ။ အများဆုံး ၂ ရက် လောက် ထားလိုက်ရင် သင့်ဖုန်းအတွင်းက စိုစွတ်မှု အားလုံးဟာ ရာနှုန်းပြည့် ပျောက်ကွယ်သွားပါလိမ့်မယ်။

Ref:elitedaily
Credit: trend.com.mm