သေရမှာ ကြောက်သူတွေအတွက် အစမ်းသေကြည့်လို့ရမယ့်စက်ကို သိပ္ပံပညာရှင်များစမ်းသပ်

သေရမှာ ကြောက်သူတွေအတွက် အစမ်းသေကြည့်လို့ရမယ့်စက်ကို သိပ္ပံပညာရှင်များစမ်းသပ်

သေရမှာကို ပုထုဇဉ်လူသားတိုင်း ကြောက်ကြပါတယ်။ ဗုဒ္ဓဘာသာအလိုအရတော့ သောတာပန်မဖြစ်သေးတဲ့သူတိုင်း သူတို့ရဲ့ စိတ်အနုအရင့်ပေါ်မူတည်ပြီး ကြောက်ရွံ့ကြမှာ အမှန်ပါဘဲ။ ကွာခြားချက်အရတော့ ၀ိပဿနာအားကောင်းလွန်းပြီး တည်ငြိမ်တဲ့ သမာဓိကို ပိုင်ဆိုင်ထားသူတွေ၊ ကိုယ်ရဲ့ ကုသိုလ်တရားကို စိတ်ချလက်ချ ယုံကြည်သူတွေ၊ သီလမြဲတွေက
တော့ သာမန်လူတွေလောက် သေမင်းနဲ့တွေ့တဲ့အခါ စိုးရိမ်ပူပန်မှု နည်းပါလိမ့်မယ်။


 
အခုလည်း သေဆုံးရမှာကို ကြောက်ရွံ့သူတွေအတွက် တကယ့်လူသေအတိုင်း ခံစားလို့ရမယ့်စက်ကို သိပ္ပံပညာရှင်တွေက စမ်းသပ်နိုင်ခဲ့ပါတယ်။ ဒါဟာ သေရမှာကြောက်ရွံ့နေသူတွေအတွက်တော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကောင်းမွန်သပ်
့ရပ်တဲ့ ကုထုံးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

သိပ္ပံပညာရှင်တွေ ဖန်တီးထားတဲ့ စက်ဟာ ခန္ဓာကိုယ်ကနေ ၀ိဉာဉ်ထွက်ခွာသွားမှုကို သိသာအောင် ဖုံဖော်ပေးမယ့်စက်
ဖြစ်ပြီး၊ ဦးခေါင်းမှာ တပ်ဆင်အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစမ်းသဘောသေကြည့်သူဟာ မိမိခန္ဓကိုယ်ရဲ့ ၀ိဉာဉ်ထွက်ခွာကို သေသူနဲ့မခြား ခံစားရမှာဖြစ်ပြီး၊ တကယ့် လက်တွေ့ဘ၀မှာ သေခြင်းကို ကြောက်ရွံ့မှုမှ ကင်းစေမယ်လို့ဆိုပါတယ်။




University of Barcelona မှ သိပ္ပံပညာရှင်တွေက ဒီစက်ကို ဖန်တီးခဲ့တာဖြစ်ပြီး လူ 32 ယောက်ကို ကနဦးစမ်းသပ်ခဲ့ပါ
တယ်။ ရလာဒ်ကတော့ အားလုံး စိတ်ကျေနပ်နေကြတယ်လို့ ဆိုပါတယ်။ စမ်းသပ်သူတွေဟာ တုန်ခါမှုနည်းပညာနဲ့ အတုဖန်တီးပေးထားတဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို ခံစားရပြီး ၀ိဉာဉ်က အပြင်ထွက်ကာ ခန္ဓာကိုယ်ကို ကြည့်နေတဲ့အတိုင်း မြင်ယောင်စေတယ်လို့ ဆိုပါတယ်။


စက်ထဲမှာ ပြထားတဲ့ မြင်ကွင်းအရ အစမ်းသေကြည့်သူဟာ ပထမဆုံး မိမိခန္ဓာကိုယ် လှုပ်ရှားမှုတွေကို စတင်စမ်းသပ်နိုင်
ပြီး၊ နည်းပညာနဲ့ ဖန်တီးထားတဲ့ အပြာရောင်ဘောလုံးအတုတွေကို ပုတ်ခြင်းကန်ခြင်းကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီက
နေမှတစ်ဆင့် စမ်းသပ်ခံရသူဟာ ခန္ဓာကိုယ်အပြင်ဘက်ကို ရောက်သွားပြီး၊ မိမိရဲ့ကျန်ရှိနေတဲ့ ခန္ဓာကိုယ် (ပုံရိပ်ယောင်
ကို) ပြန်မြင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ သေဆုံးသွားသူတွေ တကယ်ခံစားရတဲ့ သဘောလက္ခဏာနဲ့ တူညီတယ်လို့ ဆိုပါ
တယ်။

လင်းဇော်ကို (Shwemom)
source : thesun.co.uk
Ref: shwemom.com



Contact Us

Name

Email *

Message *

Back To Top